🍁🍁🍁
ပါကေးကြမ်းခင်းပေါ်ပြန့်ကျဲနေတဲ့ ဘီယာဘူးခွံတွေကြားမှာ shirt အင်္ကျီကိုရင်ဘက်ခွဲကာ အတွင်းခံတစ်ထည်တည်းကိုသာဝတ်ထားပီးပစ်စလက်ခတ်ထိုင်နေတဲ့ ရှိုင်း တစ်ယောက် လက်ထဲမှလက်ကျန်ဘီယာဘူးကို မော့သောက်ရင်း မျက်ဝန်းအိမ်က ဝေ့သီနေတဲ့ မျက်ရည်စတို့ကို လက်ဖမိုးဖြင့်သာသုတ်ပစ်နေတော့သည်။
နာရီလက်တံတွေ တစ်ရွေ့ရွေ့သွားနေပီး သန်းခေါင်ယံချိန်ရောက်လာတာတောင် မောင့်အခန်းလေးဆီ ရှိုင်း ကကျောပေးထားတုန်းပါဘဲ။ နေ့လည်ကကျမောင့်ကို သူကြမ်းချင်တိုင်း ကြမ်းရမ်းထားပီး သူမဟုတ်သလို အခုထိမောင့်ကို စိတ်ဆိုးနေတာ။မောင် မကြိုက်ပါဘူးဆိုတဲ့ မူးယစ်သေစာတွေတောင် သောက်ရတဲ့အထိ ရှိုင်း ဘာတွေဖြစ်လာတာလဲ။
"ရှိုင်း ! မောင့်ကို ဘာစိတ်ဆိုးနေလဲ၊ ဒေါသထွက်နေလဲ မောင်မသိပေမဲ့ ရှိုင်း အဲ့လိုကြီးတော့မနေပါနဲ့ နော် ! နေမကောင်းဖြစ်မှာမို့ပါ တော်ပါတော့နော် မသောက်ပါနဲ့တော့၊ မောင့်ကိုဘာမကျေနပ်လဲ ဟင် ! ရှိုင်း ကျေနပ်တဲ့အထိ မောင်ချော့ပါ့မယ် တောင်းပန်ပါ့မယ် ! မောင့်ကိုတော့ စကားပြောပါနော် "
"မောင် !
ရှိုင်းကအခုထိ နံရံကိုသာ ငေးငေးဆွေးဆွေးဖြင့်ကြည့်ရင်း တိုးလျအက်ကွဲနေတဲ့အသံတို့ဖြင့် မောင့်ကို နင့်နင့်သီးသီး ခေါ်ပါတယ်။
"မောင် သိလား! ကိုယ့်ရဲ့ ပျော်ရွှင်ခြင်း၊ဝမ်းနည်းခြင်း၊ဒေါသထွက်ခြင်း ဆိုတဲ့ အာရုံခံစားမှုတွေအကုန်လုံးကလေ မောင်ကနေဘဲဖြစ်တည်လာတာ။ကိုယ်ဒေါသထွက်ရလဲ မောင့်ကြောင့်၊ပျော်ရလဲ မောင့်ကြောင့်၊ဝမ်းနည်းပီးမျက်ရည်ကျရလဲ မောင့်ကြောင့်ပါဘဲ၊ ဒီလိုအာရုံခံစားမှုအားလုံးတွေ ဖြစ်တည်လာတာဟာ အားလုံးမောင့်ကြောင့်ပါဘဲကွာ "
"ရှိုင်း"
ရှိုင်း ထိုင်နေတဲ့ဘေးနားဒူးတုပ်ထိုင်လိုက်ပီး ရှိုင်း လက်မောင်းကအင်္ကျီစလေးကို ဆွဲကာ ခေါ်တော့ မောင့်ကို မျက်ခုံးတန်းလေးတွန့်ချိုးထားပီးမျက်ရည်စတို့ဝေ့သီနေတဲ့မျက်ဝန်းလေးတွေနဲ့ တစ်ချက်ကြည့်လာပါတယ်။
YOU ARE READING
"မျဉ်းပြိုင်တို့၏အဆုံး" 🍁{Completed}
Romanceနေခြည်ထွေးပွေ့ပေးမှ ပွင့်ရမဲ့ပန်းတွေအများကြီးရှိတယ်မောင် အဲ့ဒီထဲကမှ ကိုယ်က နေကြာပန်း၊ နေခြည်ရှိတဲ့ဘက်ကို အမြဲ ဦးညွှတ်ခစားနေမဲ့ နေကြာပန်း🍁 🍁Started on - July 2022🍁 🍁Ending - November 2022🍁