part 1🍁

24.4K 579 13
                                    

🍁🍁🍁

ခရစ်နှစ် 2011 ခုနှစ် ၊ မြန်မာသက္ကရာဇ် ၁၃၇၃ ခု လအားဖြင့် ကဆုန်လကုန် နယုန်လအကူးမို့ မိုးသက်လေတို့သည် တစ်ချီတစ်ချီတွင် ပြင်းပြင်းပြပြ တိုက်ခတ်လာပီး မြေသင်းနံ့တို့သင်းပျံ့လျှက်ရှိအောင် မိုးရွာစပြုလာလေပီ။ကဆုန် နယုန် ဆွေ့ဆွေ့ခုန် ဆိုတဲ့အတိုင်း နွေ ၏ အငွေ့အသက်တို့သည် မကုန်သေး၏လော၊သို့မဟုတ် အညာဒေသလေးမို့ ပိုပူရသည်ဟု ခံစားရ၏လော။ပူအိုက်လွန်းလှသဖြင့် တစ်နေ့ကို ရေ လေးခါထက်မနည်းချိုးရသည့် ရက်ချည်းပင်။မေမေ နန်းဧကရီ မွေးလို့ ဗိုက်ထဲကထွက်ပီး oxygen စရှုရှိုက်ရပါပီဆိုထဲက ကားနံ့၊ လူသူထုထပ်သည့် လူ့အနံ့ စသည့်မြို့နံ့တို့နဲ့သာ နေ့စဉ်နဲ့အမျှ ယဉ်ပါးခဲ့ရသည်မို့ ယခုလို မိုးပေါက်တို့ ပက်ဖျန်းသည့်အခါ ရှူရှိုက်ရသည့် မြေသင်းနံ့၊ စိမ်းလန်းတဲ့ သစ်ပင်တို့ရဲ့ရနံ့၊ မနက်မိုးလင်းလို့ ကျေးငှက်တို့၏ တွန်ကျူးသံတွေဟာ ကျွန်တော့်အတွက် ခံစားချက်အသစ်တွေပေးစွမ်းနိုင်မည်ဟု မထင်ခဲ့မိသည်။ကျွန်တော်ယခုရောက်နေသည့် ဒေသလေးသည် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူဆိုတဲ့နယ်လေးမှာ ဖေဖေဦးသီဟမင်းထင်ကျော်ရဲ့ ကျောင်းအုပ်ရာထူးအတိုးအပြောင်းကြောင့်ရောက်ခဲ့ရခြင်းပင်။ 1995 ခုနှစ်တွေရဲ့အစောပိုင်းအချိန်တို့၌ ဤဒေသလေးကို ကန်ဘီလူးဟူ၍ အစောဆုံးခေါ်ဝေါ်ခဲ့ကြသည် ကြားဖူး၏။ထိုခေတ်ခါက ကန်မှာစောင့်တဲ့ကန်ဘီလူးတွေရှိပီး ညဘက်တွေဆိုကလေးသူငယ်တွေကို စားသုံးတတ်တယ်လို့လဲရာဇဝင်ရှိခဲ့သည်။ရှေးလူတွေရဲ့တစ်ဆင့်စကားတစ်ဆင့်နားသယ်ခဲ့ကြသည့် စကားပေမို့ မှန်တစ်ဝက်မမှန်တစ်ဝက်ဖြစ်လောက်ပေမည်။ ဖေဖေက ဒီမြို့လေးရဲ့ ကျောင်းအုပ် အဖြစ်ရာထူးတိုးတာကတစ်ကြောင်း 2011 ပညာသင်နှစ်ကာလရဲ့ အထက်တန်းကျောင်းသားဘဝရောက်လာတဲ့ကျွန်တော့ကို ဖေဖေနဲ့မေမေက ပညာရေးကို တန်ဖိုးထားတဲ့ ပညာရေးဝန်ထမ်းတွေပီပီ အထက်တန်း‌‌တတ်ရမည့်ကျွန်တော့်ကို နယ်ဘက်တစ်ခါထဲ ကျောင်းတတ်ဖို့ခေါ်လာခဲ့သည်။ ညီလေးအတ္တ ကတော့ ဘွားစီ ရဲ့ ဘေးမှာဘဲ အဖော်ဖြစ်နေခဲ့ရပီး ရန်ကုန်ကျောင်းဘဲဆက်တတ်ရသည်။ နှစ်ယောက်လုံးခေါ်သွားမယ်လုပ်တော့လဲ ဘွားစီက "ဟဲ့! မိနန်း ညည်းက ငါသေတာမြင်ချင်နေသလားအေ၊ ငါ့မြေးနှစ်ယောက်လုံးခေါ်သွားတော့ ငါကို လွမ်းနာကျ သေအောင်လုပ်နေလေရောသလား" တဲ့။ ဘွားစီက ကျွန်တော်တို့ညီအစ်ကိုကို သိပ်ချစ်တယ်။ ကျွန်တော်လဲဘာထူးလဲ ညီလေးအတ္တ အဆိုးအပေလေးကို သိပ်ချစ်သည်။အထူးသဖြင့် မွေးပီးထဲက တစ်ခါမှခွဲမနေဖူးတော့ပိုဆိုး၏။စပီးနယ်ဘက်ပြောင်းလာတဲ့ရက်က ကျွန်တော်လွမ်းဖျားဖျားတော့ အတ္တလေးပါလိုက်ဖျားသည်တဲ့လေ ။ဒါကအမွှာတွေရဲ့ထုံးစံပေမို့လား။ အတ္တလေးက ကျွန်တော့နဲ့နာရီပိုင်းခြားပီးမွေးတဲ့ အမွှာ‌‌ပါ။ဒါမဲ့ အတန်းကိုတော့ တစ်တန်းနောက်ကျထားတာမို့ သူက အခုမှ 9 တန်းတတ်ရမည်။ စပြောင်းခဲ့တဲ့တစ်လကတော့ ညီလေးကိုလွမ်းလို့အစစအရာရာ အဆင်မပြေလှ။တစ်နေ့ကိုဖုန်းဆက်အလွမ်းသယ်ရတာလဲ အကြိမ်ပေါင်းမနည်း။ လာမဲ့အပတ် June လ 2 ရက်နေ့တော့ကျောင်းစတတ်ရတော့မည်မို့ကျောင်းသစ် ၊အပေါင်းသင်းသစ်၊ အတွေ့ကြုံသစ်၊အရာ အားလုံးအသစ်ချည်းဆိုတော့ ဆယ်ကျော်သက်ပီပီ စိတ်လှုပ်ရှားရတာတော့အမှန်။

"မျဉ်းပြိုင်တို့၏အဆုံး" 🍁{Completed}Donde viven las historias. Descúbrelo ahora