🍁🍁🍁
Monday
“ တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ တို့ပြည် တို့မြေ
များလူခတ်သိမ်း ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့မြေ တို့ပြည် တို့မြေ
ပြည်ထောင်စု အမွေ အမြဲတည်တံ့စေ အဓိဌာန်ပြုပေ ထိန်းသိမ်းစို့လေ
(ကမ္ဘာမကြေ မြန်မာပြည် တို့ဘိုးဘွားအမွေအစစ်မို့ ချစ်မြတ်နိုးပေ။)၂ .......
......................
..........................."
“ခွီ! ဟား ဟား ဟား"
နိုင်ငံတော်သီချင်းကို ကျောင်းသား/ကျောင်းသူ အားလုံးသံတူတတ်ညီလက်ညီ သီဆိုကာ နိုင်ငံတော်အလံကိုတစ်ပြိုင်နက်အလေးပြုကြအပီး ကျောင်းအုပ်ဆရာကြီးအပါအဝင် ဝါရင့်ဆရာ/ဆရာမကြီးများမှ တစ်ယောက်ပီးတစ်ယောက် ကျောင်းစည်းကမ်းနှင့်သတ်ဆိုင်ရာ ဆုံးမစကားများကို ဩဝါဒချွေပီးသည့်တိုင်အောင် အဂ္ဂမောင်တစ်ယောက် မျက်နှာပိုးမသတ်နိုင်သေးပေ။ အကြောင်းက ဒီနေ့ဆံပင်ရှည်ဆေးဆိုးတာတွေစစ်မည်ဖြစ်၍ အာကာတစ်ယောက် ဦးနိုင်လူ နှင့်တူသော ဂတုံးပေါက်ကေ ညှပ်လာ၍ပင်။ ပြောသားဘဲ မောင်နဲ့မို့ အဲ့ပုံစံက လိုက်တာပါဆို။
“ဟျောင့် အဂ္ဂ "
“ရှူး ! တိုးတိုးခေါ်ပါကွ ' ဆရာမကြားသွားမယ်"
“အေး ! မင်း တွေ့မယ်! ရယ်နေလိုက်"
တန်းစီနေတဲ့ အလယ်တန်းလောက်ကနေ အာကာနဲ့ အဂ္ဂမောင် တို့လားစိတ်လား လုပ်နေသည်ကို မြတ်သောမောင်တစ်ယောက် သွားတန်းဖွေးဖွေးလေးတွေပေါ်အောင် ရယ်နေသည်ကို ရှိုင်းတစ်ယောက်မြင်ဖြစ်အောင်မြင်လိုက်သည်။
>>>>>>
“မင်း အပြာကားတွေကြည့်တာ ငါ မြတ်သောမောင်ကို ပြောလိုက်ရမလား ”
“ဟာ အာကာ ကလဲ !ငါက ပျော်စေချင်လို့စတာကို မရယ်တော့ဘူးကွာ၊ မရယ်တော့ဘူး"
အတန်းထဲထိုင်သည်အထိ မျက်နှာပိုးသတ်မရတဲ့ကျွန်တော့ကို အာကာက ဒီလို မောင်နဲ့ ခြိမ်းခြောက်ပါတယ်။
YOU ARE READING
"မျဉ်းပြိုင်တို့၏အဆုံး" 🍁{Completed}
Romanceနေခြည်ထွေးပွေ့ပေးမှ ပွင့်ရမဲ့ပန်းတွေအများကြီးရှိတယ်မောင် အဲ့ဒီထဲကမှ ကိုယ်က နေကြာပန်း၊ နေခြည်ရှိတဲ့ဘက်ကို အမြဲ ဦးညွှတ်ခစားနေမဲ့ နေကြာပန်း🍁 🍁Started on - July 2022🍁 🍁Ending - November 2022🍁