🍁🍁🍁
ရွက်ဝါပျိုတို့ မြေပေါ်သက်ဆင်း ကြွေခရသည့် နွေဦးရာသီ။ဤရာသီသည် အလွမ်းငွေ့ကို ပြေပြေလေးသယ်ဆောင်ပေးတတ်သည့်သဘောရှိသည်။ထိုသဘောသဘာဝတွင် ကချေသည်လေးများနှင့်တူသည့် ရွက်ဝါပျိုတို့သည်ပင် ငိုပွဲကို အသည်းကြွလုဖြင့် အညှာမခိုင် ဝဲဝဲလွင့်လွင့်ကြွေဆင်းပေးကြရသည်။ကျွန်တော်သည်ပင် အသည်းကြွေလု ငိုချင်ပါရက်နှင့် မငိုနိုင်။ပတ်ဝန်းကျင်တွင် လေရူးဝင်ရိုက်ခတ်လာတိုင်း တသဲ့သဲ့ကြွေကျနေသည့် ရွက်ဝါပျိုတို့နှင့်အတူ ကျွန်တော်ရပ်တည်နေရာ ဤနေရာသည် အုတ်ဂူပျိုတို့ တည်ရှိရာ သင်္ချိုင်းမြေသာတည်း။ရွက်ဝါပျိုတို့ ကိုယ်ပေါ် တသဲ့သဲ့ကျဲချကြရင်း မောင့်အချစ်ဦး မည်သည့်အုတ်ဂူရှေ့တွင် ကျွန်တော်တွေဝေစိုင်မောနေရသည်။အလွမ်းငွေ့ငွေ့တို့၊အသည်းကြွလု ငိုပွဲတို့နှင့် ဇာတ်ခင်းခဲ့ရသည့် ဤဇာတ်လမ်းရှည်ကြီးသည် တစ်ခန်းရပ်ခဲ့ရသည်မှာ တစ်နှစ်လည်ခဲ့လေပီ။
တစ်ယောက်သောသူ၏ ဈာပနပွဲဟာ ကျွန်တော်နဲ့မောင်ရဲ့ နိဂုံးချုပ်ပေါင်းစည်းခြင်းကိုပါ ပြာချသဂြိုဟ်ခဲ့၏လော။ဇာတ်သိမ်းခန်းတွင် ချစ်ရသူကို အနားမှာခေါ်ထားနိုင်ပါလျက်နှင့် သူကလေး၏နှလုံးသားတို့သည် ကျွန်တော်နှင့် မသတ်ဆိုင်သော ရပ်ဝန်းလေးသာ။ခန္ဓာကိုယ်တစ်ခုလုံးကို ချိုင်းထောက်နှင့် ယှဉ်တွဲထားသည့်ခြေအစုံပေါ်ကို တည့်မတ်ထားလိုက်ကာ စာအိတ်ကလေးကို ဖွင့်ဖောက်လိုက်သည်။
ချစ်ရပါသော မောင်.....
ချစ်မြတ်နိုးခြင်းများစွာနဲ့ ရေးထားတဲ့ ဒီစာလွှာလေး မောင့်ထံပါး ရောက်လာတဲ့အခါ အမုန်းတွေကိုခဝါချထားနိုင်ပီး မောင် အပြုံးတွေနဲ့သာ ဖတ်ပါ။အချိန်အကြာကြီးနေမှ ရောက်လာတဲ့စာလွှာလေးနဲ့အတူ အချိန်တွေလဲကြာပီဖြစ်လို့ မောင့်အမုန်းတွေ
ပျယ်လွှင့်နေပါစေလို့လဲ ကိုယ်ဆုတောင်းပါတယ်။ ဒီစာလေးဟာ ကိုယ့်ချစ်ခြင်းမေတ္တာတွေ စိမ့်ဝင်နေတဲ့ နောက်ဆုံးစာလေးမို့ မောင် ဖတ်ဖြစ်အောင်ဖတ်ပေးပါ။
ပထမဆုံးအနေနဲ့ ကိုယ်ဟာ မောင့်ကို သိပ် သိပ်ချစ်တယ်၊သိပ်မြတ်နိုးတယ် ဆိုတာကိုတော့ မောင် သံသယကင်းကင်းနဲ့ ယုံကြည်ပါ။
တကယ်ဆို ကိုယ်ဟာ မောင့်ကို ချစ်လွန်းလို့သာ ဖက်တွယ်နေရတာ၊ တွေးကြည့်ရင် မောင့်ရပ်ဝန်းတွေက သိပ်ပီး သိမ်ငယ်ရတယ်။အဲ့လိုဆိုတောင်မှ ကိုယ်ဟာမောင့်ရဲ့ အေးစက်စက် လက်တွေကို မိုက်ရူးရဲဆန်စွာ ဆွဲထားခဲ့တယ်။မနွေးထွေးတဲ့ မောင့်မျက်ဝန်းတွေဆီကိုလဲ ခိုကပ်ခဲ့ပါတယ်။ဒီလို မောင့်ကို ချစ်ရတာ သိပ်လဲဝဋ်ကြီးပါတယ်။
အဲ့ဒီလို ကိုယ်ဟာ မောင့်ကို အသက်တမျှ ချစ်မြတ်နိုးခဲ့ရပါတယ်။ဒါမဲ့လေ ကိုယ်ဟာ မောင့်ကို ဘယ်တုန်းကမှ ပိုင်ဆိုင်တယ်လို့ မခံစားခဲ့ရဘူး။ ဘယ်တုန်းကမှလဲ မောင်နဲ့ကိုယ်ဟာ မဆုံစည်းခဲ့ပါဘူးကွာ။မျဉ်းပြိုင်နှစ်ကြောင်းပေါ်မှာ ရပ်နေရသလိုပေါ့၊တစ်ဖက်မျဉ်းဖြောင့်ပေါ်မှာ ရပ်နေတဲ့မောင့်ကို ဒီဘက်မျဉ်းဖြောင့်ပေါ်က ကိုယ်က အမြဲငေးကြည့်နေခဲ့ရတာ၊မျဉ်းပြိုင်တွေဆိုတာကရော ဘယ်မှာဆုံမှတ်ဆိုတာရှိမတဲ့လဲ။ ဒါမဲ့ မောင်သိလား အရာရာတိုင်းမှာ အဆုံးဆိုတာ ရှိကိုရှိတယ်၊ရှိကိုရှိတာမို့ အဲ့ဒီ မျဉ်းပြိုင်တွေရဲ့ အဆုံးရောက်ရင် ကိုယ်ရှိနေမယ်၊မောင့်ကို ကိုယ်စောင့်နေမယ်။မောင်ဟာ ဘယ်လမ်းခရီးကိုဘဲ ရွေးချယ်ရွေးချယ် အဲ့ဒီလမ်းလေးရဲ့ အဆုံးရောက်ရင် ကိုယ့်ကိုသာ တစ်ချက်လေး စောင်းလှည့်ကြည့်ပေး၊ကိုယ် စောင့်နေမယ်။
အသေအချာကတော့ ဒီဘဝမှာ ကိုယ်ဟာ မောင့်ကို ရှင်နေလျက်နဲ့ ငေးကြည့်နေဖို့ဆိုတာ ကိုယ်မဝံ့ရဲဘူး၊သေမလောက်လဲ ကိုယ်ကြောက်ရပါတယ်။ဒီတော့ မောင့်ကို တစ်ပါးသူထံ ပေးအပ်နိုင်ဖို့ဆိုတာ ကိုယ့်ရင်ဘက်တွေဟောင်းလောင်းပေါက်ဖြစ်နေမှကို အဆင်ပြေမှာ မောင်။ဒါကြောင့် ကိုယ့် နှလုံးသားတွေ ကိုစတေးခဲ့ပါတယ်။ကိုယ့်ကြောင့် မောင်နာကျင်ကြေကွဲခဲ့ရတာတွေ၊ဆင်းရဲဒုက္ခရောက်ခဲ့ရတာတွေအတွက် ကိုယ်ဟာ ကိုယ့်စီရင်ချက်ကို ကိုယ်တိုင်ချပီး ကိုယ်စတေးခဲ့တဲ့ နှလုံးသားတစ်စုံနဲ့အတူ မောင်ပျော်ပါစေ။ပီးတော့ ကိုယ့်နှလုံးသားလေးနဲ့အတူ မောင့်အချစ်ဆုံးလေးလဲ အသက်ရှည်ပါစေ။ဒီကုသိုလ်တွေအတွက်ကိုတော့ ကိုယ်ဟာ ဘုရားဆုတော့ မပန်လိုဘူး မောင် ၊ မပန်လိုဘူး။ဖြစ်လေရာ ဘဝမှာ မောင့်အနီးနားဝန်းကျင်လေးမှာသာ မွေးဖွားခွင့်တွေရချင်တယ်၊မောင့်ရဲ့ အချစ်ဦးဘဲ ဘဝအဆက်ဆက်ဖြစ်ချင်တယ်၊ပီးတော့ လောဘကြီးတဲ့ ကိုယ့်ဆုတောင်းတွေထဲ မောင့်ရဲ့အချစ်ရဆုံးလူ ဖြစ်ဖို့ကိုလဲ ထပ်ပေါင်းဆုတောင်းတယ်။ဖြစ်နိုင်မယ်ဆို ကိုယ့်ကိုမေ့မသွားပါနဲ့ ၊ဖြစ်နိုင်မယ်ဆိုရင်ပေါ့လေ။ပီးတော့ အခွင့်အခါသင့်တာနဲ့အမျှ မောင်ကိုယ့်ကို ခွင့်လွှတ်နိုင်ပါစေတော့....
ESTÁS LEYENDO
"မျဉ်းပြိုင်တို့၏အဆုံး" 🍁{Completed}
Romanceနေခြည်ထွေးပွေ့ပေးမှ ပွင့်ရမဲ့ပန်းတွေအများကြီးရှိတယ်မောင် အဲ့ဒီထဲကမှ ကိုယ်က နေကြာပန်း၊ နေခြည်ရှိတဲ့ဘက်ကို အမြဲ ဦးညွှတ်ခစားနေမဲ့ နေကြာပန်း🍁 🍁Started on - July 2022🍁 🍁Ending - November 2022🍁