part 4 🍁

6.2K 284 1
                                    

🍁🍁🍁

ကျောင်းတတ်ခေါင်းလောင်းထိုးတော့  အားလုံးတတ်ညီလက်ညီ ဘုရားဝတ်ပြုပီးတာနဲ့ အတန်းပိုင်ဆရာမ ဒေါ်ခင်ထားရီ က စာစသင်တော့၏။ ပီးသည်နှင့် မြန်မာစာ ၊သင်္ချာ၊ ဓာတု အသီးသီး ဆရာ/ဆရာမတွေသာ ဝင်သင်သွားသည် အဂ္ဂမောင် ခေါင်းထဲတွင်တော့ မည်သည့်စာမျှ မဝင်လာတော့ပေ။ အကြောင်းက မနက်ကမြင်ကွင်းဟာ အာကာပြောသလို နှလုံးသားကို အပ်နဲ့ ထိုးသလိုဘဲမို့လား။ စက်ဘီးပေါ်က မြတ်သောမောင်က လရောင်ရှိုင်း ရင်ခွင်ထဲကိုမြုပ်ဝင်မတတ်။စာသာသင်နေရသည် အဂ္ဂမောင်မျက်လုံးတွေထဲ ထိုမြင်ကွင်းနဲ့ ရှေ့ကမြတ်သောမောင်ရဲ့ကျောပြင်သေးသေးလေးသာ မြင်နေရတော့၏။

>>>>>>>

12:15 pm (  နေ့စားကျောင်းဆင်းချိန်)

“ အဂ္ဂ! မင်းတစ်ချိန်လုံး စာထဲစိတ်မပါဘူးနော် ! သတိကပ်အုံး ဟျောင့်  ! ဒါကြောင့် ငါသတိကြိုပေးသားဘဲ "

နေ့စားကျောင်းဆင်းရင် နေအရမ်းပူလို့တဲ့ မေမေက နောက်ရက်တွေ ထမင်းချိုင့်လေးထည့်ပေးလိုက်ရှာတာ စေတနာတွေ အပြည့်နဲ့ပေါ့။ အခုတော့ ဒီထမင်းချိုင့်လေးလဲ စားသူမရှိတော့ပေ။

“ ဟျောင့်  အဂ္ဂ! ဟျောင့် "

အာကာ ပခုံးလှုပ်ပီး ခေါ်မှကို တောင်စဉ်ရေမရဖြစ်နေတဲ့ အတွေးတွေရပ်ပစ်ရတော့၏။

“ဟား ..မင်းတော့ရောဂါကျွမ်းသွားပီ။ ဒီမယ် အဂ္ဂ! မင်းစိတ်လျော့လိုက်တော့နော်။ ငါသတိထပ်ပေးတာ။ မြတ်သောမောင်က လရောင်ရှိုင်းနဲ့ အခုမှ သိကျွမ်းတာမျိုးမဟုတ်ဘူး။ ဟိုးငယ်စဉ်ကတည်းက အတူတတွဲတွဲနေလာတာ။ ပီးတော့ အဲ့စက်ဘီးကြီးနဲ့ဆိုတာလဲ စက်ဘီးစီးတတ်တဲ့အရွယ်ကတည်းက အတူစီးကြတာ။ ငါတို့ကမြင်ရတာရိုးနေပီ ။ အေး ! ငယ်တုန်းက ကိစ္စမရှိပေမဲ့ အခု လူပျိုတွေဖြစ်တော့လဲ အတူစီးကြတုန်းဘဲ။ ဒါကရိုးရိုးသားသား ပတ်သက်မှုမျိုးဟုတ်ပါ့မလား မင်းစဉ်းစားကြည့်ပေါ့။ အေး မြတ်သောမောင်က ရိုးသားတယ်ဆိုတောင် ဟိုငစားကောင်က ကျိန်းသေမရိုးသားဘူး ။သူ့မျက်လုံးတွေက လိမ်မရဘူးလေ။ ငါမှ အဲ့လိုထင်တာမဟုတ်ဘူး တစ်ကျောင်းလုံးထင်ကျေးပေးကြတာပဲ။ တစ်ချို့ကဆို သူတို့နှစ်ယောက်ကို ပေးစားသူကပေးစား။ လရောင်ရှိုင်းကို ဝေဖန်သူကဝေဖန်။ မြတ်သောမောင်ကိုဆို ပိုဆိုးသေး။ မကြားဝံ့မနာသာစကားတွေနဲ့ ဝေဖန်လွန်းလို့။ နောက် မင်းတဖြည်းဖြည်းသိလာပါလိမ့်မယ် "

"မျဉ်းပြိုင်တို့၏အဆုံး" 🍁{Completed}Wo Geschichten leben. Entdecke jetzt