Chapter 18 - အဖော်

3.3K 305 54
                                        

"ရှောင်းလူကြီးမင်း အမေရိကားကို သွားတာ ဘာလို့များ လူကြီးမင်းရဲ့ ဘော်ဒီဂတ်တွေ ခေါ်မသွားတာလဲ? တယောက်တည်း လုပ်နိုင်မယ်ထင်လို့လား? ကျနော် ဘယ်မှလျှောက်မငေးနေပါဘူးလို့ ကတိပေးပါတယ်။ ဒီအတိုင်း လူကြီးမင်းနောက်ကို ငြိမ်ငြိမ်လေး လိုက်ခဲ့မယ်လေ"

လျို့ချန်းက သူပါ အမေရိကားကို လိုက်ချင်နေတာမို့ သတင်းအချက်အလက်တွေအကြောင်း သေချာစစ်ဆေးတယ်။ ပြီးတာနဲ့ ကားတံခါးကို မှီရင်း ထိုင်နေတဲ့ ရှောင်းကျန့်ကို ပြောပြနေတယ်။

"ဒီတခေါက်တော့ ထားလိုက်တော့"

ရှောင်းကျန့်ဟာ သူနဲ့အတူ အမေရိကားကို လိုက်ချင်ပါတယ်ဆိုတဲ့ သူ့ကောင်မလေးကို အခုလေးတင် ငြင်းဆိုထားတာဖြစ်တယ်။

"ဒီတခေါက် ဆွေးနွေးရမှာတွေက အရေးကြီးတယ်။ ဒီမှာ ကျန်ခဲ့တာတွေလည်း ရှိသေးတယ်။ ငါ မင်းဆီပို့လိုက်မယ်။ ငါ့အိမ်အတွက် တပ်ဆင်ရမှာတွေကိုတော့ မပူတော့ဘူး။ ငါ ပရိဘောဂတွေ မှာထားတာရှိတယ်။ မင်း သေချာ ကြည့်ရှုစောင့်ရှောက်ထား"

လျို့ချန်းက မလိုက်ရလို့ စိတ်နည်းနည်းခုချင်ပေမဲ့ သူဌေးရဲ့အိမ်ကို စောင့်ရှောက်ပေးဖို့ အပ်နှံခြင်းခံရတာဟာလည်း ယုံကြည်ခံရခြင်း တမျိုးပဲမလား။ အဲ့တော့ သူ အများကြီး ကျေနပ်သွားတယ်။

ရှောင်းကျန့်ရဲ့ အတွင်းရေးမှူး ကပြာကသီ ရောက်လာတဲ့အချိန်မှာ သူ စဉ်းစားနေတာဖြစ်တယ်။ ရှောင်းကျန့်ဟာ ဒီကားပါကင်ထဲမှာ သူနဲ့အတူ စကားပြောဖို့ ဘယ်လိုများ အချိန်ရှိနေတာလဲ။

"ရှောင်းလူကြီးမင်း ဝမ်ရိပေါ်ရဲ့ဗီဇာ ကျလာပါပြီ"

ရှောင်းကျန့်က ပတ်စပို့ကို အပြုံးလေးနဲ့ ယူလိုက်ပြီး ဖွင့်ကြည့်လို့ ပြုံးလိုက်တယ်။

"ဓါတ်ပုံက ဘာလို့အဲ့လောက် ရုပ်ဆိုးနေရတာလဲ။ သူရော ဘယ်မှာလဲ?"

"လူကြီးမင်းရဲ့ ရုံးခန်းထဲမှာ စောင့်နေပါတယ်။ သူ အခုထိ အမေရိကားကို ဘယ်လိုသွားရမှန်း မသိသေးဘူး။ သူ အူလည်လည်ဖြစ်နေတုန်းပဲ"

အတွင်းရေးမှူးအမျိုးသမီးဟာ အသက် ၃၀ ကျော် ရင့်ကျက်တဲ့အမျိုးသမီးတယောက်ဖြစ်တယ်။ သူမဟာလည်း ရှောင်းကျန့်ရဲ့ ယုံကြည်ခြင်း ခံရသူဖြစ်တယ်။ သူမက ဝမ်ရိပေါ်ကို ကလေးလေးတယောက်လို ချစ်တယ်၊ ဂရုစိုက်ပေးတယ်။ သူမက ဝမ်ရိပေါ်အပေါ် ကောင်းမှန်းသိတဲ့အခါ ဥက္ကဌရှောင်းမှာလည်း ဝမ်းသာရတယ်။ အဲ့တော့ သူ့အနေနဲ့ ပိုပြီးတော့ အာရုံစိုက်လို့ရတယ်။

Cold Fire ||Completed||Where stories live. Discover now