နောက်နေ့ မနက်စောစော ကောင်းကင်ပေါ် ရွှေဝါရောင်သမ်းချိန်၊ အခန်းထဲ ကြားရတဲ့ ခပ်တိုးတိုး လှုပ်ရှားမှုတွေကြောင့် ရှောင်းကျန့် အိပ်ရာထလိုက်တယ်။
ကန့်လန့်ကာတွေ ကာမထားတဲ့ ဒီအခန်းငယ်ထဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့တဲ့ ရှားရှားပါးပါး မနက်ခင်းလို့ ပြောရမယ်။ သူ ထပ်မအိပ်ချင်တော့ဘူး။ အိပ်ရာပေါ် ဒူးထောက်လို့ ပြတင်းပေါက်အပြင်ကို ကြည့်လိုက်တယ်။ မနေ့ညက မိုး အနည်းငယ်ရွာထားပြီး အခုထိ တစိမ့်စိမ့် ရွာနေတုန်းဖြစ်တယ်။
ဝမ်ရိပေါ် ရေချိုးခန်းထဲက ထွက်လာတဲ့အခါ အိပ်ရာပေါ် ဒူးထောက်ထိုင်နေတဲ့ သူ့ကို မြင်ပြီး အူလည်လည်ဖြစ်သွားတယ်။
"၆ နာရီပဲ ရှိသေးတယ်လေ"
သူ ရှောင်းကျန့်ကို ထပ်အိပ်စေချင်သေးတယ်။ ပထမအချက်က သူ့ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့ဖြစ်ပြီး ဒုတိယအချက်က အိပ်နေလိုက်ရင် လိပ်ပြာမလုံတဲ့ခံစားချက်တွေ ဖြစ်နေတဲ့အချိန် လျော့သွားစေချင်လို့ဖြစ်တယ်။
အခုလို ကျဉ်းမြောင်းတဲ့အခန်းငယ်ထဲ တမိုးအောက် အတူတူအကြာကြီး နေဖြစ်တယ်ဆိုတာ တကယ်တော့ မယုံနိုင်စရာပါပဲ။
အခန်းထဲမှာ အရင်ကလောက် အရမ်းမပူတော့ဘူး။ ဒါပေမဲ့ မွန်းကြပ်ကြပ် ဖြစ်နေတုန်းပဲ။ ရေစက်လေးတွေ တဖြည်းဖြည်း လျော့ပါးသွားသလိုမျိုး။ လေထုကို စိုစွတ်စေပြီး အရေပြားကို ထိုးဖောက်လို့ အတွင်းကလီစာတွေထဲထိ ဝင်လာတယ်။ နေရတာ သက်တောင့်သက်သာ မရှိဘူး။ ရှောင်းကျန့်မှာ ကောင်းကောင်းအိပ်ပျော်ခဲ့တဲ့ညတွေဆိုတာ သိပ်မရှိဘူး။ သူ အတိတ်မေ့ပြီးကတည်းက အိပ်မက်တောင် ကောင်းကောင်းမမက်နိုင်ခဲ့ဘူး။ သူ့ရဲ့ အတိတ်က မှတ်ဉာဏ်တွေဟာ အကုန်ဖျောက်ဖျက်ခြင်း ခံလိုက်ရသလိုပါပဲ။ ဒါပေမဲ့ ပြီးခဲ့တဲ့အချိန်အတွင်းမှာ သူ အိပ်မက်ထဲ ချုပ်နှောင်ခံခဲ့ရတယ်။ လူတယောက်ရဲ့အရိပ်ကို သူမက်တယ်။ အဲ့ဒီ့လူတကိုယ်လုံး သံကြိုးတွေ ပတ်နှောင်ထားတာမို့ အမိခံခြင်္သေ့တကောင်လို့ ရုန်းကန်နေခဲ့တယ်။ သူ့တကိုယ်လုံးမှာ သွေးချင်းချင်းရဲနေတယ်။ အဲ့ဒီ့လူ ဘယ်သူလဲလို့ သူ သိချင်ပေမဲ့ သူဟာ ချောက်နက်ကြီးထဲကို ပြုတ်ကျသွားခဲ့တယ်။
YOU ARE READING
Cold Fire ||Completed||
Fanfiction"ဝမ်ရိပေါ် မင်း လုပ်ရဲလား?" "ငါ လုပ်ရဲတယ်" UNICODE ONLY