🍁🍁🍁
" ဟွန်း ! နင်သိပီးတာဘဲ ဘာလို့လာမေးနေသေးလဲ"
ခြူးမေမောင်တစ်ယောက် social media ပေါ်မှ ဓာတ်ပုံတစ်ချို့ကိုမြင်၍ဒေါသထွက်ရခြင်းပင်။
နွေးနွေးဟာ ဆေးကျောင်းစတတ်ကတည်းကမောင့်ကိုဆိုအမြဲစိတ်ဒုက္ခအပေးနိုင်ဆုံးလူ။ ပါးစပ်သရမ်းလွန်းလို့ ဆေးကျောင်းတတ်တဲ့အချိန်ကာလတွေတုန်းကဆို မောင်အမြဲ လူပြောခံရသည်။ အထင်လွဲခံရသည်။ဒီလိုတွေဖြစ်တိုင်း လဲ ရှိုင်းနဲ့သာအပီးသပ်ရတာချည်းပင်။"နင်ကလေ မစားရတဲ့အမဲ သဲနဲ့ပတ်ချင်နေတာ"
"နင်မမိုက်ရိုင်းနဲ့ ခြူးမေမောင်! နင်သာ နှစ်ယောက်လုံးနဲ့ ပလူးပလဲနေချင်လို့ ဘေးနားကတောင်မခွာဘူးမို့လား"
"ငါတို့ဖြူစင်တာ ငါတို့သိတယ် နွေးနွေး !အေးပေါ့ နင့်လိုလူကဘယ်သိပါ့မလဲဒီလိုသူငယ်ချင်းချစ်ခြင်းမေတ္တာတွေကို ၊လူကအကျင့်မှမကောင်းတာ ဘယ်သူကအနားကြာကြာနေမှာ"
"နင်"
"အေး ဒါမဲ့ နောက်တစ်ခါ နင်ဒီလိုပေါက်ပန်းလေးဆယ်လျှောက်တင်ကြည့် ငါ့အဆိုးမဆိုနဲ့"
"ဟွန်း! ကောက်ရိုးပုံစောင့်တဲ့ခွေးမ"
"နင်"
ခြူးမေမောင်လက်တို့က နွေးနွေးပါးတစ်ဖက်ဆီသို့ လှမ်းရွယ်လိုက်ချိန်မှာတော့ လက်ကောက်ဝတ်မှလှမ်းဆွဲကာတားမြစ်ခံရပါတော့သည်။
"ခြူးခြူး! တော်တော့ မောင်ရိုးသားတာငါသိတယ် !အဲ့ပုံထဲကကိစ္စကလဲမတော်တဆဖြစ်တာဆိုတာ မမဒေစီ လဲပြောတယ်"
"ရှိုင်း"
"အစည်းအဝေး နောက်ကျနေမယ် သွားရအောင် ခြူးခြူး"
နွေးနွေးတစ်ယောက်ကတော့ မိမိမျက်နှာကိုတစ်ချက်တောင်လှည့်မကြည့်တဲ့ရှိုင်းကို လက်လှမ်းဆွဲမည်အလုပ်မှာတော့ ရှိုင်းတစ်ယောက်မှာခြူးမေမောင် လက်ကိုဆွဲကာခေါ်ဆောင်သွားသည့်မြင်ကွင်းကြောင့် လှမ်းလက်စလက်တို့ဟာ လေထုထဲတွင်သာ ရပ်တန့်လိုက်ရပါတော့သည်။
"တောက်!
>>>>>>
ဥက္ကဌအသစ်ရောက်၍ ပါမောက္ခချုပ်ဆရာဝန်များ၊ လက်ထောက်ဆရာဝန်များပါမကျန် အလုပ်သင်ဆရာဝန်လေးများ ၊သူနာပြုများအထိ လက်ချာခန်းတွင်စုဝေးစေကာ စောင့်ဆိုင်းခိုင်းထားပါ၏။ပါမောက္ခချုပ်ဆရာဝန်များက ဆုံလည်ထိုင်ခုံပေါ်တွင်ထိုင်ကာ သက်ဆိုင်ရာလက်ထောက်ဆရာဝန်များကတော့ ပါမောက္ခချုပ်ဆရာဝန်ကြီးများ၏နောက်တွင် တရိုတသေမတ်တတ်ရပ်နေကြသည်။ ဥက္ကဌမလာခင်ထိသူနာပြုလေးများကတော့ လက်လေးများပါးစပ်နားကွယ်ကာ တိုးတီးတိုးဆိတ်ဆွေးနွေးခန်းဝင်နေကြသည်မှာတော့ social mediaပေါ်၌ပျံ့နေသော မြင့်မြတ်သောမောင်နှင့်ခပ်ချောချောလူတစ်ယောက်၏ဓာတ်ပုံများ အကြောင်းပင်။
မကြာ အတွင်းရေးမှူးမလေးတစ်ယောက် စာရွက်စာတမ်းများကိုင်ဆောင်ကာ ဝင်လာတော့မှ တစ်ခန်းလုံးအပ်ကျသံမကြားရအောင် တိတ်ဆိတ်သွားရတော့၏။
YOU ARE READING
"မျဉ်းပြိုင်တို့၏အဆုံး" 🍁{Completed}
Romanceနေခြည်ထွေးပွေ့ပေးမှ ပွင့်ရမဲ့ပန်းတွေအများကြီးရှိတယ်မောင် အဲ့ဒီထဲကမှ ကိုယ်က နေကြာပန်း၊ နေခြည်ရှိတဲ့ဘက်ကို အမြဲ ဦးညွှတ်ခစားနေမဲ့ နေကြာပန်း🍁 🍁Started on - July 2022🍁 🍁Ending - November 2022🍁