part 12 🍁

5.5K 222 4
                                    

🍁🍁🍁

" မောင်ရော ! တီပို  ညနေအိမ်လာမယ်ပြောပီး မလာလို့ "

" မင်းအစ်ကို ကျောင်းဆရာကြီးအိမ်သွားတယ်လေ သား ! သားကိုမပြောသွားဘူးလား' ဒီကလေးကတော့ မိုးတောင်ချုပ်တော့မယ်ကို ပြန်မလာဘူး"

"ဒါဖြင့် တီပို!  သား သွားကြိုလိုက်မယ်လေ"

"အေးအေး သား ! တီပို အနောက့်နားသွားမလို့၊ သားတို့ပြန်လာရင် အတူထမင်းစားကြ၊ တီပို စားပွဲပေါ်မှာ အားလုံးပြင်ထားတယ် "

"ဟုတ်"

>>>>>>>

"မောင် ! မောင်ရေ !

အနည်းငယ် ပွင့်ဟနေတဲ့ ခြံတခါးနဲ့အတူ တစ်ခြံလုံးမှာ တိတ်ဆိတ်နေကြသည်။

ဘယ်များသွားကြလို့လဲ!

"အဂ္ဂ ! အဂ္ဂမောင် မင်းရှိလား၊ ငါဝင်ခဲ့မယ်နော်"

ခြံဝန်းထဲမှစကာ ဧည့်ခန်းရောက်သည်အထိ ဆက်တိုက်အော်ခေါ်နေပေမဲ့ လူသံမကြားသေးသည်မို့ ယောက်ယက်ခက်သွားရတော့သည်။ မောင် ပြန်သွားရင်လဲ လမ်းခုလတ်မှာတွေ့ရမည်။

"မောင်ရေ မောင် ! အဂ္ဂမောင် မင်းတို့အပေါ်မှာလား "

ဘယ်လိုမှခေါ်မရတဲ့အဆုံးအပေါ်ထပ်တတ်သွားဖို့သာ ဆုံးဖြတ်လိုက်ကာ လှေကားလက်ရမ်းတွေကိုင်ရင်းတတ်သွားတော့ ငါးထစ်မြောက်အရောက်မှာ လူသံတိုးတိုးလျလျလေးစကြားလာ၏။ မောင်ရှိနေသေးသည်၊ မဟုတ်သေးဘူး စကားသံဆိုတာထက် ငိုနေတာလိုလိုရှိုက်သံလိုလိုဆိုပိုမှန်လိမ့်မည်။ ကြားရတဲ့အသံကိုပိုတိတိကျကျကြားရဖို့အပေါ်ပြေးတတ်သွားတဲ့အခါ ပိတ်ထားတဲ့အခန်းတစ်ခန်းထဲမှ ထွက်လာတဲ့အသံပင်။
ဟုတ်တယ်! ဒါငိုနေတဲ့အသံ ပီးတော့ မောင့်အသံလေးဘဲ၊ ဟာ! မောင်များ ဘာဖြစ်လို့လဲ။

"မောင် မောင် ! ဒုန်း ဒုန်း ဒုန်း ! တံခါးဖွင့်စမ်း အထဲကဘယ်သူလဲ ; ဒုန်း ဒုန်း ဒုန်း !

"အဂ္ဂမောင် ! မင်းအထဲမှာမို့လား တံခါးဖွင့်လို့ပြောနေတယ်နော်!  ဒုန်း ဒုန်း ဒုန်း "

"အဂ္ဂမောင် ! မင်းမဖွင့် ငါတံခါးဖျတ်ဝင်လာ.."

"ကျွီ"

"မျဉ်းပြိုင်တို့၏အဆုံး" 🍁{Completed}Donde viven las historias. Descúbrelo ahora