🍁🍁🍁
"မောင်"
သန်းခေါင်ယံညရဲ့ တိတ်ဆိတ်ခြင်းနဲ့အတူ ကျောပြင်နောက်ကကြားလိုက်ရတဲ့အသံ၏လေယူလေသိမ်းမှာတိုးလျလျနှင့် အက်ကွဲနေသည်။ထိုအသံသည် ခတ်ခတ်ခဲခဲနှင့် ပင်ပန်းကြီးစွာ လည်ချောင်းကနေဆန်တတ်လာရတဲ့အသံမျိုး။ဆွေးဆွေးမြေ့မြေ့လဲနိုင်လှသည်။နှလုံးအိမ်ကိုချောက်ချားစရာကောင်းလောက်အောင်ထိုးခွင်းလာသည့် ထိုဂရုဏာသက်ဖွယ်အသံနှင့်အတူ မကြာကျောပြင်ကို မှီတွယ်လိုက်တဲ့ ခန္ဓာကိုယ်တစ်ခု။ခါးတွေကိုတင်းကျပ်နေအောင် ထွေးပွေ့ခံထားရသည်ကလဲ အသက်ရှူကျပ်စေလောက်တဲ့အထိ။နားသယ်စပ်နားကို ရိုက်ခတ်လာတဲ့အသက်ရှူသံတို့ဟာလဲ စည်းချက်မကျလှသည်။နှာခေါင်းထဲကိုတိုးဝင်လာတဲ့ ရေမွှေးနံ့နဲ့ ပြင်းရှရှဝိုင်နံ့ဟာ ညစဉ်ညတိုင်းရှူရှိုက်နေရတဲ့ရနံ့တွေမို့ မင်းအတ္တမောင်ဆိုတာသိသည်။သို့ပေမဲ့ အမြဲကြမ်းကြမ်းတမ်းတမ်းဘဲသုံးနှုန်းပြောဆိုခဲ့တဲ့သူက မောင့်ကို ဘာလို့ဒီလိုခေါ်ရသလဲ။ခေါ်စရာလဲမလို။
"မောင်သိပ်ကြောက်နေခဲ့မှာပေါ့၊ အရမ်းလဲထိတ်လန့်နေခဲ့မှာပေါ့၊အရမ်းလဲနာကျင်ခဲ့ရမှာပေါ့"
ထူးဆန်းတဲ့စကားတွေကို ပင်းပန်းကြီးစွာ ဆက်တိုက်ရွတ်ဆိုနေရင်းနဲ့အတူ ပခုံးထက်ကို
တပေါက်ပေါက်ကျလာတဲ့ ပူနွေးနွေးအရာတို့ကြောင့် ထိတ်လန့်တကြား နောက်က ခန္ဓာကိုယ်ကိုတွန်းလွှတ်လိုက်သည်နှင့် ထင်လိုက်သည့်အတိုင်း မင်းအတ္တမောင် ငိုနေတာ။ဒါဟာ ပထမဆုံးအကြိမ်ဖြစ် မင်းအတ္တမောင်ရဲ့ မျက်ရည်တွေကိုမြင်ဖူးရခြင်းပင်။ဒီအားနည်းနေတဲ့မျက်လုံးတွေကရော အခါများစွာကလို ခက်ထန်တင်းမာမှုတွေ၊အာဏာတွေမပါဘဲ ဘာလို့ညှိုးငယ်နေတာလဲ။ဖူးရောင်နေတဲ့မျက်နှာကရော ဘာဖြစ်လာတာလဲ။"မင်း ဘာလုပ်တာလဲ အဲ့တာ"
ထပ်ပီး ကြမ်းပြင်နဲ့ဒူးတွေကို ပြင်းပြင်းထန်ထန်ဦးတိုက်ချလိုက်ပြန်သည်ကြောင့် ဒီတစ်ကြိမ်နောက်ကို ခြေလှမ်းတွေဆုပ်သွားရသည်က မောင်။
"ကိုယ်ဘယ်လိုလုပ်ရပါ့မလဲ၊ ကိုယ် အရမ်းကြောက်နေပီ မောင်! ကိုယ် အရမ်းကြောက်နေတယ်၊သွေးပျက်မတတ်ကို ကိုယ် ကြောက်နေတယ်"
أنت تقرأ
"မျဉ်းပြိုင်တို့၏အဆုံး" 🍁{Completed}
عاطفيةနေခြည်ထွေးပွေ့ပေးမှ ပွင့်ရမဲ့ပန်းတွေအများကြီးရှိတယ်မောင် အဲ့ဒီထဲကမှ ကိုယ်က နေကြာပန်း၊ နေခြည်ရှိတဲ့ဘက်ကို အမြဲ ဦးညွှတ်ခစားနေမဲ့ နေကြာပန်း🍁 🍁Started on - July 2022🍁 🍁Ending - November 2022🍁