Chapter 10 - Dare

3.9K 348 18
                                        

ရှောင်းကျန့်ဟာ ရှင်းရှင်းဟူရွာသစ်ရဲ့ ညရှုခင်းအောက်မှာ နေ့နဲ့ည ကွာခြားချက်ကို လိုက်ကြည့်နေမိတယ်။

သူတို့နှစ်ယောက် ငှားနေတဲ့အဆောက်အဦးကနေ "Pink Girl" ဆိုင်ရှိရာထိ။ ဒီ့ထက် နည်းနည်း ပိုကျယ်တဲ့လမ်းတလျှောက် လျှောက်သွားတဲ့အခါ ကြားထဲမှာ လမ်းကြားလေးတွေ ၅ ခု၊ ၆ ခုလောက်ကို ဖြတ်သွားရတယ်။ ခဏအကြာ ကြည့်ရတာပျင်းသွားတာမို့ လမ်းမီးရောင်မှိန်မှိန်တွေကို လိုက်ငေးနေမိတယ်။ သူသာ သတိမထားရင် မြောင်းဖုံးဖွင့်ထားတဲ့အပေါက်တွေထဲ ပြုတ်ကျသွားတာမျိုး၊ လမ်းဘေးမှာ ပုံထားတဲ့ အမှိုက်ပုံတွေနဲ့ ဝင်တိုက်မိတာမျိုး ဖြစ်သွားနိုင်တယ်။

ဝမ်ရိပေါ်က သူ့လက်ကို ရှောင်းကျန့်ပခုံးပေါ် ဝိုက်ဖက်ထားပြီး ရှောင်းကျန့်ရဲ့လက်က ဝမ်ရိပေါ်ရဲ့ခါးမှာ ဖက်ထားတယ်။ နှစ်ယောက်သား လမ်းကို သတိထားပြီး လျှောက်နေရတယ်။

ညစ်ပတ်တဲ့ ဗွက်အိုင်ငယ်လေးတွေထဲက ရေထဲမှာ လမ်းမီးရောင်မှိန်မှိန်တွေက အလင်းပြန်နေတယ်။

"ငါ မင်းကို ချီသွားမယ်"

"မလုပ်နဲ့။ မလုပ်နဲ့။ လူကောင်ကြီး ကြီးနေပြီ ငါက။ ပြီးတော့ ငါ့မှာ လက်တွေ၊ ခြေထောက်တွေ ရှိပါတယ်"

ရှောင်းကျန့်က ပြောပြီးတာနဲ့ သူ့လက်မောင်းကို ကုတ်လို့ ခပ်တိုးတိုး ဆဲရေးတယ်။

"သေစမ်း စောက်ခြင်"

ဝမ်ရိပေါ်က သူ့ကို ကြည့်တယ်။

"နောက်တနေရာမှာ ပြောင်းနေရအောင်။ ဒါမှမဟုတ် ဝမ်ချွမ်းက ထွက်သွားကြမယ်"

"အကြွေးတွေ အရင်ဆပ်မယ်"

ရှောင်းကျန့်က သူ့ခါးကို ကုတ်တယ်။

"အများကြီးမတွေးနဲ့။ ငါ တကယ် ဒီနေရာကို သဘောကျတာပါ"

ဝမ်ရိပေါ်က ပခုံးတွန့်ပြတယ်။ အမှတ်မထင် သူ့ဖိနပ်က သံဗူးခွံကို ကန်မိသွားတာမို့ ကလောက်ကလောက်သံ ထွက်သွားတယ်။

"ဒီဗွက်တွေ၊ ခြင်တွေကိုရော သဘောကျတာလား?"

"ကျတာပေါ့။ ခြင်တွေအကုန်လုံး ငါ့သွေးတွေ သောက်လို့ရတယ်လေ"

Cold Fire ||Completed||Where stories live. Discover now