Chapter 25 - သတ္တိ

3.3K 344 50
                                        

"ရှောင်းလူကြီးမင်း ရှောင်းလူကြီးမင်း?"

အယ် ဘာလို့ မိန်းမဖြစ်နေတာလဲ။ ရှောင်းကျန့်ဟာ သစ်ပင်ကို မှီထားရင်း မျက်လုံးတွေကို မှေးကျဉ်းလို့ ပြောလိုက်တယ်။

"သွား..... ထွက်သွား!"

သူ လက်ကို ဟိုဒီယမ်းခါနေတာမို့ သူ့ကို လာခေါ်တဲ့ အတွင်းရေးမှူးမှာ သူ့အနားကို ကပ်လို့မရဘူး။ ရှောင်းလူကြီးမင်းက ဘာလို့ ဒီလို မူးနေရတာလဲ? ဒီလိုပုံစံကို တခါမှ မမြင်ဖူးခဲ့ဘူး။ အတွင်းရေးမှူးဟာ အရက်စော်နံနေတဲ့ကြားက ပြောလိုက်တယ်။

"ကျမပါ။ လူကြီးမင်း ဒီလိုပုံနဲ့ ဟိုတယ်သွားလို့မရဘူး။ ကျမ ကျမယောက်ျားကိုပါ ခေါ်လာခဲ့တယ်။ ဒီည ကျမတို့အိမ်မှာ တညအိပ်လိုက်မလား?"

ရှောင်းကျန့်ဟာ သစ်ပင်ကို ကျောမှီထားရင်း ဒူးနှစ်လုံးကို ဖက်လို့ ထိုင်နေတာဖြစ်တယ်။ ညစာစားပွဲမှာ သေချာပြင်ဆင်ထားခဲ့တဲ့ ဆံပင်ပုံစံဟာ အခုချိန်မှာ ရှုပ်ပွနေတယ်။ သူ့မျက်လုံးတွေက ရဲတွတ်နေပြီး သူ့ဘေးမှာ ဘီယာဘူးခွံတွေ ပြန့်ကျဲနေတယ်။ ဘေးမှာလည်း အန်ထားတာတွေ ရှိနေတယ်။ အတွင်းရေးမှူးဟာ အနောက်မှာ ကျန်ခဲ့တဲ့ ရွံရှာနေတဲ့လူကို လက်နောက်ပြန်ခေါ်လိုက်တယ်။

"ငါ့သူဌေးကို ကားထဲ ကူခေါ်ထည့်ပေးဦး"

မိန်းမရဲ့အမိန့်ဆိုတာ တောင်တန်းကြီးလိုပဲ။ ယောက်ျားက လိုက်နာရတယ်။ ရှောင်းကျန့်ကို သူ့ပခုံးနဲ့ တွဲလိုက်ပေမဲ့ အနံ့အသက်မကောင်းတာမို့ သူ စောဒကတက်လိုက်တယ်။

"ဒါ ဘယ်လိုသူဌေးမျိုးလဲ။ ညလယ်သန်းခေါင်ကြီး မူးပေနေတဲ့ သူဌေးမျိုးရှိလို့လား?"

အတွင်းရေးမှူးက သူမယောက်ျားကို မျက်ဖြူလန်ပြတယ်။

"ဒါ မနှစ်က Forbes List မှာ 1 to 100 ဝင်ခဲ့တဲ့တယောက်။ ကျမ ရှင့်ကို ပြဖူးတယ်လေ။ သူ ဒီည အိမ်မှာအိပ်လိမ့်မယ်။ ပြီးရင် ရှင့်မိန်းမ နောက်နှစ်မှာ ရာထူးတိုးလိမ့်မယ်!"

ဇနီးဖြစ်သူဟာ ဒီနှစ်ရဲ့ ညစာစားပွဲကို တက်ရောက်ထားခဲ့တာဖြစ်တယ်။ အိမ်ကို ပြန်ရောက်ပြီး သိပ်မကြာခင်မှာဘဲ ခင်ပွန်းဖြစ်သူဟာ ကလေးကို သူ့အမေဆီ လွှဲပေးလိုက်တယ်။ နှစ်ယောက်သား နှစ်ကူးအတွက် ကျင်းပတော့မယ်ကြံတဲ့အချိန်မှာပဲ ဖုန်းမြည်လာခဲ့တယ်။

Cold Fire ||Completed||Where stories live. Discover now