Chapter 15 - လွတ်မြောက်လာတဲ့ မြင်းပိန်လေး

3.4K 302 36
                                        

ဒီကောင်လေးရဲ့ ပြဿနာတွေကို ရှောင်းကျန့်က အထင်သေးခဲ့မိပုံပါပဲ။

ဟိုတယ်ရဲ့ရေပန်းက အလုပ်မလုပ်ဘူး။ အဲ့ဒါကို မပြောပြဘူး။ ၁၀ မိနစ်လောက်ကြာတဲ့အထိ ရေချိုးခန်းထဲကနေ ရေကျသံမကြားရဘူး။ ရှောင်းကျန့်ဟာ မျက်နှာမှာ mask ကပ်ထားရင်း ရေချိုးခန်းရှိရာ လျှောက်သွားလိုက်တယ်။ ညစ်ပတ်ပေရေနေတဲ့ ခွေးပေါက်လေးဟာ အဝတ်တွေကို ချွတ်လို့ ကြမ်းပေါ်ပုံထားပြီး အူကြောင်ကြောင်လေး မတ်တပ်ရပ်နေတယ်။

"ဒီဟာက ရေအေး။ ဟိုဘက်က ရေပူ။ နားလည်ပြီလား?"

ဝမ်ရိပေါ်က လှည့်ကြည့်လာတယ်။ mask ကပ်ထားတဲ့ရှောင်းကျန့်ကိုမြင်တဲ့အခါ လန့်သွားပြီး sink ကို ဝင်ဆောင့်မိတယ်။

ရှောင်းကျန့် မျက်ဖြူလန်လိုက်တယ်။ ဒီကောင်လေးရဲ့နံရိုးအပြိုင်းလိုက်က သူ့မျက်စိထဲ ဝင်လာတယ်။ တော်တော်ကြီးကို ပိန်နေတာပဲ။

ရေကျသံကြားရတယ်။ ၁၀ မိနစ်လောက်ကြာတော့ ရပ်သွားတယ်။ နောက်ထပ် ၁၀ မိနစ်ကြာတဲ့အထိ ထွက်မလာသေးဘူး။ ရှောင်းကျန့်မှာ နောက်တခေါက် သွားကြည့်ရပြန်တယ်။

အခု ဘယ်သူက သူဌေးဖြစ်နေတာလဲ? ရှောင်းကျန့်ဟာ သူ့အတွက်အင်္ကျီတွေကို ပစ်ပေးခဲ့ပြီး အပြင်မှာ မတ်တပ်ရပ်ရင်း နောက်ထပ် ဖြစ်လာမယ့်အရှုပ်တွေကို တားဆီးဖို့စောင့်နေတယ်။

ဒီတခေါက်မှာတော့ ဝမ်ရိပေါ်က ကောင်းကောင်းမွန်မွန်ထွက်လာတယ်။ ခပ်ပွပွ sportswear ကို ဝတ်ထားပြီး ပလပ်စတစ် ဖိနပ်ပါးကို စီးထားတယ်။ သူ့ခြေချောင်းလေးတွေက စိတ်လှုပ်ရှားစွာ ကွေးတက်နေတယ်။

"Yo ဝမ်သခင်လေး ရေချိုးပြီးသွားပြီလားခင်ဗျ?"

Mask ဖြုတ်လိုက်တဲ့ရှောင်းကျန့်ဟာ နဂိုပုံစံပြန်ဖြစ်သွားပြီး ဝမ်ရိပေါ်ကို စနောက်တယ်။

ကောင်လေးက ပိန်ပေမဲ့ အရပ် အဲ့လောက်မပုဘူး။ ပြီးတော့ အချိုးအစား ကြည့်ကောင်းတယ်။ ခါးလိုင်းမြင့်ပြီး ခြေထောက်သွယ်တယ်။ လူတယောက်ကို ချီးကျူးတဲ့ ဆိုရိုးစကား "အဖြူလေးတစက်ဟာ ရုပ်ဆိုးမှုပေါင်းတရာကို ဖုံးကာပစ်နိုင်တယ်"ဆိုတာလိုပဲ။ ရေမိုးချိုးပြီးသွားတော့ တော်တော်ကြည့်ကောင်းသွားတယ်။

Cold Fire ||Completed||Where stories live. Discover now