ဒါတွေကို ပြန်အောက်မေ့တဲ့အခါ ဆက်တွေးဖို့ ခက်ခဲတယ်။ နောက်ပိုင်းမှာ သူ နောင်တတွေ အများကြီး ရခဲ့တယ်။
ဗီလာမှာ နေလို့မရတာမို့ ဝမ်ရိပေါ်ဟာ ဗီလာအိမ်ရာဝန်းရဲ့ လမ်းမကြီးပေါ် ခေါင်းငိုက်စိုက်နဲ့ လျှောက်နေမိတယ်။ သူ ဈေးပေါပေါ အဝတ်အစားတွေ ဝတ်ထားတုန်းပဲ။ ရံဖန်ရံခါမှာ Mercedes-Benz ကားတွေ၊ BMW ကားတွေ သူ့ဘေးကနေ ဖြတ်သွားတယ်။ နှစ်တွေအများကြီး ကြာလာတဲ့အထိ သူဟာ ဒီနေရာနဲ့ စိမ်းသက်နေတုန်းပဲ။
ဆင်ခြေဖုံးရပ်ကွက်က အဆောက်အဦးထဲမှာ အတိတ်မေ့နေတဲ့ ရှောင်းကျန့်ကို သူ တခါပြောခဲ့ဖူးတယ်။ သူဟာ "ရည်းစားဟောင်း"ပါ ဆိုပြီး။ အဲ့အချိန်တုန်းက အဲ့လိုအခြေအနေထဲ နောက်တကြိမ် နစ်မြုပ်ရတဲ့အခါ အဲ့ဒါဟာ သူ့ရဲ့ "ချစ်ချင်တဲ့" ဆန္ဒတွေကြောင့်မှန်း သူ ရုတ်တရက် သတိပြုမိခဲ့တယ်။ သူဟာ ရည်းစားဟောင်းပါလို့ ရှောင်းကျန့်က ဝန်ခံမှာမဟုတ်ဘူး။
ချစ်ခဲ့ဖူးတဲ့ အခိုက်အတန့်တွေ ပြိုလဲပျက်စီးသွားတဲ့အခါ "စနောက်ခြင်း"တွေလည်း မရှိတော့ဘူး။ သူ ဆံပင်တွေကို ခပ်ကြမ်းကြမ်း ထိုးဖွလိုက်တယ်။ နေရာမှာ ထိုင်ချလိုက်ပြီး သူ့ဒူးကို သူ ဖက်ထားမိတယ်။ အဲ့ဒီ့နောက် မတ်တပ်ပြန်ရပ်လိုက်ပြီး သူ့မျက်လုံးကို ပွတ်လိုက်တယ်။
သူ အလုပ်ရှာရမယ်။ အလုပ်လုပ်လို့ ငွေရမှ သွေးရောင်ကျောက်စိမ်းလိပ်ပြာအစစ်ကို ပြန်ရွေးနိုင်မယ်။ ဒါဟာ သူ အမြဲပြည့်ချင်နေခဲ့တဲ့ဆန္ဒဖြစ်တယ်။ ဒါပေမဲ့ ကျောက်စိမ်းပြားကို ပြန်ရွေးပြီးသွားရင်? ပြန်ရွေးပြီးသွားရင် နောက်တဆင့် သူ ဘာလုပ်ရမလဲ?
လူတကိုယ်လုံး စိုးရိမ်ပူပန်မှုတွေ ပြည့်နေတာမို့ သူ့နောက် မလှမ်းမကမ်းကနေ လိုက်နေတဲ့ BMW ကားကို သူ သတိမထားမိဘူး။
သူ အတိတ်ကို ပြန်တွေးနေတဲ့အချိန်မှာ ရှောင်းကျန့်ဟာလည်း အတိတ်ရဲ့မီးပုံထဲ ကျရောက်နေတယ်ဆိုတာကို သူ မသိဘူး။
ဝမ်ရိပေါ်က အဲ့လိုအလုပ်ကြမ်းတွေ လုပ်ဦးမလို့ထင်တယ်။ သူ အနောက်ကနေ လိုက်နေမိတယ်။ ဝမ်ရိပေါ်တယောက် ဘတ်စ်ကားပေါ်ကို တက်သွားတာကို ဘာမှမတတ်နိုင်စွာ ကြည့်နေမိတယ်။ ဘတ်စ်ကားဟာ မြို့ထဲ ပတ်သွားပြီးတဲ့နောက် ဝမ်ရိပေါ် ငှားနေတဲ့ အငှားအိမ်ဝန်းကျင်တဝိုက်မှာ ရပ်သွားတယ်။ အဲ့နေရာဟာ ဆင်းရဲသားတွေပေါတဲ့ ဆင်ခြေဖုံးရပ်ကွက်ဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ခွန်အားကို အသုံးချရတဲ့လူတွေ အုပ်စုလိုက်နေတဲ့နေရာဖြစ်တယ်။
YOU ARE READING
Cold Fire ||Completed||
Fiksi Penggemar"ဝမ်ရိပေါ် မင်း လုပ်ရဲလား?" "ငါ လုပ်ရဲတယ်" UNICODE ONLY