part 29 🍁

4.5K 194 13
                                    

🍁🍁🍁

တဟူးဟူး တိုက်ခတ်လာတဲ့လေပြေအေးတွေဟာ အိမ်တံခါးရွတ်အဟောင်းလေးကို တကျွီကျွီမြည်နေစေတာမို့ ချိတ်ထောက်ဖို့ရာ တံခါးဆီ ခြေလှမ်းတို့ ဦးတည်ရတော့သည်။ မိုးဆင်များရှိလေသလား ကောင်းကင်မော့ကြည့်ပြန်တော့ မဲမှောင်နေတဲ့ တိမ်တစ်စုကြားမှာ လျှပ်စီးကတစ်လက်လက်။ တစ်ရပ်ကွက်လုံး မှောင်မဲနေတဲ့ကြားက အိမ်ရှေ့လမ်းမီးတိုင်ကမီးလုံးလေးကတော့ မှိန်ပျပျလေးနှင့်ကြိုးစားအလင်းပေးနေရှာသည်။ ဘာရယ်မသိ မီးလုံးလေးအား တိုးတိုက်နေကြတဲ့ ပိုးဖလံလေးတွေကို ပြတင်းပေါက်မှ ခဏကြာသည်အထိ ငေးကြည့်နေမိစဉ် မိမိတစ်ကိုယ်လုံးရှိ ကြက်သီးမွှေးညင်းများထသွားစေလောက်အောင်တစ်စုံတစ်ခုက စူးစူးရဲရဲကိုကြည့်ခံနေရတယ်ဆိုတဲ့အသိ။ ထိုအာရုံကိုခံစားစေရတဲ့ နေရာဆီကြည့်မိတဲ့အခါ မိမိအိမ်ဝန်းထဲမှ သရက်ပင်ကိုင်းဖျားနားနေသည့် ကျီးမဲတစ်ကောင်ပင်။

"ဘုရား ဘုရား ! ဟဲ့ ရှူး ရှူး ! သွားစမ်း ရှူး  ရှူး"

စူးရဲခတ်ထန်ပီး အကြီးတန်လှတဲ့ အကြည့်တွေဟာ မိမိ့တစ်ဦးတည်းဆီကိုဘဲ တစ်စိုက်မတ်မတ်ကိုဦးတည်နေတာ။လက်တွေလေပေါ်ပင့်မြှောက်ကာ တရှူးရှူးခြောက်လှန့်ပေမဲ့အကြောက်အလန့်ဟူ၍ ထိုကျီးမဲမျက်လုံးထဲတွင် တစ်စိုးတစ်စိမျှ မမြင်ရပေ။တစ်ဆက်တည်း မိမိ၏ ကြောက်ရွံ့ထိတ်လန့်စိတ်ကို ပို၍တိုးစေသည်က လမ်းပေါ်အုပ်စုဖွဲ့ရမ်းကားနေကြသည့် ခွေးတစ်အုပ်ထံမှ အူစွဲသံများပင်။တစ်ကိုယ်ရေတစ်ကာယနေလာတဲ့မိန်းမသားတစ်ဦးပေမဲ့ ယခုလိုထိတ်လန့်မှုမျိုးကို တစ်ကြိမ်တစ်ခါမျှမခံစားခဲ့ရဖူးသည်မို့ ချိတ်ထောက်ထားတဲ့ တံခါးရွတ်အဟောင်းလေးကိုသာအမြန်ဆွဲပိတ်လိုက်ရတော့သည်။
သားလေး မောင်နဲ့ လရောင်ရှိုင်း ဘေးကင်းရန်ကင်းပါစေကွယ်! ဒီစကားတွေကိုတော့ အလိုအလျောက်ကို ရွတ်ဆိုမိသွားတာ။

"ဟင်း...!

တိုးညှင်းညှင်း ချလိုက်တဲ့သက်ပြင်းသံနဲ့အတူ ပြတင်းပေါက်လေးကျောမှီရပ်လိုက်တော့ ရှေ့ကမီးဖိုခန်းမှ မောင့်ရဲ့ ငယ်ဘဝက ပုံရိပ်ဟောင်းလေးတွေဟာ လူးလားခေါက်တွန့်။ဒီလို " မောင်" ဆိုတာဟာလေ ကျွန်မဘဝထဲမှ ကြောက်ရွံ့မှု၊ထိတ်လန့်မှုတွေကို အလိုအလျောက်ကို ပြယ်ပျောက်စေရတဲ့ လူသားလေးရယ်ပါ။ ကျောင်းကပြန်ရောက်တိုင်း ကျောင်းစိမ်းပုဆိုးလေး ဒူးဆစ်နားထိတတ်ဝတ်ထားပီးပေတူးတူးအိုးမဲမျက်နှာလေးနဲ့ထမင်းအိုးတည်နေတဲ့ မောင့်ပုံရိပ်လေး။ လက်တစ်ဖက်ကမီးတောက်အောင် ယက်ခတ် ကျန်လက်တစ်ဖက်က ထမင်းအိုးမွှေနဲ့ ! အဟွန်း.... ချက်လိုက်တိုင်းလဲ တစ်ဝက်ကတူးစမြဲ။
ဒီလို မောင့်ဘဝလေး ကျွန်မဆီပထမဆုံးဝင်ရောက်လာတဲ့ အိမ်နောက်ဖေး မီးနေခန်းအဟောင်းလေးကစပီး မောင့်ဘကြီးနေခဲ့တဲ့အိမ်ဦးခန်းလေးထိ ချစ်စရာမောင့်ပုံရိပ်ဟောင်းလေးတွေဟာ ပေါ်လာလိုက် ပျောက်သွားလိုက်ပါဘဲ။
မောင့်ဘကြီး ဆုံးရှာတော့ အမြဲအထီးကျန်ဆန်မှုတွေနဲ့ နေထွက်တစ်ရက် နေဝင်တစ်ညကို ကုန်ဆုံးခဲ့ရတဲ့ အမေကလေ ဟော့ဒီအိမ်မှာရှိတဲ့ အဟောင်းပစ္စည်းမှန်သမျှ မပြုပြင်ခဲ့မိဘူး။ ဒီလို အဖေရော မောင်ရောကို လွမ်းတိုင်း ဒီအိမ်အိုလေးကဘဲ အမေ့ကို အလွမ်းပြေစေခဲ့တာ ။ ဒါတွေကြောင့်မို့ပေါ့ မောင်ရယ် ! မောင်ပို့ပေးတဲ့ ငွေတွေနဲ့ အိမ်မှာရှိတဲ့ အဟောင်းမှန်သမျှ မပြုပြင်ခဲ့တာ ဒါတွေကြောင့်ပေါ့!
ဒီနေ့မှ အလွမ်းတွေပိုနေရတဲ့ မောင့်ကြောင့် မျက်ဝန်းအိမ်မှာ လွမ်းငွေ့အရည်လေးလဲ့လာတော့မျက်တောင်တွေကို တစ်ဆက်ဆက်ပုတ်ခတ်ပစ်လိုက်ရင်း အိပ်ခန်းဆီသို့သာ ဦးတည်လိုက်ရတော့သည်။

"မျဉ်းပြိုင်တို့၏အဆုံး" 🍁{Completed}حيث تعيش القصص. اكتشف الآن