"ရှောင်း"ဆိုတဲ့ အဲ့ဒီ့စာလုံးလေးဟာ တကယ်တော့ ရှောင်းကျန့်ဆိုတဲ့နာမည်ကို ကိုယ်စားပြုတာဖြစ်တယ်။
ရှောင်းကျန့်ရဲ့မျက်ရည်တွေဟာ ထိန်းချုပ်မရနိုင်စွာ စီးကျလာတယ်။ အဝတ်စတွေပေါ်မှာ သွေးခြောက်တချို့ရှိနေပြီး တခြားအပိုင်းအစတချို့ ပျောက်ဆုံးနေတယ်။ ပြိုကျပျက်စီးနေတဲ့ လှေတွေကို ချုပ်နှောင်ထားတဲ့ ကမ်းစပ်တိမ်တိမ်တခုလိုပဲ။
သူ့မှာ မျက်ရည်တွေ အဲ့လောက်ရှိမှန်း သူ ဘယ်တုန်းကမှ မသိခဲ့ဘူး။ ကြည့်ရတာ သူဟာ ဝမ်ရိပေါ်ကို ပြန်ခေါ်လာတဲ့အချိန် ရေချိုးကန်ထဲမှာရော၊ စောင်အောက်မှာပါ မျက်ရည်ကျခဲ့လို့ထင်ပါတယ်။ ဒါပေမဲ့ မျက်ရည်အတိုင်းအဆကို တိုင်းတာမိတဲ့အထိ ငိုဖူးတာတော့ ဒါ ပထမဆုံးပဲ။
သူ ငိုလွန်းလို့ သူ့အသက်ရှူသံဟာ သူ့နှာရည်တွေ ကျတဲ့အရှိန်ကိုတောင် လိုက်မမီနိုင်ဘူး။ မျက်ရည်တွေ၊ နှပ်တွေရောသွားပြီး သူ့ငိုသံက ပိုပိုပြီး ကျယ်လာတယ်။
"Ah... ah ah! Ah ah ah!"
သူဟာ လူရွှင်တော်တယောက်လိုပဲ။ အဆိုးရွားဆုံး သရုပ်ဆောင်သူပေါ့။ သူ့ရှေ့မှာ ဘာပရိသတ်မှ မရှိဘူး။ သူဟာ အရမ်းကို သနားစရာကောင်းနေတယ်။ "ရှောင်း"ဆိုတဲ့ စာလုံးလေးဟာ "အရူးရှောင်းကျန့်"နဲ့ ဝမ်ရိပေါ်ကြားက အချစ်ပုံပြင်တွေကို မှတ်တမ်းတင်ထားတဲ့အရာဖြစ်တယ်။ ဝမ်ရိပေါ်ရဲ့နှလုံးသားထဲမှာ ပြည့်နေတဲ့၊ သူ လုံးဝ မမှတ်မိတဲ့ပုံပြင်လေးပေါ့။ ဝမ်ရိပေါ်ဟာ ဒီနေရာမှာ အဲ့ဒီ့လူကြောင့် နေခဲ့တာဖြစ်တယ်။ ဒါပေမဲ့ သူ့ရဲ့အချစ်က ရက်ရက်စက်စက် ဖျက်ဆီးခံလိုက်ရတဲ့အခါ သူ့ဆီကနေ ထွက်ခွာသွားခဲ့တယ်။ ရယ်စရာကောင်းတာက သူ ယောက်ျားတယောက်နဲ့ အတူတူနေဖို့ ဆုံးဖြတ်လိုက်ပြီး ကြားထဲက အတားအဆီးတွေကို ဘယ်လိုချိုးဖျက်ရမလဲလို့ တွေးခဲ့မိတာပါပဲ။ သူရိုက်ကူးပြီး သူ သရုပ်ဆောင်ခဲ့တဲ့ အချစ်ဇာတ်လမ်းကို ဘယ်သူမှ လာမကြည့်ကြဘူး!
သူ အမုန်းတရားတွေနဲ့ ကြမ်းပေါ် လဲကျသွားတယ်။ မျက်ရည်တွေကြားထဲကနေ "ရှောင်း"ဆိုတဲ့စာလုံးလေးကို ကိုက်ဖြတ်လိုက်တဲ့အခါ ဖုန်မှုန့်တွေနဲ့ သွေးခြောက်တွေက သူ့ပါးစပ်ထဲ ဝင်လာတယ်။ သူ့ရဲ့ အဲ့ဒီ့မှတ်ဉာဏ်တွေကို အစိတ်စိတ်အမွှာမွှာ ခွဲချေပစ်လို့ရရင် သိပ်ကောင်းမှာပဲ။ ဝမ်ရိပေါ်လည်း မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားခဲ့ရင် သိပ်ကောင်းမှာပဲ။ ဘယ်လောက်တောင် မတရားထားလိုက်သလဲ။ သူ အယုံကြည်ရဆုံး တယောက်တည်းသောသူကို ယူဆောင်သွားခဲ့တာများ။
![](https://img.wattpad.com/cover/317151610-288-k634474.jpg)
YOU ARE READING
Cold Fire ||Completed||
Fanfiction"ဝမ်ရိပေါ် မင်း လုပ်ရဲလား?" "ငါ လုပ်ရဲတယ်" UNICODE ONLY