part 22 🍁

4.4K 193 2
                                    

🍁🍁🍁

"မောင် ! ဒီမှာ မောင့်အတွက် ကော်ဖီနဲ့ကိတ်"

နေ့လည်လူနာရှင်းတဲ့အချိန်တွေဆို ထမင်းစားနားကြရင်း ရှိူင်းတို့ဌာနနဲ့မောင်တို့ဌာနအတူဆုံဖြစ်တတ်ကြပါတယ်။ ဌာနနှစ်ခုစုံဖြစ်ပီးစကားတွေပြောကြတိုင်းလဲမောင်တို့အဖွဲ့လေးကသိပ်ကိုပျော်ဖို့ကောင်းတာ။ ထမင်းစားပီးတိုင်းလဲ စားပွဲပေါ် မုန့်အပြည့်ဖြင့် စားကြသောက်ကြရင်း စကားနိုင်လုတတ်ကြသေးသည်။ ဒီအချိန်လေးဘဲ မောင်တို့သူငယ်ချင်းတွေဆေးရုံတစ်ခုထဲအလုပ်လုပ်နေကြပီး ကောင်းကောင်းဆုံဖြစ်ကြသည်မို့ပင်။အဖွဲ့ထဲမှာတော့ ခြူးခြူးကဇာတ်လိုက်။ သူ မပါရင် စကားဝိုင်းက ဟာတာတာကြီးကိုဖြစ်လို့ ။

"အမလေးဟယ် ! နင်ကလဲ ငါတို့အတွက်လဲယူခဲ့လို့ရပါတယ်! နော့ မမဒေစီ"

"ငါ့မှာလက်ကနှစ်ဖက်ဘဲပါတာဟ ! အဲ့တာလဲမောင့်အတွက် အမှုထမ်းဖို့ဘဲမို့ sorry ဘဲဟာ! လိုချင်ကိုယ့်ဘာကိုယ်သွားယူ"

"မသာ !ကျေးဇူးကန်းကောင်"

"မကျေနပ်ရင် နင်လဲ ချစ်သူမြန်မြန်ထားလေ "

"ဟွန့် ! ငါတို့ကအပူမရှာတာဟဲ့ အပူမရှာတာ! တော်ကြာ အမေမွေးပီးအမေပေးတဲ့အသက်နဲ့ ကိုယ့်လုပ်စာကိုယ်စားပီး သူများသားသမီးထိုင်ပူနေရမှာမို့ပါနော် ! နော့် မမဒေစီရယ်"

"ဟုတ်ပါ့ ဟုတ်ပါ့ ! မမဒေစီတို့က အပျိုကြီးဘဝနဲ့ဘဲ အရိုးထုတ်မှာ "

"နင်သာ မောင်ထားခဲ့မှ မျက်ရည်ကြီးပေါက်ကျပီးငါတို့လာအပူမကပ်နဲ့ သဘောပေါက်! အဲ့ချိန်ကျ ထိုင်ဟားနေမှာ "

"ခြူးခြူး ! ကျန်တာစဟာ အဲ့တာတော့စပီးတောင်မပြောနဲ့ ငါမကြိုက်ဘူး"

"ရှိုင်း ကလဲ ! ခြူးခြူးက စလိုက်တာကို "

ခြူးခြူးကစကားနိုင်လုရင်းစလိုက်တာပေမဲ့ ရှိုင်းတကယ်မျက်နှာမကောင်းဖြစ်သွားတာ မောင် သိတာမို့ ရှိုင်းလက်ပေါ် မောင့်လက်ဖဝါးပြင်တို့ဖြင့် ထပ်တူကျစေကာ ညင်သာဖွဖွဆုပ်ကိုင်ပေးရင်း နှစ်သိမ့်ရတော့သည်။တစ်ဆက်တည်းတည်းမောင့်မျက်လုံးတွေထဲမြင်လာမိသည်က မနက်က အတ္တရဲ့အနမ်းတွေကိုစိတ်လိုလက်ရပြန်တုံ့ပြန်လိုက်မိသည်ကိုပင်။ မောင်ရှေ့လျှောက်အများကြီးအသိနဲ့သတိကပ်နေမှရတော့မှာ။ နောက်ထပ် အတ္တအပေါ်စိတ်ယိုင်လို့မဖြစ်။ ဖြစ်လဲမဖြစ်သင့်တာမောင်သိပါတယ်။

"မျဉ်းပြိုင်တို့၏အဆုံး" 🍁{Completed}Where stories live. Discover now