🍁🍁🍁
(⚠️ဤအပိုင်းတွင် အိပ်ရာပေါ်က အသုံးအနှုန်းများ ထည့်သွင်းရေးသားထားသည်ကြောင့် အသက်ပြည့်ပီးမှသာ ဖတ်ပါရန်)
"ဟို ဥက္ကဌ...အွင့် "
"ပြွတ်"
မောင်ပြန်မှရတော့မှာ...ပြန်မှဖြစ်တော့မှာ မဟုတ်ရင် မောင်တကယ် အတ္တအပေါ်အလုံးစုံစိတ်ယိုင်သွားတော့မှာကို သိသည်။ထို့ကြောင့် မခိုင်တော့တဲ့စိတ်နဲ့ အတ္တရှိရာအနောက်ကိုလှည့်ကာ အတ္တကိုပြန်ဖို့ခွင့်တောင်းမည်အပြုမှာတော့ မောင်တို့နှစ်ယောက်ကြားကအကွာဝေးလေးကို အတ္တက ခြေလှမ်းနှစ်လှမ်းစာဖြင့်သာ တိုးလှမ်းလာခဲ့သည်။အနားရောက်သည်နှင့် လက်တစ်ဖက်ကမောင့်ခေါင်းကိုထိန်းကိုင်လိုက်ကာ ကျန်လက်တစ်ဖက်က မောင့်ခါးမှသိမ်းပွေ့ထားပီး သူ၏ရင်ခွင်နားထိဆွဲကပ်ကာ မောင့်နှုတ်ခမ်းတွေကို ငုံထွေးလိုက်ပါတော့သည်။
"အွင်း... အွင့်... "
မောင့်လက်တွေက ရင်ခွင်နှစ်ခုကြား ဖိကပ်ထားခံနေရတာမို့ အတ္တရင်ဘက်ကိုတွန်းကာ မောင်တားရတော့သည်။
"အွင့် ..လွှတ်..ပါ ဥက္ကဌ..အွင်း!
"မောင် ကိုယ့်ကို အဲ့လိုထပ်ခေါ်နေရင် ဒီနေရာတင် မထနိုင်အောင် နမ်းပစ်တော့မှာ"
ပြောရင်ပြောတဲ့အတိုင်း တကယ်လုပ်တတ်တာမို့ အတ္တရဲ့ကျယ်ပြန့်လွန်းလှတဲ့ ရင်ခွင်ထဲမှာ မောင့်ခန္ဓာကိုယ်တစ်ခုလုံး မလူးသာမလှုပ်သာဘဲဖြစ်ရကာ အသက်ရှူပါကျပ်လာရတော့သည်။
"ဟို အ အတ္တ! ခဏလေးပါ မောင် မောင် ပွင့်ပွင့်လင်းလင်းဘဲပြောပါ့မယ်! မောင့်မှာ ...."
"ဘာလဲ ! မောင့်မှာ ချစ်သူရှိတယ်တို့ ဘာတို့လား"
" ဟို "
"ကိုယ်က မောင့်အကြောင်းတွေမစုံစမ်းထားဘဲ မောင့်အနားချည်းကပ်ခဲ့တယ်ထင်နေတာလား။ ဒီမှာမောင် !ရှေ့လျှောက် မောင့်ရဲ့ ဆံပင်ကနေ ခြေဖျားထိကို ကိုယ်ဘဲပိုင်ရမှာမို့ မောင့်ရဲ့ လက်ရှိချစ်သူတွေဘာတွေ အကုန်ရှင်းထားပေး! ဒါကမောင့်ကို ဒုတိယအကြိမ်အလိုလိုက်တဲ့အနေနဲ့အချိန်ပေးတာ၊ နောက်တစ်ခုက မောင့်ပါးပြင်ကို နေ့လည်ကလို ဘယ်သူနေနေ မနမ်းပါစေနဲ့၊ နောက်တစ်ခါမြင်ရရင် ကိုယ် မောင့်ကိုအလိုမလိုက်တော့ဘူး "
YOU ARE READING
"မျဉ်းပြိုင်တို့၏အဆုံး" 🍁{Completed}
Romanceနေခြည်ထွေးပွေ့ပေးမှ ပွင့်ရမဲ့ပန်းတွေအများကြီးရှိတယ်မောင် အဲ့ဒီထဲကမှ ကိုယ်က နေကြာပန်း၊ နေခြည်ရှိတဲ့ဘက်ကို အမြဲ ဦးညွှတ်ခစားနေမဲ့ နေကြာပန်း🍁 🍁Started on - July 2022🍁 🍁Ending - November 2022🍁