part 5 🍁

5.6K 244 0
                                    

🍁🍁🍁

(⚠️ ဤအပိုင်းတွင် ညစ်ညမ်းအသုံးနှုန်းများ ပါ၍ အသက်ပြည့်ပီးသူများသာ ဖတ်ရန်)

ညမီးရောင် မှိန်ပြပြအောင်မှာ ရေနွေးကြမ်းဓာတ်ဘူးကိုအဖော်ပြုရင်း သားလေးမြတ်သောမောင်ရှေ့ရေးအတွက် တိတ်တဆိတ် သက်ပြင်းမောချနေရသည်။ ငယ်စဉ်ကတည်းက မကောင်းတဲ့အတိတ်တွေနဲ့ကြီးပျင်းခဲ့ရလို့ သားမောင် ကိုသိပ်သနားသည်။
အားလုံးကလဲအမေ့ အပြစ်တွေပါသားရယ် အမေ့အပြစ်တွေပါ ။သစ္စာမရှိတဲ့ မင်းအဖေကို အမေ အရာအားလုံးပုံအောမိခဲ့တဲ့အတွက် ဒီလို ကံကြမ္မာဆိုးတွေ သားဆီ ရောက်စေခဲ့ရတယ်။ မွေးဖွားပီးလို့ သားလေး ကံကြမ္မာကို အဘွားဖြစ်သူ က နတ်ကတော်ဒေါ်ကြွေးကြီးဆီ ကံကြမ္မာဖတ်ခိုင်းခဲ့တော့လဲ အမေမင်းအတွက် ယူကြုံးမရဖြစ်ရတာဘဲ။မိပို! ညည်းသားက သိပ်ကံဆိုး ရှာတယ်။ မြတ်သောမောင်လေးက လူချစ်တဲ့ကံ နဲ့ လူမုန်းတဲ့ကံ ဒွန်တွဲပါလာသလို၊ ဂုဏ်သတင်းတတ်မဲ့ကံနဲ့ ဂုဏ်သရေပျတ်ပြားအောင်လုပ်ခံရမဲ့ကံ က ပါလာပီးသားတဲ့လေ။ အခုတော့ ဒါတွေက သေချာပေါက်မှန်နေသလိုပါ့ဘဲလားသားရယ်။
လူတွေဟာ စီးပွားတူတော့ရန်သူမှတ်၏ ဆိုတဲ့အတိုင်း အခုဆိုရပ်ကွက်ထဲက အမေနဲ့လုပ်ငန်းတူလုပ်နေတဲ့ ဒေါ်ရီက ရပ်ကွက်ထဲ သားကို ထိပါးပြောဆိုနေလိုက်တာဆိုတာ အမေနားထောင်ရတာတောင် မကြားဝံ့မနာသာကွယ်။ အမေ မင်းမျက်နှာကြောင့် ဒီတစ်ကြိမ်လေ သည်းညည်းခံခဲ့ပေမဲ့ နောက်တစ်ကြိမ်ဆို အမေဘာလုပ်မိမယ်မသိဘူး။ ဒီကောလဟာလတွေအတိုင်းမဖြစ်ဖို့ကတော့ အမေ သားကို ဒီ့ထက်လဲ တင်းမာရမှာဘဲ။အနှောင်အဖွဲ့တွေနဲ့ မထိတွေ့စေဖို့၊မင်းအဖေသွေးမပါဖို့ကတော့ အမေ လက်ပါတဲ့အချိန် ပါကောင်းပါရမယ် သား။ ဒါတွေကို သားလေးနားလည်ပေးပါကွယ် နားလည်ပေးပါ ။အမေ့ဘဝဟာ သားအတွက်ဘဲ တည်ရှိခဲ့တာပါ ။အမေမင်းအတွက်ဆိုလေ ဘာဘဲရင်ဆိုင်ရရင်ဆိုင်ရ ၊ဘာဘဲပေးဆပ်ရပါစေ အမေသားရှေ့က မားမားမတ်မတ် ရပ်တည်ပေးမှာ။

" အမေ !

ချည်တဘက်ကလေးနဲ့ မျက်ဝန်းတွေအနီး တို့ကာတို့ကာနှင့် မျက်ရည်တွေကို ခိုးသိမ်းနေတဲ့ အမေ သည် ဘာကို အောင့်မေ့သတိရနေပါသနည်း။

"မျဉ်းပြိုင်တို့၏အဆုံး" 🍁{Completed}Where stories live. Discover now