part 8 🍁

5.4K 228 1
                                    

🍁🍁🍁

ဒီလိုနှင့် ကျောင်းချိန်တွေတစ်ပတ်ပီးတစ်ပတ်တတ်လာခဲ့ရသည်မှာ ဝါဆိုပိတ်ရက်တို့ကိုဆိုက်ရောက်လာခဲ့လေပီ။ မောင်နဲ့ အတူ ဒီရက်ပိုင်းတွေဟာ ကျောင်းသွားအတူ ဆိုပေမဲ့ ပြန်တဲ့အခါ ဘေးနား မောင်မပါခဲ့တော့။အဂ္ဂက ကျောင်းပြိုင်ပွဲရဲ့ လေ့ကျင့်ချိန်မတူတာတွေကိုအကြောင်းပြပီး အခုဆို မောင့်ကို အပြန်တိုင်းလိုက်ပို့သည်။မောင့်အမေ တီပိုနဲ့တောင် ရင်းနှီးနေကြသည်။ကြိုးချင်းထားတော့ ကြိုးချင်းငြိ၊ကြာလာရင် မောင်က အဂ္ဂအပေါ် ငြိတွယ်သွားတော့မည်။ စိတ်ထားနူးညံ့တဲ့မောင့်ကို အဂ္ဂက အရောင်တွေဆိုးတော့မှာ ရိပ်မိသည်။ ဒါတွေကို မောင်တကယ်မသိတာလား၊ မသိဟန်ဆောင်နေတာလား။ ဒါမှမဟုတ် မောင်ကများအဂ္ဂကို
အာ ! မဟုတ်ဘူး မဟုတ်လောက်ပါဘူး။

"ရှိုင်း ! ငါ့ကိုမလွှတ်နဲ့နော်၊ ရှိုင်း ရှိုင်း ! ဟင် ဘယ်ကျန်ခဲ့တာလဲ ! ရှိုင်း ရေ ကယ်ပါအုံး "

အမှန်ပြောရရင် မောင် စက်ဘီးမစီးတတ်။ ငယ်ငယ်ကတည်းက အိမ်ကပိုက်ဆံကျပ်တည်းခဲ့တာမို့ အမေ့ကိုလဲ မပူဆာရက်ခဲ့တာကတစ်ကြောင်း ကိုယ်တိုင်ကလဲ မစီးရဲသည်မို့ သင်လဲမသင်ဖြစ်ခဲ့။ ငယ်ငယ်ကတည်းက ရှိုင်း ဘဲ တင်နင်းနေရတာမို့ ဒီ၀ါဆိုပိတ်ရက်‌‌တော့စက်ဘီးစီးသင်ဖို့ကိုအားခဲထားခဲ့သည်။အခုတော့ အတင်းနားပူနားဆာ လုပ်လိုက်မိတာ မှားပီလားမသိ။ နှစ်ယောက်သား ရပ်ကွက်ထဲ စက်ဘီးစီးသင်ထွက်လာခဲ့ကြကာ နောက်ကနေမလွှတ်ဖို့ အကြိမ်ကြိမ်သတိပေးနေတာကို အခုလှည့်ကြည့်တော့လူကမရှိတော့။ရှေ့မှာလဲအကွေ့၊ ဖြစ်ချင်ရာဖြစ် အကွေ့ကို မျက်စိစုံမှိတ်ပီး ကွေ့ချလိုက်မိသည်နှင့် မမျှော်လင့်သည်က ဖြစ်လာတော့သည်။

"ဟာ ဟာ ဟေ့လူ ဟေ့လူ! ဘရိတ်အုပ်လေ"

"ဖယ် ဖယ် ဘေးကို အမလေး "

"ကျွီ ဒုန်း အုန်း "

"အွင့်"

ရှေ့ကဘွားခနဲ့ပေါ်လာတဲ့လူကို သတိမမူဘဲဝင်တိုက်မိတာကြောင့် စက်ဘီးကတစ်ခြား လွှင့်စင်သွားရကာ လူက တစ်ယောက်ယောက်လှန်းဆွဲပွေ့ခံလိုက်ရတာကြောင့် ကိုယ်ထည်တစ်ခုပေါ် ပစ်လှဲကျသွားတာတော့ ခံစားမိရသည်။ တစ်ဆက်တည်း ခံစားမိလိုက်ရသေးတာက မောင့်နှုတ်ခမ်းသားတွေ နွေးထွေးသွားတာကိုပါဘဲ။ ဦးနှောက်အသိအာရုံကြောတွေက မျက်လုံးတွေဖွင့်ကြည့်ခိုင်းတော့ ပထမဆုံး နီးနီးကပ်ကပ်မြင်လိုက်ရတာက မျက်စံနက်စွေးစွေးတွေကို ဖုံးလိုက် ဖယ်လိုက်လုပ်နေတဲ့ မျက်တောင်တိုတိုလေးတွေနဲ့ မျက်ခုံးမွှေးထူထူတွေပါဘဲ ။မြင်ကွင်းရှေ့က အစိတ်ပိုင်းလေးဟာ ပန်းချီတစ်ချပ်လိုအပြစ်ဆိုဖွယ်မရှိရက်။လောဘတိုးပီးအပေါ်ထပ်ကြည့်မိတော့ နဖူးပြင်ကျယ်ကျယ်ပေါ်ကျနေတဲ့ ဟိုတစ်စ ဒီတစ်စ ဆံပင်နက်မှောင်မှောင်လေးတွေ ၊တဖန်အောက်လျှောကြည့်မိတော့ နှာတံရှည်ရှည်လေးထိပ်က နှာခေါင်းလုံးလုံးလေး၊ နောက် အောက်ထပ်တိုးကြည့်မယ်လုပ်တော့ ဘုရားရေ နှုတ်ခမ်းတွေနွေးနေတာဒါကြောင့်လား။ နှုတ်ခမ်းလွှာတို့ ထိစပ်နေကြသည်။
တစ်ခဏ! အဲ့ တစ်ခဏလေးမှာတောင် ကျွန်တော့် နှလုံးခုန်နေတဲ့ အကြိမ်ရေသည် ကမောက်ကမဖြစ်လာရကာ မောဟိုက်လာရ၏။ဒါက စက်ဘီးလဲသွားလို့ကြောက်အားကြီးပီးခုန်နေသလား ဒါမှမဟုတ် လူတစ်ယောက်နှုတ်ခမ်းတွေကို ပထမဆုံးထိမိသွားလို့ ပူထူပီးများလား ကျွန်တော် ရေရေရာရာမသိတတ်ချေ။သေချာသည်က မောင့်ရင်ထဲမှာ တစ်မျိုးတစ်မည် လှုပ်နိုးခံနေရသည်မို့ ခြေဖျားလက်ဖျားများကတော့ အေးစက်စက်ဖြစ်နေလိမ့်မည်။

"မျဉ်းပြိုင်တို့၏အဆုံး" 🍁{Completed}Donde viven las historias. Descúbrelo ahora