part 35 🍁

4.7K 239 19
                                    

🍁🍁🍁

"အဲ့တာက ဘာတွေဖြစ်နေကြတာလဲ "

"အတ္တ"

"ဩ ! ယောက္ခမကြီးရောပါလာတာဘဲ၊
မင်္ဂလာပါဗျ"

မောင်နည်းတူ မြန်မာဝတ်စုံလေးနဲ့ထွက်လာတဲ့ ဥက္ကဌကြီးက ခန္ဓာကိုယ်ကို အနည်းငယ်သာငုံ့
ကိုင်းပီး နှုတ်ဆက်လိုက်တဲ့စကားတွေ၊အမူအရာတွေဟာ မခန့်ပေါက်အသွင်ဆောင်နေတာကိုတော့ အန်တီပိုတို့ လူကြီးတွေတော့ မသိ၊ကျွန်မတို့လူငယ်ချင်းတော့ သဘောပေါက်ရိပ်စားမိသည်။

" ဘယ်လိုလုပ်မလဲဗျ မင်္ဂလာပွဲကပီးတောင်သွားပီ"

သားဖြစ်သူနဲ့ လက်ထက်လိုက်တဲ့သူကို ပထမဆုံးမြင်ဖူးရခြင်းတွေမှာ အန်တီပိုက ယခုထိ မင်သတ်နေတုန်းပင်။

"ဒီဘက်ကို လာစမ်း မြင့်မြတ်သောမောင်!

" ပြောနေတာကြားလား"

ဒုတိယအကြိမ် သတိပေးခံလိုက်ရတော့ မောင်က
ရှိုင်းလက်တွေကို ဆွဲခွာချရင်း ဥက္ကဌကြီးဆီတစ်လှမ်းချင်းတိုးကပ်သွားတော့သည်။

"လင်ငုတ်တုတ်ရှိနေတာကို ဒါက ဘာခွေးဇာတ်ခင်းအုံးမလို့လဲ ဟမ်!
ဟွန်း ! ကျုပ်က ကိုကို့လိုတော့ နောက်ကျောကိုဓားနဲ့အထိုးခံမဲ့ကောင်မဟုတ်ဘူးနော်၊ အေး ကျုပ်ကပြန်ထိုးရင်လဲ မြင်ရတဲ့ဓားနဲ့ဘဲ နလန်မထူနိုင်အောင်ထိုးသတ်ပစ်မှာဆိုတာ သဘောပေါက်"

ထိုစကားတွေကိုတော့ ဥက္ကဌကြီးက မောင့်လက်ကောက်ဝတ်ကို ဆုပ်ချေရင်းဖြင့် မီးတောက်နေတဲ့မျက်လုံးတွေကိုတော့ ရှိုင်းဆီကို
ပို့လွှတ်ထားရင်း ပြောသည်။

"အ့ အတ္တ"

ထိုအဖြစ်ပျတ်၌ သားဖြစ်သူရဲ့မျက်နှာပေါ်မှာ နာကျင်နေရခြင်းတွေကိုမြင်တော့ အန်တီပိုက ခြေလှမ်းတွေကို ဥက္ကဌကြီးဆီသို့ အနည်းငယ်တိုးလှမ်းသွားသည်။

"ဟို ဒီက ! ဒေါ်ဒေါ့် သားကို ဒေါ်ဒေါ်ပြန်ခေါ်သွားပါရစေကွယ်"

"ဘယ်ဖြစ်မလဲဗျ! မြင့်မြတ်သောမောင်က ဒီဘက်ကနဲ့ ဆိုင်သာဆိုင်သာ မပိုင်တော့ဘူး၊
ပီးတော့ မင်္ဂလာဦးညတောင် မကျော်ဖြတ်ရသေးဘဲ ဘယ်အမေက ကိုယ့်သားသမီးကို အိမ်ပြန်ခေါ်လို့လဲ... ယောက္ခမကြီးရဲ့"

"မျဉ်းပြိုင်တို့၏အဆုံး" 🍁{Completed}Hikayelerin yaşadığı yer. Şimdi keşfedin