မှိတ်ထားတာ အနည်းငယ်ကြာနေတဲ့သူ့မျက်လုံးတွေကို ရုတ်တရက် ဖွင့်လိုက်တယ်။ အလင်းရောင်ကို နည်းနည်း sensitive ဖြစ်နေတုန်းပဲ။ ဒါပေမဲ့ ရှောင်းကျန့်ဟာ ခေါင်းပေါ်ကအလင်းရောင်ထက် ပိုလင်းတဲ့အလင်းရောင်တွေနဲ့ လောင်ကျွမ်းနေခဲ့တယ်။
ဝမ်ရိပေါ်က သူ့ကို အဲ့လိုကြည့်နေတာဖြစ်တယ်။ ဒါဟာ သူ့နှလုံးသားကို တင်းကြပ်သွားစေတယ်။ သူ့ကို လေးစားအားကျတဲ့အကြည့်တွေနဲ့ ကြည့်လာတာမျိုး မရေမတွက်နိုင်အောင် ကြုံခဲ့ဖူးပေမဲ့ အခုအကြည့်တွေလောက် ဘယ်တုန်းကမှ မစူးရှဖူးဘူး။ အထူးသဖြင့် အဲ့လိုစူးရဲတဲ့အကြည့်တွေဟာ ပုံမှန်ဆိုရင် အေးဆေးတည်ငြိမ်နေတတ်တဲ့ ဝမ်ရိပေါ်ရဲ့မျက်လုံးတွေထဲမှာ ပေါ်လာခဲ့တဲ့အခါမျိုးတွေမှာပေါ့။ ဒါဟာ ရှောင်းကျန့်ကို ပိုပြီးတော့တောင် shock ရ သွားစေခဲ့တယ်။
ကြီးမားတဲ့လက်ဖဝါးတဖက်ဟာ သူ့မျက်နှာတခြမ်းပေါ် ဖုံးအုပ်ထားပြီး နွေးထွေးစိုစွတ်တဲ့အထိအတွေ့က သူ့အတွက် အရမ်းကို သက်တောင့်သက်သာ ရှိနေစေတယ်။ သူတို့ နှစ်တွေ အများကြီး အတူတူရှိလာခဲ့သလိုမျိုး။ သူဟာ ဝမ်ရိပေါ်ကို အမြဲတမ်း နေရာတိုင်းမှာ၊ အချိန်တိုင်းမှာ ကျင့်သားရနေခဲ့ပြီး သူ့ရဲ့လွတ်လပ်ခွင့်ကို ပိတ်ပင်တားဆီးတာမျိုး မဖြစ်ခဲ့ဘူး။ ဒါပေမဲ့ အခုအခိုက်အတန့်မှာ ဝမ်ရိပေါ်ရဲ့တခြားလက်ထဲ ဘလိတ်ဓါးကို ကိုင်ထားတယ်။ တခုခုသာ အမှားအယွင်းလေးရှိသွားခဲ့ရင် ထက်မြက်တဲ့ဘလိတ်ဓါးသွားဟာ သူ့လည်ပင်းသွေးကြောပေါ် ဖြတ်တောက်သွားပစ်နိုင်တယ်။
ဝမ်ရိပေါ်ကတော့ သူ့ကို နာကျင်စေမှာ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ အခုချိန်မှာ သူ ဘာလို့သတိထားသင့်နေမှန်း သူ့ကိုယ်သူ နားမလည်ဘူး။ သူဟာ ဝမ်ရိပေါ်နဲ့ အမြဲ လွတ်လွတ်လပ်လပ် နေခဲ့တာဖြစ်တယ်။ သူ ပျော်တဲ့အခါကျရင် ဖက်တယ်၊ ချီးကျူးစကားဆိုတယ်။ သူ စိတ်ဆိုးရင် အကြောင်းပြချက်မရှိ ပြဿနာရှာတယ်။ ဝမ်ရိပေါ်က သူ့ကို ထားသွားမယ်လို့ သူ စိတ်မပူခဲ့ဘူး။
အိပ်ငိုက်နေရာကနေ ရုတ်တရက် နိုးထလာတဲ့ ဦးဏှောက်ဟာ အရှိန်မြင့်မြင့် ပြေးနေတယ်။ သူ သူ့ရဲ့ အံ့ဩသွားမှုကို အဝေးမှာထားရင်း လွယ်လွယ်ပြုံးယောင်ဆောင်လို့ မေးလိုက်တယ်။
YOU ARE READING
Cold Fire ||Completed||
Фанфикшн"ဝမ်ရိပေါ် မင်း လုပ်ရဲလား?" "ငါ လုပ်ရဲတယ်" UNICODE ONLY
