အတွင်းရေးမှူးဆွန်းဟာ သူမသူဌေးဆီက ဖုန်းဝင်လာပြီးနောက် ဗီလာကို သန့်ရှင်းရေးလုပ်ဖို့ အလုပ်သမားရှာပေးပါဆိုတဲ့ညွှန်ကြားစာကို လက်ခံရရှိတယ်။
"သတင်းကောင်းများ ရှိနေလို့လား?"
အတွင်းရေးမှူးဟာ သူမသူဌေးရဲ့ ကိုယ်ရေးကိုယ်တာ ပျော်ရွှင်မှုအပေါ် အစ်မကြီးတယောက်လို ဂရုစိုက်တယ်။
"ကျနော် ရှာတွေ့ပြီ"
ဖုန်းတဖက်ကနေကြားနေရတဲ့ ရှောင်းကျန့်အသံဟာ ရှက်ရွံ့မှုတွေ ရောယှက်နေတယ်။ ခါတိုင်း ကြားနေကျ အေးဆေးတည်ငြိမ်တဲ့ အသံမျိုးနဲ့ ကွာခြားတယ်။
"တကယ်!"
အတွင်းရေးမှူးဟာ သူမအသက်အရွယ်နဲ့ မကိုက်ညီစွာ အော်ဟစ်တာမို့ လုပ်ဖော်ကိုင်ဖက်က သူမကို ထူးဆန်းသလိုကြည့်တယ်။ သူမ ချက်ချင်း ပါးစပ်ကို ဖုံးအုပ်လိုက်ပြီး အပြင်ထွက်သွားပြီးတာနဲ့ အသံကို နှိမ့်လို့ ပြောလိုက်တယ်။
"သူ အဆင်ပြေရဲ့လား။ အခု လူကြီးမင်းနဲ့အတူ ရှိနေလား?"
"ဗျာ အင်း"
ရှောင်းကျန့်က ထပ်ပြောချင်ပုံမရတာမို့ သူမ ခပ်သွက်သွက်ပဲ ပြောလိုက်တယ်။
"အလျင်မလိုပါဘူး။ ဘာပဲပြောပြော ရှာတွေ့ပြီဆိုတော့ လူကြီးမင်းပြောချင်တဲ့အချိန်မှ ပြောပြလို့ရပါတယ်"
ဝမ်ရိပေါ်ဟာ အပြင်ကနေ မနက်စာဝယ်ပြီး ပြန်လာတာဖြစ်တယ်။ ရှောင်းကျန့်ဟာ ခပ်သွက်သွက် ဖုန်းချပြီးတာနဲ့ ခပ်မတ်မတ် ထိုင်လိုက်တယ်။
မနက် ၈ နာရီမို့ အပြင်မှာ မြေထိုးကားကော်သံ၊ နံရံဖောက်သံ၊ အုတ်ခဲထုသံတွေက တသောသောဆူညံနေတယ်။ တခုပြီးတခု ကြားနေရတဲ့အသံတွေက ping-pong တေးသံလိုပဲ။ လူနှစ်ယောက်ရဲ့မျက်လုံးတွေ ဆုံသွားတဲ့အခါ ခဏလောက် ရပ်တန့်ပြီးတဲ့နောက် တဖက်ကို ပြန်လှည့်သွားကြတယ်။
ဒီနေရာက ချစ်လို့ကောင်းတဲ့နေရာ တကယ်မဟုတ်တာပဲ။ ပြန်ဆုံတွေ့ပြီး ရက်အနည်းငယ်ကြာတဲ့အထိ သူတို့နှစ်ယောက်ရဲ့အချစ်အတွက် အကြောင်းပြချက်တွေအကြောင်း တယောက်နဲ့တယောက် မေးချိန် မရှိသေးဘူး။
YOU ARE READING
Cold Fire ||Completed||
Фанфикшн"ဝမ်ရိပေါ် မင်း လုပ်ရဲလား?" "ငါ လုပ်ရဲတယ်" UNICODE ONLY
