part 34 🍁

4.2K 206 25
                                    

🍁🍁🍁

"မောင်ရယ်"

ပါးတစ်ဖက်ပေါ်စီးကျလာတဲ့မျက်ရည်စီးကြောင်းလေးနဲ့အတူ နှုတ်ခမ်းလေးတွေကနေတုန်ရီစွာ ရေရွက်လိုက်တဲ့စကားလေးအဆုံးမှာ အန်တီပို' က စားပွဲကိုအားပြုလိုက်ရင်း ထိုင်ခုံတစ်လုံးပေါ် အရုပ်ကြိုးပြတ်ထိုင်ချလိုက်တော့ နောက်ကနေ ပခုံးနှစ်ဖက်ကိုလက်တို့ဖြင့်ဆုပ်နှယ်ပေးကာနှစ်သိမ့်လိုက်သည်က အန်တီအေး' ပင်။ခြောက်ဆယ်ကျော်ခုနှစ်ဆယ်နီးပါးရှိလှပီဖြစ်တဲ့ ဒီအမျိုးသမီးကြီးနှစ်ယောက်ရဲ့ တစ်ယောက်ကတစ်ယောက်အပေါ်ထားတဲ့မေတ္တာတွေကလဲ နည်းနည်းနောနောတဲ့လား။
အလောတကြီးလာလိုက်ရတဲ့ ခရီးပေမို့ ဟိုတစ်ပင်ဒီတစ်ပင်ဖြူလို့နေတဲ့ဆံချည်လေးတွေကိုဘီးဆံပတ်ဆံထုံးလေးတွေ ကိုယ်စီထုံးထားပီး  ရက်ကန်းထည်လေးတွေကို ဝတ်ဆင်လာတဲ့ ဒီအမျိုးသမီးလေးနှစ်ယောက်မှာ ယခုတော့ စိတ်ထောင်းလို့ကိုယ်ကျေရချေပီ။
တရားရုံးကစခဲ့လို့ အဖြစ်ပျတ်အားလုံးကို စကားပြောရင်အမြဲအေးအေးလူလူနဲ့ လိပ်ပတ်လည်အောင်ပြောပြတတ်တဲ့မမဒေစီက အန်တီပိုတို့ကို သေချာလေးရှင်းပြခဲ့ပါတယ်။ပါးပြင်ပေါ် စီးကျလာတဲ့မျက်ရည်စလေးတွေကို လက်ချောင်းတို့ဖြင့်ဖိဆွဲသုတ်ပစ်ရင်းပေါ့။

"အဲ့လိုနဲ့ မောင်က ကြီးပိုကိစ္စ ညှိနှိုင်းဖို့ ......"

လက်စမသတ်လိုက်တဲ့ မမဒေစီ စကားတွေကိုသဘောပေါက်နားလည်သွားတဲ့ အန်တီပိုက ဘေးနားရပ်နေတဲ့ အန်တီအေးရဲ့ ခါးကိုဆွဲဖက်လိုက်ကာ မျက်နှာအပ်ပီး ရှိုက်ငိုပါတယ်။

" ကြီးပို' တို့ကို အကြောင်းမကြားဖို့အထပ်ထပ်မှာထားပေမဲ့ အခုနေ ရှိုင်း နိုးလာလို့ မောင်ပြန်ရောက်မလာသေးတာကိုမြင်ရင် မနေ့ကလိုသောင်းကျန်းနေမှာ'ကြီးပို။အခုတောင် သံဆူးတဲ့ဒဏ်ရာကြောင့် အဖျားတွေတတ်၊ဆေးအရှိန်တွေကြောင့်မို့ အိပ်ပျော်နေလို့၊မဟုတ်ရင် မောင့်ကိုသွားခေါ်မယ်တကဲကဲနဲ့ ...
အဲ့တာကြောင့်! ဘယ်လိုမှမတတ်နိုင်တဲ့အဆုံး ကြီးပိုတို့ကို လှမ်းအကြောင်းကြားရတာပါ"

"............"

"ကြီးကြီးပို ! မောင့်ကို......."

"မောင် ! မောင့်"

"မျဉ်းပြိုင်တို့၏အဆုံး" 🍁{Completed}Where stories live. Discover now