Chapter 6 - အသွားတုံးနေတဲ့ ဘလိတ်ဓါး

3.4K 345 39
                                    

ရှောင်းကောတယောက် အချစ်မှာ ပျော်ဝင်နေတာပဲဖြစ်ရမယ်။ အားချင်းက မေးထောက်လိုက်ပြီး သူ့ရှေ့မှာ ထိုင်နေတဲ့ ရှောင်းကျန့်ကို ၁၀ ကြိမ်မြောက် ကြည့်လိုက်တယ်။ ရှောင်းကျန့်ရဲ့ မျက်နှာအမူအရာဟာ နေပူပူအောက်မှာ ပုံစံမျိုးစုံပြောင်းနေတယ်။

တခါတလေမှာ မျက်လုံးမှိတ်လို့ ပြုံးတယ်။ တခါတလေမှာ တွေတွေငေးငေးလေးဖြစ်သွားတယ်။ ပြီးတာနဲ့ သက်ပြင်းချလိုက်တဲ့သူ့ပုံက အနည်းငယ် ဝမ်းနည်းနေသလိုလို။

"လိမ္မော်သီးထဲမှာ ဆေးခတ်ထားလို့များ ရှောင်းကောက ငတုံးဖြစ်သွားတာလား?"

အားချင်းရဲ့စကားတွေက ရက်ရက်စက်စက်ပဲ။

ရှောင်းကျန့်မှာ မနေ့ညက ဘာတွေဖြစ်ခဲ့တယ်ဆိုတာ အားချင်းကို ပြောပြဖို့ ရှက်နေတယ်။ တကယ်တော့ ဘာမှမဖြစ်ခဲ့ပါဘူး။ သူတို့နှစ်ယောက် ထမင်းအတူစားတယ်။ လိမ္မော်သီးစားတယ်။ ပြီးတော့ အဝတ်စုတ်တွေကို အတူတူချုပ်တယ်။ တခြားဘာပြောစရာရှိလို့လဲ?

အားချင်းက ထပ်မေးတယ်။

"ကောက ဘယ်ကိုမှ ထွက်မသွားပါဘူးလို့ ပြောခဲ့တယ်ဆိုတော့ ဘာတွေကို စိုးရိမ်နေလို့လဲ? အဲ့စကားကြားတော့ သူက ဘာထပ်ပြောသေးလဲ?"

ရှောင်းကျန့်ဟာ ခေါင်းကိုငုံ့လို့ ပုစွန်ကွေးလေးပမာ ကွေးကွေးလေး လုပ်လိုက်တယ်။

"မပြောဘူး။ နောက်ကျနေပြီ အိပ်တော့တဲ့"

အားချင်းက လက်မလျှော့သေးဘူး။

"လိမ်တာပဲ။ သူ ကောကို ဖက်ချင်တာမျိုး မဖြစ်ဘူးလား။ ကျမတောင် အဲ့စကားကြားပြီး ကောကို ဖက်ထားချင်သွားတယ်"

အားချင်းက တခြမ်းစောင်းပြုံးရင်း ရှောင်းကျန့်အနားကို ကပ်လာတယ်။ တွေဝေနေတဲ့ကောင်လေးက လက်ကိုခါရင်း ပြန်ပြောတယ်။

"တော်စမ်းပါ။ ငါက ဝမ်းနည်းနေတာကို"

ဝမ်ကောတယောက် ဘာတွေ တွေးနေတယ်ဆိုတာကို အားချင်းမှာ တကယ်နားမလည်နိုင်ဘူး။ ဒီလူကို အိမ်ခန်းလေးထဲမှာ ဝှက်ထားတယ်။ ဟိုးအရင်ခေတ်တွေတုန်းက မိန်းမငယ်ငယ်လေးကို ဝှက်ထားသလိုမျိုး။ သူ့ရဲ့ ခန့်မှန်းလို့မရနိုင်တဲ့ ပိုင်ဆိုင်လိုစိတ်ကြီးမားမှုကလွဲရင် ကျန်တာကို မှန်းကြည့်လို့ရတယ်။ ဒီလို ဆင်ခြေဖုံးရပ်ကွက်လေးတွေထဲမှာ လူချမ်းသာတွေ လုံးဝမရှိဘူး။ သဘာဝကိုက ချမ်းသာသူနဲ့ ဆင်းရဲသူကြား ကွာဟပေးထားသလိုပဲ။ ဒါပေမဲ့ လုံခြုံတယ်။

Cold Fire ||Completed||Where stories live. Discover now