part 14 🍁

5.6K 230 4
                                    

🍁🍁🍁

(⚠️ဤအခန်းတွင် စကားပြောများအား ညစ်ညမ်းစွာ ရေးသားထားသည်ကြောင့် အသက်ပြည့်ပီးမှသာ ဖတ်ပါရန်)

"မဟုတ်ဘူး ! မဟုတ်ဘူးနော် ကိုကို 'ကိုကို ညာနေတာ၊ ထပါဗျာ ! ကျွန်တော့်ကို ဒီလိုတော့ မကစားပါနဲ့ "

"အား .....ဒုန်း ဒုန်း ဒုန်း ! မဟုတ်ဘူး! အကုန်ညာနေကြတာ !မဟုတ်ဘူး အမှန်မဟုတ်ဘူး! ဒုန်း ဒုန်း ဒုန်း '

"တော်ပါတော့ သားရယ် ! တော်ပါတော့ စိတ်ထိန်းပါအုံး ! မေမေမှာ ဒီသားလေးဘဲရှိတော့တာ ထပ်ပီး မေမေ့ရင်ကွဲအောင်မလုပ်ပါနဲ့"

ပိတ်စအဖြူလေးခင်းထားတဲ့ ခုတင်ပေါ် မည်သည့်လှုပ်ရှားမှုမျိုးမှမရှိ၊မည်သည့်ခံစားချက်မျိုးမှမရှိနေတဲ့ လဲလျောင်းအိပ်စက်ခြင်းမျိုးနှင့်အိပ်စက်နေသော မင်းအဂ္ဂမောင် ၏ဘေးတွင်တော့ အသက်သမျှ ခိုက်ခိုက်တုန်အောင်ချစ်ရပါသည်ဆိုတဲ့ မင်းအတ္တမောင် တစ်ယောက်မှာ အစ်ကိုဖြစ်သူရဲ့ အေးစက်တောင့်ခဲနေတဲ့ခန္ဓာကိုယ်ကို လှုပ်ယမ်းပီး နှိုးလိုက် ကြမ်းပြင်ပေါ်သို့ အားပြင်းသောလက်သီးဆုပ်တို့ဖြင့် ထိုးလိုက်နှင့် ယူကြုံးမရဖြစ်နေသည်မှာ အသုဘအိမ်တွင်ဖြစ်လေ့ဖြစ်ထရှိသော မြင်ကွင်းလို့မဆိုရလောက်အောင် ရင်နင့်ဖွယ်ကောင်းလွန်းလှသည်။

"မေမေ ! ကိုကို ကဘာလို့ ရုတ်တရက်ကြီးလဲ၊
ကိုကို့မှာ ဘာအပူပင်၊ ဘာသောကတွေရှိခဲ့လို့လဲဗျာ၊သားကိုလဲ ပြောပြကြပါအုံး ! အိပ်ဆေးတစ်ဘူးလုံးသောက်ပီးအိပ်ရလောက်အောင် အိပ်မပျော်ရတဲ့အကြောင်းရင်းက ဘာလဲ မေမေ !
ပြောပါ ပြောကြပါ...ဒီမှာအသက်ရှူရတာမွန်းကျပ်လာပီဗျ "

"သားကိုကို ဒီတစ်လော မူမမှန်နေတာကြာပီသား ကြာပီ! သားရန်ကုန်ပြန်သွားပီး မကြာလှဘူး သားကိုကို ဆေးလိပ်ရော အရက်တွေပါ ခိုးသောက်ထားတာ မေမေတွေ့တယ်။အဲ့ရက်ပိုင်းတုန်းကလဲ မေမေ သားဖေဖေမသိအောင် ခေါ်ဆူပါသေးတယ်ကွယ်!  ဒီရက်ပိုင်းလဲ အဂ္ဂလေး မျက်နှာလုံးဝမကောင်းလှဘူးမို့ မေမေ မနေ့ညက သားကိုကို နဲ့စကားပြောဖို့ အခန်းတတ်ကြည့်သေးတယ်သား။ ထင်တဲ့အတိုင်း သားကိုကို အခန်းထဲမရှိဘူး ! ညအချိန်မတော် ဘယ်သွားလဲ ၊ဘယ်သွားတတ်လဲ အာကာလေးဆီ မေးကြည့်တော့လဲ သူ့ဆီလဲမလာဘူးတဲ့လေ၊ မေမေလဲ သားပြန်လာတဲ့အထိဧည့်ခန်းကစောင့်နေတော့ အဲ့ဒီညက မိုးတွေလဲ အသည်းအသန်ရွာနေတယ်ကွယ်၊ သားကပြန်လာတော့ တစ်ကိုယ်လုံးမိုးရေတွေစိုရွဲလို့ အချိန်ကြည့်တော့လဲ မနက် 3 နာရီတောင်ကျော်နေပီလေ၊ မေမေဘာမေးမေးလဲမဖြေတော့ဘူး၊ မျက်ဝန်းတွေမှာလဲ ဝမ်းနည်းရိပ်တွေအပြည့်နဲ့ တစ်နေရာထဲကိုဘဲတွေတွေငေးငေး ကြည့်ရင်း....
မေမေ့တစ်သက် သားရဲ့ အဲ့ပုံစံကို တစ်ခါမှ မမြင်ဖူးခဲ့ဘူး ၊ဒီလိုတွေဖြစ်မယ်မှန်းသိ ဖြစ်မယ်မှန်းသိရင်လေ မေမေ မဆူခဲ့ပါဘူး၊ မရိုက်ခဲ့ပါဘူး သားရယ်။အခုတော့ ! အခုတော့ မေမေ့သားလေး မေ့မေ့ကို စိတ်ဆိုးပီး အပီးတိုင်ကိုထွက်သွားတော့တာလား သားရဲ့ ၊မေမေ့ရင်တွေကွဲရပါပီ၊ ရင်တွေကွဲရပါပီကွယ် ! အဟီး အီး ဟီး ဟီး "

"မျဉ်းပြိုင်တို့၏အဆုံး" 🍁{Completed}Where stories live. Discover now