part 7 🍁

6.4K 244 0
                                    

🍁🍁🍁

(⚠️ဤအပိုင်းတွင် ညစ်ညမ်းအရေးသားများသုံးထားသည်ကြောင့် အသက်ပြည့်ပီးမှသာ ဖတ်ပါရန်)

9:00 pm

“ ပြောပါအုံး အဂ္ဂ! ငါ့သား တစ်ခါမှ ရန်မဖြစ်စဖူး ဖြစ်ခဲ့တဲ့အကြောင်းရင်းကို "

ဖေဖေသည် အရေးတစ်ခုခုဆိုလျှင် ခေါင်းအေးအေးထား စဉ်းစားတတ်သူပီပီ ဖူးရောင်နေသော ကျွန်တော့်၏မျက်နှာကို ကြည့်ကာ ဖေဖေမှာ အလွန် တည်ငြိမ်နေသလောက် မေမေသည် ယောက်ယက်ခက်နေရရှာသည်။

“အမလေးလေး! ကြည့်စမ်းပါအုံး မျက်နှာတစ်ခုလုံး ရောင်လို့ကိုင်းလို့၊ ဒါက ဘယ်ကအတတ်ကောင်းတွေတတ်လာတာလဲ အဂ္ဂရဲ့ "

ကျွန်တော့ လက်မောင်းက အင်္ကျီစကိုဆွဲကာဆွဲကာ လက်နဲ့ဖွဖွရိုက်ရင်း ရန်တွေ့နေတဲ့မေမေက တကယ် ဖေဖေပြောသလို ရန်မတွေ့တတ်ဘဲတွေ့နေတာ။

“ သားကျောင်းဆင်းပြန်တော့ (c) ခန်းက ကျောင်းသားတွေက လမ်းကနေစောင့်ပီး သားကိုအရင် ရန်စတာ ဖေဖေ! ပီးတော့ သူတို့က သားသူငယ်ချင်းကို မတော်တရော်တွေလဲပြောတယ်။ သားကမခံနိုင်လို့ပြန်ပြောတော့ သူတို့ကစ လက်ပါတာပါ၊  ပီးတော့သူတို့ကသုံးယောက်။
သားမမှားဘူးနော် ဖေဖေ! "

“ သားမှာ ရန်ဖြစ်ရလောက်တဲ့အထိကို ခင်ရတဲ့သူငယ်ချင်းရှိတယ်ပေါ့"

“ဟုတ် ဖေဖေ "

“ ဘယ်လိုဆိုဆို သား ! ဖေဖေ ရန်ဖြစ်တာမကြိုက်ဘူး ! သားတို့ ဘယ်လောက်ခင်ခင် ပြဿနာရှိလာရင် သက်ဆိုင်ရာ ဆရာ/ဆရာမတွေနဲ့ ဖြေရှင်းကွယ် "

“သား နောက်ဆို ဆင်ခြင်ပါ့မယ် "

“ကဲပါ ဖြစ်ပီးမှတော့ ကျောင်းသားမိဘတွေနဲ့ မနက်မှ အကောင်းဆုံးညှိနှိုင်းကြတာပေါ့ ! အခု သားဒဏ်ရာတွေ ဆေးထည့်ခိုင်းအုံး "

“လာ လာ ကျွန်"မကြီး ထည့်ပေးမယ် ! နောက်ကို ရန်ဖြစ်ကြည့်စမ်း မင်း ရန်ကုန်ပြန်ရမယ်မှတ်"

မေမေသည် မျက်နှာထန်ချင်ယောင်ပြုကာ အသံမမာဘဲ ကျွန်တော့်ကို ကြိမ်းသည်။

“မေမေကလဲ သားဘက်ကစတာမှမဟုတ်တာကို၊ ရန်ကုန်တော့ပြန်မပို့ပါနဲ့ မေမေရယ် ! နောက်မဖြစ်စေရပါဘူး ! နော် နော် နော်လို့ "

"မျဉ်းပြိုင်တို့၏အဆုံး" 🍁{Completed}Where stories live. Discover now