part 41 🍁

5.2K 203 16
                                    

🍁🍁🍁

"ဟဲ့ ခြူးမေမောင်! ခြူးမေမောင် "

ခေါ်သံသဲ့သဲ့ဟာ အောက်ထက်ကနေစလာခဲ့ပေမဲ့ မိမိအခန်းဝရောက်သည်နှင့် ပိုကျယ်လောင်လာတော့သည်။

"ဒေါက် ဒေါက် ဒေါက်! ခြူးမေမောင် မိခြူး "

အဆက်မပြတ်ခေါ်သံတို့ကို လျစ်လျူရှုကာ ဘေးကလွတ်နေတဲ့ခေါင်းအုံးကို ဆွဲယူပီး မျက်နှာထက်သို့ ဖိအုပ်လိုက်သည်။

"ခြူးမေမောင်! ကိုးနာရီ ထိုးဖို့ ငါးမိနစ်ဘဲနော်"

"ဘုရား ! ကိုးနာရီ"

ကဗျာကယာထကာ စောင်ကိုဘေးဆွဲပစ်ပီး ညဝတ်အင်္ကျီ၊ ဘောင်းဘီကို ကြမ်းပြင်ပေါ် ဆွဲချွတ်ချထားခဲ့ကာ နှစ်မိနစ်နှင့် ရေကိုအပီး ချိုးရပြန်တော့မည်။

"ဟွန်း ဟွန်း..."

လက်သီးကလေးဆုပ်​ပြကာ အခန်းထဲဝင်လာတဲ့အမေ့ရဲ့ခပ်အုပ်အုပ်ကြိမ်းသံတွေလဲ ဂရုမစိုက်နိုင်တော့။

"ကြည့် ကြည့် လုပ်တော့မယ်! ညည်း ရေကို ငါးမိနစ်ပြည့်အောင် ဘယ်တော့မှချိုးမှာလဲ"

မိမိအခန်းထဲက ချွတ်ပစ်ထားတဲ့ အဝတ်တွေ လိုက်ကောက်လိုက်၊စောင်တွေကိုဆွဲခေါက်လိုက်နဲ့ အလုပ်ရှုပ်နေရင်း သူမရဲ့ ဆက်တိုက်ရေရွက်နေတဲ့ ချစ်စဖွယ်ဆူပူသံလေးတွေကို ရေပန်းအောက်ကနေ ဝိုးတဝါးကြားနေရသည်။

"ညည်း အဲ့ကြယ်တွေကို တတ်တတ်ကြည့်တာ ဘယ်တော့မှ ရပ်မှာလဲ! မဟုတ်ရင် ငါ အထပ်ခိုးကို အသေပိတ်ပစ်တော့မယ်နော်"

မျက်နှာထက် တပေါက်ပေါက်ရိုက်ကျလာတဲ့ ရေစက်တို့ကြား ကျွန်မ တစ်ချက်ပြုံးမိသွားသည်။ ကြယ်တွေ၊ဟုတ်သည်။အထပ်ခိုးမှာ ညတိုင်း ကြယ်တွေ တတ်ကြည့်ရသည့်အပိုစောင်း အလုပ်ကို မမဒေစီက ပေးသွားခဲ့သည်။နိုင်ငံရပ်ခြားမှာ သူမရော ကျွန်မနည်းတူ ကြယ်တွေကြည့်ဖြစ်သည်လော။

"ဒုန်း..... ဒုန်း.... ဒုန်း"

"ဟဲ့ ဟဲ့ အမလေးအေ ! ခြေနင်းကြမ်းလှချည်လား ခြူးမေမောင်ရဲ့၊ခြေနင်းကြမ်းရင် ဆင်းရဲတတ်တယ်ဆိုတာ ညည်းမသိဘူးလား၊ညည်း အဲ့တာကြောင့် အခုချိန်ထိ နေ့ရောညရော အလုပ်လုပ်နေရတာ"

"မျဉ်းပြိုင်တို့၏အဆုံး" 🍁{Completed}Tempat cerita menjadi hidup. Temukan sekarang