Chapter 8 - ရည်းစားဟောင်း

3.6K 367 47
                                    

အားချင်းမှာ ကြောက်လွန်းလို့ တုန်နေတာမို့ စကားတွေတောင် ထစ်ထစ်အအဖြစ်နေတယ်။ သူမ တကယ်ကြောက်နေတာဖြစ်တယ်။ အရင်တခေါက် တဏှာရူးဧည့်သည်ရဲ့ အနိုင်ကျင့် ရိုက်နှက်သွားမှုက သူမကို စိတ်ဓါဏ်ရာ ရနေစေခဲ့တယ်။

"ဝမ်... ဝမ်ကော သိသွားပြီ။ ကျမ ဘယ်လိုလုပ်ရမလဲ?"

ရှောင်းကျန့် နောက်လှည့်ကြည့်တဲ့အခါ တကယ်ထိတ်လန့်နေတဲ့ အားချင်းကို တွေ့လိုက်ရတယ်။ သူ အားချင်းကို အရင်ပြန်ပို့ပေးမယ်လို့ ပြောလိုက်တယ်။ အားချင်းက နားလည်တတ်တဲ့ကလေးမလေးဖြစ်တယ်။ အခုချိန်မှာ အရေးကြီးဆုံးက သူမရဲ့ ရှောင်းကောနဲ့ ဝမ်ကောတို့ အမြန်အဆင်ပြေပြီး ပြန်တည့်သွားဖို့ပါပဲ။

ပြောရမယ်ဆိုရင်..... အဲ့လောက် မလွယ်ကူဘူး။ သိမ်းဝှက်ထားရတာတွေ ဘယ်လောက်တောင် များနေခဲ့ပြီလဲ။ တခုပြီးတခု ဖုံးကွယ်ထားခဲ့တာတွေ။ ဝမ်ရိပေါ်က သူ့ကို သစ္စာဖောက်တယောက်အဖြစ် မြင်သွားမှာ သူကြောက်တယ်။

သူ့ဦးရေပြားတွေ ထုံကျင်သွားသလိုပဲ။ လေးလံတဲ့တူကြီးက သူ့ခေါင်းထဲမှာ တဒုန်းဒုန်း ထုရိုက်နေသလို ခံစားနေရတယ်။ သူ ဆိုင်ကိုပြန်သွားပြီး ပစ္စည်းတွေကို ထုတ်လိုက်တယ်။ အားချင်းက ရှောင်းကျန့် ဘာလုပ်နေတယ်ဆိုတာကို နားလည်တယ်။ ရှောင်းကျန့်ဟာ သူ့အပြစ်တွေကို တခုချင်းစီ ခံယူပြီး ထွက်လာတော့မှာ မဟုတ်ဘူး။

"ကော"

သူမ နည်းနည်းဝမ်းနည်းနေတယ်။ သူမက ဝမ်းနည်းတဲ့အခါ မျိုးရိုးနာမည်ကို ထည့်မခေါ်တော့ဘဲ ကောဆိုတဲ့တလုံးတည်းပဲ ခေါ်တယ်။ ရှောင်းကျန့်ကို သူမရဲ့အစ်ကိုအရင်း တကယ်ဖြစ်စေချင်တယ်။ ရှောင်းကျန့်ကိုသာ ထပ်မမြင်ရတော့ရင် လွမ်းနေတော့မှာ သေချာတယ်။

"ဘာလို့ငိုနေတာတုန်း?"

ရှောင်းကျန့်က သူမရဲ့နဖူးကို လက်ညိုးလေးနဲ့ ခပ်ဖွဖွတောက်တယ်။ ပြီးတာနဲ့ အိတ်ထဲက အနီရောင်၊ အစိမ်းရောင်၊ အပြာရောင် ငွေစက္ကူတွေကို ထုတ်လိုက်တယ်။

"သူဌေးက ငါ့လစာထဲက ဖြတ်မယ်တဲ့။ တကယ်လို့ မနက်ဖြန် ငါ အလုပ်မလာဖြစ်ခဲ့ရင် မင်း ဒီထဲက ငွေ ၂၀၀ သူ့ကိုပေးပြီး ကျန်တာကို မင်းယူလိုက်။ တော်သေးတယ်။ မင်း ဘာမှမဖြစ်လို့"

Cold Fire ||Completed||Where stories live. Discover now