part 30 🍁

4.9K 210 10
                                    

🍁🍁🍁

"မောင် မပြေးပါနဲ့တော့ ကိုယ်နဲ့ပြန်လိုက်ခဲ့ပါကွာ ! မောင် မောင်"

"ဟင့်အင်း မလိုက်ဘူး ! ငါ မင်းကိုကြောက်တယ်  မလိုက်ဘူး ....မလိုက်ဘူး"

ပူလောင်စပ်ဖျဉ်းလှတဲ့ သဲမှုန်များနှင့် စူးရှချွန်ထက်လှသည့် ကျောက်စရစ်ခဲအမှုန်အမွှားများရောယှက်နေကြသည့် သောင်ပြင်တစ်လျှောက်မှာ ခြေဗလာအစုံဟာ ကျောက်စရစ်ခဲတို့၏ ထိုးဖောက်ဝင်ရောက်မှုဒဏ်ကြောင့် သွေးအလိမ်းလိမ်းပင်ထွက်လို့နေရသည်။ဟာလာဟင်းလင်းဖြစ်နေတဲ့ အရပ်ရှစ်မျက်နှာမှ တိုက်ခတ်လာသည့် လေပူများသည်လည်း မျက်နှာအထက်အလုအယက်တိုးတိုက်နေကြသည်ကြောင့် နပန်းစပ်မှစီးကျလာသောချွေးများသည် မောင့်ခန္ဓာကိုယ်တစ်ခုလုံးကို စိုရွဲစေရတော့သည်။ရင်အစုံမှာ နိမ့်ချည်မြင့်ချည်ဖြင့် လေကိုရှူရှိုက်နေသည်က ပါးစပ်မှဖြစ်၍ ရှူထုတ်နေရသည်က နှာခေါင်းမှပင်ဖြစ်လို့နေသည်အထိ မောဟိုက်နေပီ။ဒီသောင်ပြင်အဆုံးရောက်ရင်ရော မောင် ဘယ်ကိုထပ်ပြေးရအုံးမှာလဲ။ပင်ပန်းလွန်းနေပီ။ဘယ်အချိန်မှ ဒီလူ့လက်ထဲက အပီးတိုင်လွတ်မြောက်မှာလဲ။
နောက်ဘက်မှအော်သံတွေ မောင့်ကျောပြင်နဲ့ နီးကပ်လာသည်နှင့်အမျှ ခြေအစုံကို အရှိန်တင်ပြေးတဲ့အခါ ရှေ့၌အဆုံစမဲ့နေသော ရေပြင်ကျယ်။ နောက်ထပ် ခြေတစ်လှမ်းထပ်လှမ်းဖို့တောင် မြေပြင်ဟူ၍မရှိတော့ချေ။မောင် ရပ်နေရသည်က ချောက်ကမ်းပါးထိပ်စွန်း။ညာခြေကို ရှေ့သို့တစ်လှမ်း လျှောတိုက်လှမ်းလိုက်တဲ့အခါ ကျောက်စရစ်ခဲလေးများဟာ ချောက်ကမ်းပါးအောက်က ရေပြင်ကျယ်ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတိုက်ထိုးဆင်းသွားရတော့သည်။

"မောင် ! မောင့်အတွက် ကိုယ့်မှာတော့ အသက်ပါပေးဆပ်လိုက်ရတာလေ မောင်ရယ် ၊ ကိုယ့်ကိုမသနားဘူးလား ကိုယ်နဲ့လိုက်ခဲ့ပါကွာ နော်"

"ဟင့်အင်း မလိုက်ဘူး ! မလိုက်ဘူး... သွား.. ထွက်သွား "

ရှေ့မှ ရွေးချယ်စရာလမ်းဟူ၍မရှိတော့တဲ့ မောင့်အတွက် ကျောင်းဝတ်စုံ အဖြူအစိမ်းလေးနှင့် ၁၅ နှစ်အရွယ် အဂ္ဂမှ လက်တစ်ဖက်ကို ရှေ့ဆန့်ထုတ်ကမ်းပေးလျှက် မောင်နဲ့ နီးကပ်ဖို့ ခြေတစ်လှမ်းတိုးလာလိုက် မောင်က နောက်ဆုတ်လိုက်ဖြင့် နှစ်ယောက်ကြား အကွာအဝေးသည် ပို၍နီးကပ်လာတော့သည်။

"မျဉ်းပြိုင်တို့၏အဆုံး" 🍁{Completed}Where stories live. Discover now