🍁🍁🍁
" မရယ်နဲ့ အဂ္ဂ! တကယ်ပြောတာ။ အဲ့ဂတုံးပေါက်ဆံပင်ကေကို ငါညှပ်ကြည့် ၊ဟိုကွာမြန်မာဇာတ်ကားတွေထဲက လူယုတ်မာ နေရာတို့ လူကြမ်းနေရာတို့ သရုပ်ဆောင်တဲ့ ဦးနိုင်လူကြီးနဲ့ သေချာပေါက်တူမှာ "
"ဟား ဟား ဟား "
အာကာကသူ့ဘာသူ သရော်ပီး အားရပါးရကိုရယ်မောနေသည်။ အာကာက တကယ့် လူရွှတ်ကြီးပါဆို။
" ဒါနဲ့ အဂ္ဂ!မင်းသူ့ကို ကြွေလို့ရတယ် ၊ ချစ်မိလို့တော့မရဘူးနော်"
ဒီတစ်ကြိမ်တွင် လူရွှတ်ရုပ်ကနေ ကထိကကြီးရုပ်ပေါက်သွားပြန်ကာ....
" ဟမ် ဘာလို့လဲ ! ကြွေပီဆိုမှတော့ ချစ်မိသွားတာနဲ့မတူဘူးလား"
" No No No မတူဘူး အဂ္ဂ! ငါ့ခံယူချက်ပြောတာနော်။ ငါသူ့ကိုကြွေတယ်ဆိုတာ သူကချစ်ဖို့ကောင်းတယ် ၊သူ့ကိုမြင်နေရရင် ငါ စိတ်ချမ်းသာတယ် ၊သူပျော်နေရင် ငါပျော်တယ်၊ ငါစိတ်ညစ်နေရင်တောင်ကွာ သူ့ကြည့်လိုက်ရင် အလိုလိုကိုစိတ်ကပျော်သွားတာ။ဒါကို ငါက လောဘတတ်ပီး သူ့ကိုချစ်မိနေပါပီ၊ ပြန်ချစ်ပါလို့ သွားဖွင့်ပြောကြည့်ပါ့လားလေ! သေချာပေါက် ငါ့ကို ငြင်းလွှတ်မှာပေါ့။အဲ့တော့ ဒီတိုင်းလေး သူ့ဘေးနားငေးကြည့်နေခွင့် ရရင်ကိုကျေနပ်ပီ ငါက "
" မင်းက ရောင်ရဲတင်းတိမ်တတ်တာလား ။အာကာ !မင်းစိတ်ကိုငါလိုက်မဖတ်တတ်တော့ဘူး"
"မင်းကို ငါကြိုသတိပေးထားတာနော် အဂ္ဂ! မင်းသူ့ကိုချစ်လို့မရဘူး။ မင်းဘဲခံစားရမှာမို့ပြောနေတာ ။နောက်ပီး မင်းသူ့အပေါ်စိတ်နှစ်မိတဲ့အချိန်မှာ နောက်ထပ် မင်းမြင်ရမဲ့ မြင်ကွင်းတွေက မင်းအသဲကို အပ်နဲ့ တစ်နုတ်နုတ်ထိုးသလိုဖြစ်နေမှာမို့ပြောနေတာ "
" ငါနားမလည်ဘူး အာကာ! မင်းဘာကိုပြောချင်နေတာလဲ "
ခဏကြာသည်ထိ အာကာက ပြောမှာလိုလို မပြောမှာလိုလိုနဲ့ စဉ်းစားနေပီးး.....
" မင်း နောက်တော့ သိလာလိမ့်မယ်ကွာ"
ဆိုသည့် စကားတို့နှင့်အတူ လက်ငါးချောင်းနဲ့ ခေါင်းက ထောင်ထားတဲ့ ကြက်ဖကေကို အသားကုန်ထိုးဖွရင်း ချွေးသိပ်ပစ်တော့သည်။
YOU ARE READING
"မျဉ်းပြိုင်တို့၏အဆုံး" 🍁{Completed}
Romanceနေခြည်ထွေးပွေ့ပေးမှ ပွင့်ရမဲ့ပန်းတွေအများကြီးရှိတယ်မောင် အဲ့ဒီထဲကမှ ကိုယ်က နေကြာပန်း၊ နေခြည်ရှိတဲ့ဘက်ကို အမြဲ ဦးညွှတ်ခစားနေမဲ့ နေကြာပန်း🍁 🍁Started on - July 2022🍁 🍁Ending - November 2022🍁