"ချိုလား?"
ရှောင်းကျန့်က ဒီအတိုင်းပဲ ဝါးလိုက်တယ်။ သူ သေချာမမြင်ရဘူး။ အခုချိန်မှာ မီးသီးက ဝမ်ရိပေါ်ရဲ့ခေါင်းပေါ်မှာ မှိန်မှိန်လေး လင်းနေတာဖြစ်ပြီး ဝမ်ရိပေါ်က ငုတ်တုတ်လေး ထိုင်နေတယ်။ နောက်ဆုံးမှာတော့ ဒီလူ ဘယ်လိုပုံလဲဆိုတာ သူ နည်းနည်းနားလည်သွားတယ်။
နုနယ်တဲ့မျက်နှာလေးက အနည်းငယ်မော့ထားတယ်။ ချွေးစတွေ၊ ဖုန်မှုန့်တွေ ကပ်ညိနေပြီး ဖြူဖွေးတဲ့အသားအရည်နဲ့အတူ သူ့မျက်နှာဟာ အပေါ်ကို ပြေးတက်လာရမှုကြောင့် အနည်းငယ် ရဲနေတယ်။ သူ့တကိုယ်လုံးမှာ ချွေးတွေစိုစွတ်နေပြီး သူ ခါးပတ်တွေ ရောင်းနေချိန် မြင်နေကျ အပြင်က အလုပ်ကြမ်းသမားတွေနဲ့ ထူးမခြားနားဖြစ်တယ်။
ဝမ်ရိပေါ်က ချောမောတဲ့ အလုပ်ကြမ်းသမားလေးပါပဲ။ ဒါပေမဲ့ သူ့ဘဝက အရမ်းကို ကြမ်းတမ်းနေတုန်းပဲ။
ဝမ်ရိပေါ်ဟာ အိတ်ထဲမှာ ငွေသိပ်မရှိတဲ့ အလုပ်ကြမ်းသမားလေးဖြစ်တယ်။ ဒါပေမဲ့ ဖရဲသီးတော့ ဝယ်စားနိုင်တယ်။ တနေကုန် အလုပ်ကြမ်းတွေ လုပ်ပြီးတဲ့အခါ သူ မြင်လိုတဲ့တခုတည်းသောဆန္ဒဟာ ဖရဲသီးစားလိုက်ရလို့ ကျေနပ်သွားတဲ့ တယောက်သောသူရဲ့မျက်နှာဖြစ်တယ်။
သံသယတွေအကုန်လုံးက ချိုးနှိမ်ခံလိုက်ရတယ်။ ရှောင်းကျန့်ဟာ သူ့လက်ကိုမြှောက်လို့ ဝမ်ရိပေါ်ရဲ့ပါးပေါ်က ပေကျံနေတဲ့ခပ်မဲမဲအရာတွေကို သုတ်ပေးလိုက်တယ်။ ဒါပေမဲ့ အဆုံးမှာတော့ သူ ဘာစကားမှ မပြောဖြစ်လိုက်ဘူး။ ဒီအတိုင်းပဲ ပြုံးပြလိုက်တယ်။
"ချိုတယ်"
"ထမင်းအရင်စားရအောင်။ အခု နည်းနည်းပဲစားထား။ ထမင်း မစားနိုင်ဘဲနေမယ်။ ဒါအများကြီးစားရင် ဝမ်းပျက်လိမ့်မယ်"
ဝမ်ရိပေါ်က ပြတင်းပေါက်ဘက် လှည့်လိုက်ပြီး ဇွန်းကိုတော့ ဖရဲသီးထဲမှာ စိုက်ထားတယ်။ အဲ့ဒီ့နောက် ထမင်းဘူးကို ယူလိုက်တယ်။
ဒီနေ့ကတော့ တကယ့်ကိုမှ စားကောင်းသောက်ဖွယ်ပဲ။ ဒီနေ့က ဘာနေ့မို့လို့လဲဆိုတာ သူ မသိဘူး။ ခါတိုင်း အသားကင်နဲ့ မြေပဲကြော်ကို ဟင်းလိုလုပ်စားရတာဆိုပေမဲ့ ဒီနေ့မှာတော့ ထမင်းနဲ့အတူ ဂေါ်ဖီကြော်တချို့ပါ ပါလာတယ်။
![](https://img.wattpad.com/cover/317151610-288-k634474.jpg)
YOU ARE READING
Cold Fire ||Completed||
Fanfic"ဝမ်ရိပေါ် မင်း လုပ်ရဲလား?" "ငါ လုပ်ရဲတယ်" UNICODE ONLY