Chapter 12 - ပြိုလဲခြင်း

3.9K 315 48
                                    

သူတို့နှစ်ယောက် လာတုန်းက လက်ထဲမှာ သေတ္တာဘောက်စ်လေးတခု ကိုင်လာခဲ့တယ်။ အခုပြန်လာတဲ့အခါ လက်ထဲမှာ Hand Cream တဘူးပဲ ကျန်တော့တယ်။ ရှောင်းကျန့်ဟာ ခရင်မ်ဘူးကို သေချာတင်းတင်း ဆုပ်ကိုင်ထားပြီး တချောက်ချောက် သွားနေတဲ့ စက်ဘီးထိုင်ခုံနောက်မှာ အူလည်လည်လေး ထိုင်နေတယ်။

တိတ်ဆိတ်တဲ့ဆောင်းဦးလေပြည်လေး၊ စက်ဘီးခြေနင်းတံကို အားကြိုးမာန်တက် နင်းနေတဲ့ သူ့ချစ်သူ။ ဝမ်ရိပေါ်က စက်ဘီးခြေနင်းတံပေါ် အားထည့်လို့ အားမရနိုင်တဲ့အခါ သူ့တင်ပါးက စက်ဘီးခုံကနေ မြောက်သွားပြီး သူ့လည်ချောင်းကနေ ခပ်တိုးတိုး မာန်ဖီသံထွက်လာတယ်။ ဟွန်းသံလိုမျိုးပဲ။

ဝမ်ရိပေါ်က အားကြိုးမာန်တက် နင်းနေပေမဲ့ သူ့ပုံစံက မမှုသလိုမျိုး အေးအေးဆေးဆေး ရှိနေတယ်။ ရှောင်းကျန့်နှုတ်ကနေ ခပ်တိုးတိုး ရယ်သံထွက်သွားတယ်။ ဝမ်ရိပေါ်က ကြားသွားပြီး နောက်လှည့်လို့ သူ့ကို တချက်ကြည့်တယ်။ လမ်းမီးတွေ မှောင်မဲနေတာမို့ တယောက်နဲ့တယောက် သေချာမမြင်ရဘူး။ ဒါပေမဲ့ တဖက်လူရဲ့ တောက်ပနေတဲ့ မျက်ဝန်းတစုံကိုတော့ သူ သေချာသတိထားမိလိုက်တယ်။

"ဘာတွေရယ်နေတာလဲ?"

ဝမ်ရိပေါ်က မောဟိုက်သံနဲ့ မေးတယ်။

ဒီတခါကတော့ ရှောင်းကျန့် ပြန်မဖြေတဲ့အလှည့်ပါပဲ။ သူ့မှာ ထူးထူးဆန်းဆန်း အတွေးလေးတွေ ရှိနေတယ်။ ဒီနေ့ တိတ်ခွေဆိုင်ကနေ သီချင်းဟောင်းတပုဒ်ကို သူ ကြားလာခဲ့ရတယ်။ သူ့ကို နားမထောင်စေချင်ခဲ့တဲ့ သီချင်းပါပဲ။ ဒါပေမဲ့ အခုပြန်တွေးကြည့်တဲ့အခါ ရိုးရှင်းတဲ့သဘောလေးတွေ ဆောင်မှန်း သိရတယ်။

~ညီမလေးရေ ခေါင်းငုံ့လိုက်ပါ

ကိုကိုက ကမ်းခြေမှာ လမ်းလျှောက်ရင်း

ကြင်နာမှုတွေ၊ မြတ်နိုးမှုတွေ။ ကြိုးတံတားလေးက ရှည်လွန်းတယ်~

စက်ဘီးလေးကို သော့ခတ်ပြီးတဲ့အခါ ဝမ်ရိပေါ်က သစ်သားဘုတ်ပြားအကြီးကြီးနောက် စက်ဘီးကို ထိုးထည့်လိုက်တယ်။ ရှောင်းကျန့်က အနောက်မှာ သူ့ဘောင်းဘီကို ပုတ်ခါရင်း မတ်တပ်လေး ရပ်နေတယ်။ စက်ဘီးနောက်ခုံမှာ ထိုင်ခဲ့ရတဲ့အခါ လမ်းမညီညာမှုကြောင့် သူ့တင်ပါးတွေ နာနေတယ်။ ရုတ်တရက် သူ့ခန္ဓာကိုယ်က မြောက်သွားသလိုပဲ။ ဝမ်ရိပေါ်က သူ့လက်ကို ညင်ညင်သာသာဆွဲယူလို့ ဆန်အိတ်တအိတ်လို ချီပွေ့လိုက်တာ ဖြစ်တယ်။

Cold Fire ||Completed||Where stories live. Discover now