part 37 🍁

4.8K 236 25
                                    

🍁🍁🍁

ကာလတစ်ခုဆီတုန်းက အာကာဆိုတာ မောင့်အတိတ်စာမျက်နှာတွေထဲမှာ မှုန်ဝါးဝါးလေးသာကျန်ခဲ့တော့တဲ့ လူတစ်ယောက်ဆိုလဲဟုတ်သည်။ငယ်ဘဝတွေဟာ ပြန်လှည့်ကြည့်ရင်ရှုစားချင်စရာမကောင်းခဲ့၊အကြီးတန်ခဲ့တယ်ဆိုပေမဲ့လဲ
ယခုလို အာကာ့ကိုရုတ်တရက်ပြန်တွေ့လိုက်ရတော့အဖြူအစိမ်းဝတ်ကျောင်းသားဘဝလေးကို လွမ်းမိသလိုတော့ရှိ၏။

"ဒါဖြင့် အာကာ ဘာလုပ်ငန်းတွေလုပ်နေလဲ"

"မောင်တို့ဆရာဝန်တွေထက် ဝင်ငွေသိပ်ကောင်းတဲ့အလုပ်ပေါ့"

အာကာ ကသူ့အကျင့်စရိုက်အတိုင်း ခပ်ရွှတ်ရွှတ်ပြောပေမဲ့ အတိအကျမပြောချင်၍လား မောင်လဲ ဆက်မမေးဖြစ်တော့။

"အခုရော ဘယ်မှာနေ နေလဲ"

"Condo မှာဘဲ ! မန်းလေးမှာ လပိုင်းလောက်နေဖြစ်အုံးမယ် မောင် ၊ ဒီကအလုပ်တွေ ပြီးပြတ်မှ ပူတာအိုဘက်ကူးမှာ"

"အာကာက အများကြီးပြောင်းလဲသွားတယ်နော်"

"မောင်ကတော့ မပြောင်းလဲဘူး! အရင်လိုချစ်ဖို့ကောင်းတုန်း"

ကျွန်တော်ကဒီလိုဆိုတော့ မောင့်မျက်နှာလေး
ကွက်ခနဲ့ ပျတ်သွားသည်။

"ကိုယ်ပြောချင်တဲ့ ချစ်စရာကောင်းတယ်ဆိုတာ အဖြူရောင်သက်သက်ပါ မောင်! သုံးနှစ်သားကလေးလေးတစ်ယောက်ကို လူကြီးတစ်ယောက်က အူယားလို့ ချစ်သလိုပေါ့၊ သိပ်ကိုဖြူစင်ပါတယ် "

ကျွန်တော့စကားကြောင့် စောစောကအမူအရာအတွက် အားနာသွားဟန်ရှိတဲ့ မောင့်ကို အကျပ်မရိုက်စေဖို့ နောက်ထပ်ခေါင်းစဉ်တစ်ခုကိုသာ ဦးတည်လိုက်သည်။

"မောင်ရော အခုထိ လူလွတ်ဘဲလား"

"မောင် အိမ်ထောင်ကျပီးပါပီ"

"ဟားဟား...ကိုယ်ထင်ပါတယ်! လရောင်ရှိုင်းဆိုတဲ့ ကိုယ့်ကောင်ကြီးက မောင့်ကို အခုချိန်ထိ လူပျို၊လူလွတ် ဖြစ်ခံ မတဲ့လား၊ဒါနဲ့ မောင်တို့ ဘယ်တုန်းက လက်ထက်ကြသလဲ"

"ဟို ....ဟို"

အကျပ်မရိုက်စေချင်လို့ ခေါင်းစဉ်ပြောင်းမှ ထပ်အကျပ်ရိုက်သွားတဲ့မောင်က စကားတို့ကို ရှေ့ဆက်မလာခဲ့။

"မျဉ်းပြိုင်တို့၏အဆုံး" 🍁{Completed}Tempat cerita menjadi hidup. Temukan sekarang