part 17 🍁

5.1K 216 2
                                    

🍁🍁🍁

"ဟာကွာ! စောစောစီးစီး သွားပါပီ "

စိတ်ပျတ်လက်ပျတ် ခုတင်ပေါ်ကဆင်းကာ ရှိုင်းက သူ၏ဆံပင်တို့ကို လက်ငါးချောင်းနဲ့ထိုးခွဲပစ်သည်။

"ဟဟား ! မင်းလေ အဲ့ကြောင့်ဘာလို့အချိန်ဆွဲနေသေးလဲ ! နည်းတောင်နည်းသေး"

"အဟွန်း ! မောင်မှတ်ထား အတိုးနဲ့ပြန်ဆပ်ရမယ်မှတ်"

ပြန့်ကျဲနေအောင်ချွတ်ပစ်ထားတဲ့အဝတ်တွေကို အမြန်ကောက်ဝတ်ကာ အိမ်ရှေ့က အဆက်မပျတ်ဘဲလ်တီးနေတဲ့ အဖျတ်သမားများထံသာသူ အောင့်သက်သက် ပြေးလိုက်ရပါတော့၏။

"ကျွီ"

"တန် ဒန် ! surprise"

"ဟာ ခြူးခြူး ! နင်ဟာ ဖုန်းလဲကြိုမဆက်ဘူး"

လက်ထဲအထုတ်ပလုန်းများစွာဆွဲပီး နောက်မှယောကျ်ားလေးအဖော်တစ်ယောက်ပါခေါ်လာပုံထောက် ပိတ်ရက် ထမင်းချက်စားပီး ရုပ်ရှင်ကြည့်ဖို့ဖြစ်မည်။ ခြူးခြူးနဲ့မောင်က ကျွန်တော့်နောက်မှ ခင်ကြတယ်ဆိုပေမဲ့ တစ်ယောက်ကိုတစ်ယောက် အရမ်းတွယ်တာပီး ဆေးရုံမှာဆိုလဲအပြန်အလှန်စောင့်ရှောက်ကြ၏။ ပိတ်ရက်အချိန်တူရင် အမြဲအိမ်မှာ မုန့်လုပ်စားကြ၊ သရဲရုပ်ရှင်တွေကြည့်ကြရင်း ဒီလို မောင့်ရဲ့အရင်လိုပုံစံလေး၊ မောင်ရဲ့ ဘဝထဲ အဂ္ဂမောင် ဝင်မလာခင်ကပုံစံလေးကို ပြန်ရှာပေးခဲ့တာ ခြူးခြူးရဲ့ အကူညီတွေလဲ များစွာပါသည်ဆို မှန်သည်။

"ဟဲ့ ဟဲ့ ငေးနေလိုက်တာအေ! နင်က ငါတို့ကို အိမ်ထဲမခေါ်တော့ဘူးလား"

"အော် အေး ! sorry ; ဟား ဟား မေ့သွားတယ် "

"ဒါနဲ့ မောင်ရော ! မမြင်ပါ့လား"

" ရှိပါတယ်ဟာ ! အိပ်နေ...."

"ဟယ် မောင်.! ပြစမ်း ပြစမ်း ဒါဘယ်သူ့လက်ချက်လဲ ပြော !ဘယ်ခွေးပေါက်ကိုက်ခံထားရတာလဲ ဟမ်! မှန်းစမ်း ငါ့အထင် အိမ်မှာလဲ ခွေး မမွေးထားဘူးဆိုတော့ ကြည့်ရတာ..."

သူမ၏ မျက်လုံးများက ရှိုင်းထံ ဝေ့ကြည့်လိုက်ကာ....

"အာ ခြူးခြူး ! နင်ဟာ ဘယ်လိုဖြစ်နေလဲ"

အစလေးဘဲရှိသေးတဲ့ ချစ်ခရီးလေးမို့အရာမထင်လောက်ဘူးထင်ပီး T-shirt လေးဘဲ ပြန်ကောက်ဝတ်ပီးထွက်လာတာ မှားလေပီ။ လည်တိုင်ကအနီကွက်ရာကိုမြင်လို့ လိုက်စနေတဲ့ မိခြူးစကားတွေကြောင့် မလုံမလဲဖြစ်ကာ လက်ဖဝါးပြင်နဲ့ဂုတ်စပ်ကိုသာ နာနာပွတ်ရင်း ရေချိုးခန်းဆီသို့သာပြေးရတော့၏။

"မျဉ်းပြိုင်တို့၏အဆုံး" 🍁{Completed}Where stories live. Discover now