ရှင်းပြချက် -
အေးစက်တဲ့မီးဆိုတာ နေဝင်ခါနီး တိမ်တောက်တဲ့ ဆည်းဆာနေခြည်ကို ပြောတာပါတဲ့။ အဲ့အချိန်က အရမ်းမပူတော့ဘူး။ လောင်ကျွမ်းနေသလိုမျိုး ရဲနေတတ်ပေမဲ့ လူကို နာကျင်စေတာမျိုးမဟုတ်လို့ အေးစက်တဲ့မီးလို့ ခေါ်ပါတယ်။ ဒီ fic ရဲ့ title က အဲ့အဓိပ္ပါယ်ကို ယူထားတာပါ။
ပြီးတော့ ရိပေါ်က နွားနှစ်ဖွားဆိုတာလေးကို သတိထားပေးပါနော်။
ဖတ်လို့ရပါပြီ။
🍀🍀🍀🍀🍀
ပူလွန်းတာကြောင့် ရှောင်းကျန့် နိုးလာခဲ့တယ်။
ကန့်လန့်ကာတွေ မရှိတဲ့အခန်းမှာ အိပ်ရတာ ဘယ်လိုမျိုးလဲ? နိုးလာတဲ့အခါ ဖုန်တွေ ကပ်ညိနေတဲ့ ပြတင်းတံခါးဘောင်တွေကို ငေးကြည့်နေမိတယ်။ အဲ့နေရာမှာ ကန့်လန့်ကာတွေ ရှိနေတာ ပိုကောင်းမယ်လို့ သူထင်တယ်။ သူနေတဲ့ ဒီအဆောက်အဦးရဲ့ အနီးအနားမှာ ဘာမြင်ကွင်းကောင်းကောင်းမှ မရှိဘူး။ သူအမြဲ ခံစားမိနေတာက ဘေးခန်းက တိုက်ခန်းတွေဟာ သူ့ရဲ့ လက်တကမ်းအကွာမှာပဲ ရှိနေသလိုပဲ။ ဒါပေမဲ့ ဘာပဲပြောပြော သူက ယောက်ျားတယောက်မို့ သူ့အိမ်ခန်းထဲ အင်္ကျီမပါဘဲ လျှောက်သွားနေလည်း ဘယ်သူမှ အရေးတယူလုပ်နေမှာမဟုတ်ဘူး။
ပူးကပ်နေတဲ့ ဆောက်အဦးတွေရဲ့ အမြင့်က မတူညီဘူး။ ၅ လွှာရှိတယ်။ ၆ လွှာရှိတယ်။ ခပ်ဝေးဝေးက ပင့်ကူအိမ်တွေလို ရှုပ်ထွေးနေတဲ့ မီးကြိုးတွေကို သူလှမ်းကြည့်လိုက်တယ်။ ကြည့်ရတာ အဲ့နားမှာ နည်းနည်းအဆင့်မြင့်တဲ့ လုံးချင်းအိမ်တွေနဲ့ ၂ ထပ်အဆောက်အဦးတွေလည်း ရှိပုံပါပဲ။
ပြတင်းတံခါးလက်ကိုင် လည်သွားတယ်။ ရှောင်းကျန့် အားတင်းပြီး ပြတင်းတံခါးကို တဝက်လောက် ဖွင့်လိုက်တဲ့အခါ ပူနွေးနွေး နွေလေရူးတွေ တိုးဝင်လာတယ်။ တော်သေးတယ်။ သူ မနေ့ကတင် ပြတင်းပေါက်အပြင်ဘက်က ဖုန်တွေကို သန့်ရှင်းရေး လုပ်ထားလို့ ဖုန်မှုန့်တွေက သူ့မျက်နှာကို ဝင်မတိုးတာ။ သူ ပြတင်းအပြင်ကို ရဲရဲတင်းတင်း ခေါင်းထုတ်ပြီး အပြင်လေကို ရှူရှိုက်ကြည့်ရကောင်းမလား တွေးနေတဲ့အချိန်မှာပဲ ရုတ်တရက် နှာခေါင်းထဲကို တိုးဝင်လာတဲ့ အနံ့ဆိုးတခုကြောင့် အံ့အားသင့်သွားတယ်။
YOU ARE READING
Cold Fire ||Completed||
Fiksi Penggemar"ဝမ်ရိပေါ် မင်း လုပ်ရဲလား?" "ငါ လုပ်ရဲတယ်" UNICODE ONLY
