Chapter 29 - မင်းကို ပိုချစ်တယ်။

3.8K 314 53
                                        

"မင်း ကားမမောင်းဘူးလား?"

ဝမ်ရိပေါ်က တိတ်ဆိတ်နေတယ်။ တယ်လီဖုန်းတိုင်လို၊ ကျောက်တိုင်လိုပဲ။ ရှောင်းကျန့်သွားခိုင်းတဲ့ လိပ်စာဟာ ချန်းမင်တည်းခိုနေတဲ့ ဟိုတယ်ဖြစ်တယ်။ သူတို့နှစ်ယောက် ထပ်တွေ့ဖို့ ချိန်းဆိုထားတာဆိုတော့ သေချာပေါက် အိပ်ရာအတူ ဝင်ဖြစ်မှာပဲ။

"မင်း နားမထောင်ဘူးလား။ ဟုတ်လား? ကောင်းပြီ ငါ တခြားလူခေါ်မယ်"

ရှောင်းကျန့်ဟာ သူ့ဖုန်းကို ထုတ်လိုက်ပြီး နံပါတ်တခုကို ခေါ်လိုက်တယ်။ ဝမ်ရိပေါ်က လုယူပြီး ဖုန်းချပစ်တယ်။ အဲ့ဒီ့နောက် ဖုန်းကို တင်းတင်းဆုပ်ကိုင်ထားတယ်။

"မင်းက အားကိုးရှိနေတာလား ဟုတ်လား? ငါ မင်းကို ထိန်းချုပ်လို့ မရတော့ဘူးပေါ့လေ ဟုတ်လား?"

ရှောင်းကျန့် အရမ်းစိတ်တိုနေတာမို့ ဝမ်ရိပေါ်ကို ခပ်ကြမ်းကြမ်း တွန်းလိုက်တယ်။ သူ စိတ်ဆိုးလွန်းတာများ ခြေထောက်နဲ့ကန်ဖို့ ခြေထောက်ကို မြှောက်လိုက်တဲ့ခဏ ရုတ်တရက် အရမ်းကို ဝမ်းနည်းနေတဲ့ မျက်လုံးတစုံကို မြင်လိုက်ရတယ်။ သူ စဉ်းစားကြည့်တယ်။ သူတို့နှစ်ယောက် "လမ်းခွဲ"ခဲ့တဲ့ညတုန်းက ဒီကောင်လေးဟာ သူ့ရှေ့မှာ ဒူးထောက်လို့ သူ့ဒူးကို ဖက်ထားရင်း ရှိုက်ကြီးတငင် ငိုခဲ့တယ်။

သူ ဝမ်ရိပေါ်ကို အဲ့လိုပုံစံမျိုး ဘယ်တုန်းကမှ မမြင်ဖူးခဲ့ဘူး။ ဝမ်ရိပေါ်ဟာ ဆင်းရဲပေမဲ့ သန်မာတဲ့လူ၊ ရည်မှန်းချက်ကြီးတဲ့လူ၊ သွေးထွက်ရင်တောင် မျက်ရည်မကျတဲ့လူဖြစ်တယ်။ အဲ့နေ့တုန်းက ငိုခဲ့တာများ သူ့ရဲ့ ညအိတ်ဝတ်ရုံကိုပါ စိုရွှဲသွားခဲ့စေတဲ့အထိ။ သူ့နှုတ်ကနေ "ရှောင်းကျန့်၊ ရှောင်းကျန့်"ဆိုတဲ့နာမည်ကို တတွတ်တွတ်ခေါ်နေခဲ့တာများ သူ့ခေါင်းတွေ ပေါက်ကွဲထွက်စေနိုင်တဲ့ ခေါင်းကိုက်မှုတွေဖြစ်တဲ့အထိ။

လက်စသတ်တော့ တစုံတယောက်ကို နှစ်သက်မိတဲ့အခါ ကိုယ့်ရဲ့မာနတွေ၊ ကိုယ့်ရဲ့ယုံကြည်မှုတွေနဲ့ အကာအရံမှန်သမျှဟာ အကုန်ပြိုလဲပျက်စီးသွားနိုင်တာပဲ။ ဝမ်ရိပေါ်မှာ ဘာများရှိလို့လဲ? အဲ့ကောင်လေးမှာ ဆင်းရဲလွန်းလို့ သူ့ကို ပေးစရာဆိုလို့ နှလုံးသားတခုပဲရှိတယ်။ ဒါပေမဲ့ သူက မလိုချင်ဘူး။

Cold Fire ||Completed||Where stories live. Discover now