နန်ကျိုးလုပ်ငန်းရှင်များ Forum ကို တက်ရောက်ပြီးတဲ့ရှောင်းကျန့်ဟာ ပွဲခန်းမထဲကနေ ထွက်လာခဲ့တယ်။ အတွင်းရေးမှူးဆွန်းက သူ့ကို ကုတ်အင်္ကျီခြုံပေးရင်း ကုမ္ပဏီကို အရင်ပြန်သွားချင်လား မေးတယ်။
"မသွားဘူး။ အလုပ်ကို အရင်သွားမယ်။ သူ ဘာလုပ်နေလဲ သွားကြည့်မလို့"
အတွင်းရေးမှူးဟာ အလိုက်သိသူဖြစ်တယ်။ ကိုယ့်အတိုင်းအတာကို ကိုယ်နားလည်တယ်။ သူမဟာ အရည်အချင်းပြည့်ဝတဲ့ လက်အောက်ငယ်သားဖြစ်ပြီး အထက်လူကြီးရဲ့ကိုယ်ရေးကိုယ်တာကိစ္စအကြောင်း ဘယ်တုန်းကမှ ဝင်ရောက်စွက်ဖက်ခြင်းမရှိခဲ့ဘူး။ ဒါပေမဲ့ ရှောင်းကျန့်နှုတ်ကနေ "သူ"ဆိုတဲ့နာမ်စားကြားတဲ့အခါ သူမဟာ ချက်ချင်းကိုပဲ လူပြောင်းသွားတော့တယ်။
"လူငယ်တွေက ချစ်မိပြီဆိုတာနဲ့ နည်းနည်းလေးတောင် မခွဲချင်ကြတော့ဘူး။ လူကြီးမင်းပဲပြောခဲ့တာ သူ အလုပ်ရှုပ်နေမှာမို့ သူ့ဆီမသွားတော့ဘူးဆိုပြီး၊ ဟော အခု ၂ နာရီပဲကြာသေးတယ်။ သူ့ဆီ သွားဖို့ကိစ္စ ထပ်တွေးနေပြန်ပြီ"
ရှောင်းကျန့်က မျက်ခုံးတန်းလေးတွေကို ပင့်လိုက်တယ်။
"ဆွန်းကျဲက အလုပ်လုပ်တာကြာပြီဆိုတော့ နောက်နှစ်မှာ ရုံးချုပ်ရာထူးတိုးပေးရမလားလို့......"
အတွင်းရေးမှူးဆွန်းကျဲက လက်နှစ်ဖက်ယှက်လိုက်ရင်း ချစ်ဖို့ကောင်းတဲ့ပုံလေးနဲ့ အံ့ဩသလိုလုပ်တယ်။
"ကျမ စောစောက ဘာမှမပြောမိပါဘူးနော်"
ရှောင်းကျန့်ဟာ ရယ်လိုက်ပြီးတာနဲ့ အပြေးထွက်လာခဲ့တော့တယ်။
*
သူ ဒီကို လာတုန်းက ဝမ်ရိပေါ်က သူ့ကို ပို့ပေးခဲ့တာဖြစ်တယ်။ ဝမ်ရိပေါ်က သူ့ကို ကားမောင်းပြီးလိုက်ပို့ပေးဖို့ အချိန်မရှိရင် သူ တခြားဒရိုင်ဘာ ငှားမယ့်အစား တက်စီပဲ ငှားလိုက်တယ်။
နှစ်ကုန်ခါနီးပြီမို့ စီးပွားရေးလုပ်ငန်းတွေ စာရင်းပိတ်တဲ့ရာသီဖြစ်တယ်။ အဲ့တော့ ဖျော်ဖြေရေးပွဲတွေ၊ နှစ်ကုန်ညစာစားပွဲတွေ ကျင်းပတဲ့အချိန် ရောက်လာတယ်။ ဒီဇင်ဘာတလလုံး ရှောင်းကျန့်မှာ အစည်းအဝေးတွေ တက်နေခဲ့ရပြီး နေ့တိုင်းလိုလို မိန့်ခွန်းတွေ ပြောနေခဲ့ရတယ်။ ပင်ပန်းပေမဲ့ ပျော်ရတယ်။ သူ့ရဲ့စီးပွားရေးနိုင်ငံတော်ဟာ ဆန်းဒင်းထက်တောင် ကျော်လွန်သွားခဲ့ပြီး နန်ကျိုးရဲ့အဓိက အာရုံစိုက်ရာဖြစ်တဲ့အပြင် တနိုင်ငံလုံးကိုတောင် လှုပ်ခတ်သွားစေခဲ့တယ်။
YOU ARE READING
Cold Fire ||Completed||
Фанфикшн"ဝမ်ရိပေါ် မင်း လုပ်ရဲလား?" "ငါ လုပ်ရဲတယ်" UNICODE ONLY
