သံချေးတက်နေတဲ့ သော့ပေါက်ထဲကို သော့ထိုးထည့်လိုက်တယ်။ သော့တံကို လှည့်လိုက်ပြီးတဲ့နောက် ဝမ်ရိပေါ် ခဏလောက် တွေဝေစွာ ရပ်နေမိတယ်။
အတိုက်အခံ တခုလိုမျိုး ခံစားလိုက်ရတယ်။ အထဲကနေ တံခါးဖွင့်လာပေးတယ်။ အချိန်က လုံးဝ မှောင်ကျသွားသေးတာ မဟုတ်ဘူး။ မကြာခင် မှောင်တော့မယ့်အခုချိန်မှာ ဒီအိမ်ဟာ ဝင်လုဆဲဆဲ နေမင်းကြီးရဲ့ အနီရောင်ရဲရဲတွေအောက် နစ်မြုပ်သွားတော့မလိုပဲ။
ရှောင်းကျန့်ရဲ့မျက်နှာပေါ်ကို သူ့အနောက်က ဘယ်ကလာမှန်းမသိတဲ့ အလင်းရောင်တချို့ ကျရောက်နေတယ်။ တစုံသောမျက်ဝန်းတွေဟာ သူ့ကို ထူးဆန်းသလို အကြည့်မျိုး ကြည့်နေတယ်။ ဝမ်ရိပေါ် မှင်တက်သွားတယ်။ သူ့ခြေချောင်းတွေကို စိတ်မလုံစွာ ပွတ်တိုက်မိတယ်။ အတိတ်မေ့ပြီးနောက်ပိုင်းကစပြီး ရှောင်းကျန့်က ဒီလိုအမူအရာမျိုး တခါမှ မပြခဲ့ဖူးဘူး။
ဒီလိုလှပပြီး ကြည့်ကောင်းတဲ့မျက်ဝန်းတစုံဟာ မွေးကတည်းကပါလာတဲ့ ဆုလာဘ်တခုဖြစ်တယ်။ ဘယ်လိုစကားလုံးနဲ့မှ ဖော်ပြလို့ မရနိုင်ဘူး။ "ကုဖန်ရှန်ဖေး"ဆိုတဲ့စကားထက်တောင် သာသေးတယ်။ မျက်ဝန်းထဲက စိတ်ဝိဉာဉ်တွေ ပျောက်ဆုံးနေတာ နှမြောစရာကောင်းပေမဲ့ စိတ်ကိုတော့ အေးချမ်းစေတုန်းပါပဲ။
ဒါပေမဲ့ အခုချိန်မှာ အဲ့ဒီ့မျက်ဝန်းတွေဟာ တောင့်တမှုတွေ၊ နာကျင်မှုတွေနဲ့အတူ ရှင်းပြလို့မရတဲ့ခံစားချက်တွေ ပြည့်နေတယ်။
ဘာတွေများ ဖြစ်လို့လဲ? ဝမ်ရိပေါ်ရဲ့ရင်အစုံဟာ နိမ့်ချည်မြင့်ချည် လှုပ်ရှားနေတယ်။ ရှောင်းကျန့်က သူ့ပုံစံကို ကြည့်ပြီး မျက်နှာက နည်းနည်းတင်းသွားတယ်။
သူ့အသံက နည်းနည်းတုန်ယင်နေတယ်။
"မင်း... မင်း ပြန်လာပြီလား? ဘာတွေဖြစ်လို့လဲ?"
အာ... သူ့ပုံစံကိုကြည့်ပြီး စိုးရိမ်နေတာပဲ။ ဝမ်ရိပေါ်ရဲ့ရင်ထဲမှာ ပျော်ရွှင်မှုကြောင့် လှပ်ခနဲခုန်သွားတယ်။ တော်သေးတာပေါ့။ ဒီနေ့ သူ ပြန်လာတာ နည်းနည်းနောက်ကျတယ်။ အပ်နဲ့ အပ်ချည်တွေ ပတ်ဝယ်နေရတဲ့အပြင် စားဖို့သောက်ဖို့နဲ့ အသီးအနှံတွေပါ ဝယ်နေရသေးတယ်။ သူ တယောက်တည်း ဖြစ်နေလို့များလား?
YOU ARE READING
Cold Fire ||Completed||
Fanfiction"ဝမ်ရိပေါ် မင်း လုပ်ရဲလား?" "ငါ လုပ်ရဲတယ်" UNICODE ONLY
