Extra 2 - ဆောင်းဦးနှောင်းပိုင်းရဲ့အချစ်

3.3K 260 27
                                    

၂၀၀၈ ခုနှစ်၊ စီးပွားပျက်ကပ်ဟာ ကမ္ဘာကြီးကို ဆူနာမီလှိုင်းလုံးလို ရိုက်ခတ်သွားပြီး ရိကျန့်ဂရုကိုလည်း လှုပ်ခတ်သွားစေတယ်။ ပို့ကုန်တွေ ငြင်းဆိုခံရပြီး ကုမ္ပဏီရဲ့စီးပွားရေးကို ထိခိုက်ခဲ့တယ်။ စီးပွားရေးလုပ်ငန်းအသေးစားလေးတွေ တော်တော်များများကို ပိတ်သိမ်းဖို့ကိစ္စဟာ နိုင်ငံခြား ကုန်သွယ်မှုကို စတင်ခဲ့တဲ့ ရှောင်းကျန့်အတွက် တော်တော်ကို ခေါင်းစားစရာ ဖြစ်လာတယ်။

ဒီနှစ်အတွင်းမှာ သူ အဓိကကိစ္စနှစ်ခု လုပ်တယ်။ ပထမ၊ နိုင်ငံခြားကုန်သွယ်မှုအမှာစာတွေကို လျှော့ချလိုက်ပြီး တင်ပို့မှုပိုင်းမှာ အနှုတ်ပြမလာခင် စက်ရုံတချို့ကို ပိတ်လိုက်တယ်။ ဒုတိယ၊ ဝမ်ရိပေါ်ရဲ့မွေးနေ့အတွက် မွေးနေ့လက်ဆောင်အနေနဲ့ ရိကျန့်ဂရုရဲ့ ၅၀ ရာခိုင်နှုန်း ရှယ်ယာနဲ့ လက်ခွဲ ၃ ခုကို ပေးပြီး စီမံခန့်ခွဲနိုင်မှုအာဏာကို လွှဲပေးလိုက်တယ်။

ဒီလိုမျိုး စီးပွားပျက်ကပ်အောက် အထိအခိုက်များတဲ့ ကုမ္ပဏီတွေမှ နန်ကျိုးမှာ အများကြီးပဲ။ ရှောင်းကျန့်ဟာ သူ့ရဲ့အာရုံကို တခြားနေရာ ပြောင်းရွှေ့လိုက်ပြီဖြစ်တယ်။ ဩဂုတ်လရဲ့ နွေရာသီမှာ အလုပ်တွေ အများကြီးလုပ်ထားတဲ့ ရှောင်းလူကြီးမင်းဟာ သူ့ရဲ့ အမျိုးသား veal grain နဲ့အတူ နန်ကျိုးကို ပြန်သွားပြီး တလလုံးလုံး အိုလံပစ်အားကစားပွဲတွေကို VIP seats ကနေ ထိုင်ကြည့်တယ်။

"မင်းက ဘာတွေလုပ်ချင်နေလို့လဲ?"

ရှောင်းကျန့်က အစည်းအဝေးသွားတဲ့နေရာကို သူ့ကိုခေါ်မသွားဘူး။ ဒါပေမဲ့ နှစ်ယောက်သားဟာ စီးပွားရေးကိစ္စပြောတဲ့နေရာမှာ ဆုံပြီး ဘေးချင်းယှဉ်ထိုင်လို့ ကစားပွဲတွေကြည့်တယ်။ ရှောင်းလူကြီးမင်းက စကားကြွယ်ပြီး ဝမ်လူကြီးမင်းက သူ့ရဲ့ ခန္ဓာကိုယ်ကျွမ်းကျင်မှုကို ပြတယ်။ ဂေါ့ဖ်ကို ၃ ပွဲ၊ ၄ ပွဲလောက် ကစားပြီးတဲ့နောက်မှာတော့ နန်ကျိုးကလာတဲ့လူတွေကို တောသားတွေလို့ ဘယ်သူမှ မပြောရဲတော့ဘူး။

"မင်း ငါ့အတွက် စိတ်မကောင်းမဖြစ်ဘူးလား။ ငါ အသက် ၄၀ လောက်ကျရင် အနားယူချင်တယ်။ ပြီးရင် ငါ့ယောက်ျားလုပ်စာ ထိုင်စားမယ်"

Cold Fire ||Completed||Where stories live. Discover now