"ဒေါက်တာ ကျနော် ဆေးရုံက ဆင်းလို့ရပြီလားခင်ဗျ?"
"ဟုတ်ကဲ့ပါ မစ္စတာရှောင်း လက္ခဏာတွေအကုန်လုံးက မင်းရဲ့ amnesia နဲ့ ပတ်သက်တာ အကုန်ပျောက်ကင်းသွားပြီလို့ ပြနေပါတယ်။ မင်းရဲ့ နေ့စဉ်ဘဝကို မထိခိုက်နိုင်တော့ပါဘူး။ ငါတို့ မင်းနဲ့ အချိန်အကြာကြီး အဆက်အသွယ်ရှိနေမှာမို့ မင်းရဲ့အခြေအနေကို အချိန်မရွေး ခေါ်ပြောလိုက်လို့ရပါတယ်"
အဲ့အချိန်မှာ အဖြူရောင်ဝတ်စုံဝတ်ထားတဲ့ ရှောင်းကျန့်ဟာ နယူးယောက်က ဆေးရုံခန်းတခုမှာ ထိုင်နေရင်း ဆောင်းဦးနေရောင်ခြည်ရဲ့နွေးထွေးမှုကို ခံစားနေတယ်။ ကုသပေးတဲ့ဆရာဝန်က Marx ဖြစ်ပြီး မှုတ်ဆိတ်မွှေးထူလပျစ်နဲ့ လူဖြစ်တယ်။ ထိုလူဟာ သူ့ကို မွှေးပျံ့တဲ့ကော်ဖီတခွက် ဖျော်ပေးနေတယ်။
"ကျနော် ကော်ဖီမသောက်ဖြစ်တာ အတော်ကြာပြီ"
"အိပ်မပျော်မှာ စိုးလို့လား? အခုက အဆင်ပြေပါပြီ။ မင်း ကောင်းကောင်းအိပ်ပျော်နိုင်ပြီ။ မင်းနိုင်ငံကို မြန်မြန်ပြန်ပါ။ ပြီးရင် မင်းရဲ့ veal grain လေးနဲ့ ပြန်တွေ့ပါ။ အဲ့လိုသာဆို မင်း ဒီ့ထက်နှစ်နှစ်ခြိုက်ခြိုက် ပိုအိပ်ပျော်ပါလိမ့်မယ်"
ရှောင်းကျန့်က ကော်ဖီကို တငုံသောက်လိုက်ပြီး ပြုံးတယ်။
"ခင်ဗျားလက်ရာက ကောင်းသားပဲ"
"ပြီးခဲ့တဲ့လတွေအတွင်း မင်းရဲ့ဇာတ်လမ်းအကြောင်းတွေ နားထောင်ခဲ့ရတဲ့ ကျေးဇူးကြောင့်ပါ"
ကိုမုတ်ဆိတ်က ဒီလူနာကို အရမ်းသဘောကျတယ်။ စိတ်ရောဂါကုဆရာဝန်တယောက်အနေနဲ့ ကြုံခဲ့ဖူးသမျှ ခက်ခဲတဲ့လူနာတွေထဲ ဒီလိုမျိုး အတွေ့အကြုံရင့်ကျက်ပြီး အသိဉာဏ်ပြည့်ဝတဲ့ လူကြီးလူကောင်းမျိုးက ရှားတယ်။ ကုသရတာ အများကြီးတော့ မဟုတ်ပေမဲ့ အံ့ဩစရာဇာတ်လမ်းတွေကို အလကား နားထောင်ခွင့်ရတယ်။ သူ ပြောပြတဲ့ဇာတ်လမ်းတွေထဲမှာ တခြားဇာတ်ကောင်ဟာ ကောင်လေးတယောက်ဖြစ်ပြီး ဒီအမျိုးကောင်းသားက အဲ့ဒီ့ကောင်လေးကို "my veal grain" လို့ တမြတ်တနိုး ခေါ်တယ်။
ကိုမုတ်ဆိတ်ဟာ ရှောင်းကျန့်ရဲ့ ဆေးပညာဆိုင်ရာ မှတ်တမ်းတွေကို သူကိုယ်တိုင် သေချာစီစဉ်ပေးတယ်။ MRI, CT, EEG တို့အပါအဝင် စသဖြင့်တွေပေါ့။ သူ ဘာမှမတတ်နိုင်စွာ သက်ပြင်းချလိုက်တယ်။
YOU ARE READING
Cold Fire ||Completed||
Fanfiction"ဝမ်ရိပေါ် မင်း လုပ်ရဲလား?" "ငါ လုပ်ရဲတယ်" UNICODE ONLY
