Chapter 30 - အနိုင် အရှုံး

3.2K 302 30
                                        

ဆောက်လုပ်ရေးလုပ်ငန်းတွေကို နှစ်ကူးပြီး ပထမဆုံးရက်မှာ စတင်တယ်။ နန်ကျိုးမှာ နေသာနေပြီး ရာသီဥတုဟာ မပူမအေး အနေတော်ရှိနေတယ်။

ဆန်းဒင်းဂရုရဲ့ရှေ့မှာ ရှောင်းကျန့်ရဲ့ ဒရိုင်ဘာဟာ သတင်းထောက်တယောက်ကို ရိုက်နှက်ခဲ့တယ်။ အဲ့ဒီ့လူကို မြေကြီးပေါ်မှာ ဖိကပ်ထားရင်း ခံစားချက်မဲ့တဲ့စက်ရုပ်တရုပ်လို တနေရာတည်းပေါ် တည်ထိုးနေခဲ့တယ်။

"ခွပ်"

မျက်နှာရွဲ့သွားတယ်။

"ခွပ်"

သွေးတွေထွက်လာတယ်။

"မချနဲ့တော့၊ မချနဲ့တော့!"

အဲ့ဒီ့လူဟာ သူ့မျက်နှာကို ရှောင်တိမ်းရင်း အမေကိုတိုင်သလို ငိုယိုအော်ဟစ်နေတယ်။

"မင်း တရားဥပဒေကို ချိုးဖောက်နေတာ!"

ဘေးမှာ ရှုပ်ပွနေတယ်။ "လူသတ်နေပါတယ်"ဆိုတဲ့ အော်ဟစ်မှုတွေနဲ့အတူ ဝမ်ရိပေါ် အကြမ်းဖျဉ်း စဉ်းစားကြည့်တယ်။ ငါက တရားဥပဒေကို မချိုးဖောက်ဖူးတာမှ မဟုတ်တာ။

ငါ ဒီ့ထက် ပိုဆိုးတာတွေတောင် လုပ်ခဲ့ဖူးတယ်။

ရှောင်းကျန့်ကို ထိခိုက်စေတဲ့လူမှန်သမျှ အကုန်သေရမယ်။

အထိုးခံနေရတဲ့လူရဲ့မျက်နှာမှာ သနားစရာကောင်းအောင် နီရဲနေတာမျိုး မဟုတ်ဘူး။ ပြောရမယ်ဆို ငံပြာရည်ဆိုင် ဖွင့်လိုက်သလိုပဲ။ အနီရောင်၊ အနက်ရောင်၊ အပြာရောင်နဲ့ ခရမ်းရောင်တွေ အကုန်ရောယှက်နေတယ်။ ဘေးမှာ ဝိုင်းနေတဲ့လူတွေဟာ ဓါတ်ပုံရိုက်ဖို့လောက်ပဲ အားသန်နေတာမို့ ဘယ်သူမှ သူတို့နှစ်ယောက်ကို ဝင်မဆွဲရဲဘူး။ တဖြည်းဖြည်းနဲ့ ဓါတ်ပုံမရိုက်ရဲတော့ဘူး။ သူတို့ဟာ အရူးတယောက်နဲ့ သွားတွေ့တာမှန်း သတိထားမိသွားကြတယ်။

ထိတ်လန့်ကြောက်ရွံ့စရာမို့ အားလုံးတိတ်ဆိတ်ကုန်တယ်။

သူတို့အမြင်မှာ လက်သီးထိုးနေတဲ့သူနဲ့ အသားစတွေ၊ သွေးစတွေ လွင့်ပျံထွက်လာတာကို မြင်နေရတယ်။

အထိုးခံရတဲ့သူမှာ သေလုမျောပါး ဖြစ်နေသလို ထိုးနေတဲ့လူဟာ တိတ်ဆိတ်နေတယ်။ အဲ့အချိန်မှာပဲ လက်တဖက်က သူ့လက်ကို လှမ်းဆွဲလိုက်တယ်။

Cold Fire ||Completed||Where stories live. Discover now