မရေမတွက်နိုင်တဲ့ ရေပူဖောင်းတွေဟာ သူ့ပါးစပ်နဲ့ သူ့နှာခေါင်းရဲ့ ရှိုက်ယူမှုအောက် သူ့ရဲ့ လည်ချောင်းနဲ့ လေပြွန်တွေထဲကို အလုံးအရင်းနဲ့ ဝင်လာတယ်။
လူတယောက်အနေနဲ့၊ သူ့မှာ သူကိုယ်တိုင်အပေါ် ရက်စက်ရမှုတွေရှိတယ်။ အသက်ရှင်လိုတဲ့အခါ ရက်စက်ရတဲ့ရက်စက်မှုနဲ့ အသက်သေလိုတဲ့အခါ ရက်စက်ရတဲ့ရက်စက်မှု။ ဒီလိုလုပ်ရပ်ကို လုပ်တဲ့အချိန်မှာ သူ ကြောက်မိတယ်။ သူဟာ "အချစ်အတွက်စတေးခြင်း" လုပ်နေမှန်း သူ့ကိုယ်သူ သတိမပြုမိဘူး။ ဒါပေမဲ့ ရေခိုးရေငွေ့တွေဟာ သူ့ဦးဏှောက်ထဲ ပိတ်ဆို့သွားပြီး အရောင်စုံတဲ့ ပုံရိပ်လေး ဖြစ်သွားတယ်။ သူ တကယ် သေချင်တယ်။
"မင်းရဲ့မွေးနေ့ကို ကျင်းပပေးချင်လို့"
ညင်သာသိမ်မွေ့တဲ့ ကွိုင်းကွိုင်း။
"ငါက မင်း ကျောက်တုံးတွေသယ်၊ အမှိုက်တွေကောက်ပြီး အဝတ်စုတ်စုတ်ပြတ်ပြတ်နဲ့ ချောနေလည်း ချစ်နေတာပဲဟာ။ ဟန်ဆောင်နေတာ မဟုတ်ဘူး။ မင်း လူဆိုးဖြစ်နေလည်း ငါက မှတ်မိနေဦးမှာပဲ! ငါက မင်းနဲ့ ဒီအတိုင်း အတူအိပ်ချင်ရုံပဲဟာ မရဘူးလား!"
ရဲရင့်တဲ့ ကွိုင်းကွိုင်း။
"ငါ မင်းကို အရမ်းသဘောကျတာမို့ မင်း ငါ့ကို တာဝန်ယူရမယ်နော်"
ရှက်တတ်တဲ့ ကွိုင်းကွိုင်း။
"ဝမ်ရိပေါ် မင်း လုပ်ရဲလား!"
သူရှိရာဆီ အပြုံးလေးနဲ့ ပြေးလာပြီး လူတကိုယ်လုံး သူ့ရင်ခွင်ထဲ ပစ်သွင်းလိုက်တဲ့ ကွိုင်းကွိုင်း။ နွေးထွေးပြီး လှပတယ်။ တလောကလုံးမှာ သူတယောက်တည်း သူ့မျက်လုံးထဲမှာ ရှိခဲ့တယ်။
"ငါ ဒီမှာပဲ အမြဲရှိနေမှာ။ ငါ ဘယ်ကိုမှ မသွားဘူး"
"ငါ ထွက်မသွားဘူး"
ကွိုင်းကွိုင်းရဲ့ မှတ်ဉာဏ်အပိုင်းအစလေးတွေဟာ ရေစက်တွေကြားထဲ တခုပြီးတခု ပေါ်လာပြီး ခပ်ကြမ်းကြမ်း စီးဝင်လာတဲ့ရေတွေနဲ့ တသားတည်းပေါင်းစည်းလို့ သူ့လည်ချောင်းထဲ၊ သူ့အဆုတ်ထဲ အရှိန်အဟုန်နဲ့ ဝင်လာတယ်။ သူ ထွက်ပြေးခဲ့ပေမဲ့ ရှောင်းကျန့်နဲ့ ချစ်ကျွမ်းဝင်ခဲ့တယ်ဆိုတာကို သူ ဝန်ခံတယ်။ သူဟာ ရှောင်းကျန့်ကို အမြဲတမ်း ချစ်ခဲ့တယ်။ ဒါပေမဲ့ ရှောင်းကျန့်က သူ့ကို ညီလေးတယောက်လိုပဲ ချစ်ခဲ့တယ်။ ကွိုင်းကွိုင်းတယောက်တည်းကသာ သူ့ကို လိုအပ်ခဲ့တာ၊ ဒီလို အစွမ်းထက်တဲ့ရှောင်းကျန့်က သူ့ကို မလိုအပ်ဘူး။
YOU ARE READING
Cold Fire ||Completed||
Fanfiction"ဝမ်ရိပေါ် မင်း လုပ်ရဲလား?" "ငါ လုပ်ရဲတယ်" UNICODE ONLY
