တမိနစ်လောက် ရှောင်းကျန့် အသိစိတ် လွတ်သွားတယ်။ အလင်းရောင်နဲ့ အသံကို ခံစားလို့ မရနိုင်ဘူး။ သူဟာ အောက်ဆီဂျင်ခေါင်းစွပ်စွပ်ထားတဲ့ လေဟာနယ်ထဲ ရောက်သွားသလိုပဲ။ သူ မျက်လုံးကို နောက်တကြိမ် ပြန်ဖွင့်လိုက်တဲ့အခါ အခန်းထဲကို ဝင်နေတဲ့အလင်းရောင်က သူ့ကို ငေးမောသွားစေတယ်။ အားနည်းလွန်းလို့ သူ့မှာ လက်ကိုတောင် မမြှောက်နိုင်ခဲ့ဘူး။
သူ မျက်နှာကြက်ကို ငေးကြည့်နေမိတာများ စိုးရိမ်နေတဲ့အသံကြားမှ အသိစိတ် ပြန်ဝင်လာတယ်။
"ရှောင်းကျန့် ရှောင်းကျန့် မင်း ဘာဖြစ်လို့လဲ?"
အဲ့ဒီ့လူဟာ သူ့ကို မဖက်ရဲဘူး။ သူ့တကိုယ်လုံး ညစ်ပတ်နေတာမို့ ဒီအတိုင်းပဲ ခေါ်နေတယ်။ သူ့ရဲ့ ဖူးယောင်နေတဲ့မျက်ဝန်းတွေနဲ့ သူ့ကို ငုံ့ကြည့်နေတယ်။
အာ သူပဲ။ သူ ဘာလို့ ထွက်မသွားသေးတာလဲ။ ဟုတ်သားပဲ။ ဘယ်ထွက်သွားလို့ ရမလဲ။ အားချန်းက အပြင်မှာ စောင့်နေတာကို။
"မင်းရဲ့ခေါင်း အရမ်းကိုက်နေလား? ဆရာဝန်က ဘာပြောလဲ?"
သူ့ရဲ့တံငါသည်ဦးထုပ်က တဝက်စောင်းကျသွားတယ်။ ဝမ်ရိပေါ်ဟာ သူ့ခေါင်းပေါ်က ဒဏ်ရာကို ခပ်ရေးရေး မြင်သွားလိုက်ပုံရတယ်။ သူ့ရဲ့မျက်ဝန်းတွေနဲ့ သေချာဖွဖွကြည့်နေတယ်။ မထင်ရင် သူ့အကြည့်တွေက ဒဏ်ရာကို ပျောက်ကင်းသွားနိုင်စေသလိုမျိုး။
ရှောင်းကျန့် သူ့မျက်နှာကို ဖြည်းဖြည်းချင်းစီ လှည့်လိုက်တယ်။ မျက်လုံးချင်းဆုံသွားတယ်။ ရောင်ရမ်းနေတဲ့ပါးပြင်ကို လက်ညိုးနဲ့ထိုးလိုက်ပြီး ခပ်ရွဲ့ရွဲ့အပြုံး ပြုံးလိုက်တယ်။
"ဟန်ဆောင်မနေစမ်းပါနဲ့။ မင်းစိတ်ထဲမှာ ငါ့ကို သေစေချင်နေတာ"
သူ ခေါင်းထဲမှာ တကယ်ပဲ ဒဏ်ရာရသွားတာများလား? တကယ်ဆို "ရန်ဖြစ်ရင်း မတော်တဆထိခိုက်မိတယ်"ဆိုတဲ့အချက်ကို လက်ခံထားပြီးပေမဲ့ သူ ဂရုမစိုက်နိုင်တော့ဘူး။ သူ့ကိုယ်ပေါ်က အမှတ်အသားတွေဟာ သူ့ကို ဒေါသထွက်စေခဲ့တယ်။
ဝမ်ရိပေါ်က သူ့ဘေးမှာ ဒူးထောက်နေတယ်။ သူ့ကို ချီပွေ့တာမျိုး လုပ်နိုင်စွမ်းမရှိတဲ့အခါ အပေါ်ကနေ ခါးကုန်းလို့ အုပ်မိုးထားရင်း သူ့ကိုကြည့်နေတယ်။ ညစ်ပတ်နေတဲ့ ဆံပင်စတချို့က တွဲလောင်းကျနေတယ်။
YOU ARE READING
Cold Fire ||Completed||
Fanfic"ဝမ်ရိပေါ် မင်း လုပ်ရဲလား?" "ငါ လုပ်ရဲတယ်" UNICODE ONLY
