part 36 🍁

4.6K 236 18
                                    

🍁🍁🍁

သုံးလခန့်ကြာပီးနောက်.....

"မောင် ! Duty ဆင်းတော့မယ်မို့လား"

"ဟင့်အင်း ခြူးခြူး! မောင် ရှိုင်းဆီသွားအုံးမယ်"

"ဖြစ်ပါ့မလား မောင်ရယ်! တော်ကြာ..."

ကျွန်မမျက်နှာကစိုးရိမ်မှုတွေကိုရိပ်ခနဲမြင်လိုက်ရတဲ့ မောင်က ခပ်ရေးရေးလေးကြိုးစားပြုံးပြတော့ ရင်ဘက်တွေလဲအောင့်လို့။
ကုန်လွန်ခဲ့တဲ့အချိန်ကာလတွေမှာ ရှိုင်းအတွက် မောင်အားတင်းပီး ရှင်သန်ခဲ့ရတာတွေကိုပြန်တွေးမိတိုင်း မောင့်ကိုသိပ်သနားသည်။အောင်အောင်မြင်မြင်ခွဲစိတ်ကုသပီးတာတောင် စက်ကရိယာတွေကြား အိပ်မြဲအိပ်နေတဲ့ ရှိုင်းကို စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီးနဲ့ ဦးမျိုးဆက်ရှိန်တို့ရဲ့အကြံပြုချက်အရ တစ်နေရာရာမှာပိတ်မိနေတဲ့ ရှိုင်းရဲ့စိတ်ဝိဉာဉ်ကိုပြန်ဆွဲခေါ်နိုင်ဖို့
မောင့်ခမျာ နည်းလမ်းမျိုးစုံသုံးပီး ကြိုးစားပေးခဲ့သည်။ကာလတစ်ခုဆီက ပျော်စရာကောင်းခဲ့တဲ့နှစ်ယောက်ရဲ့အမှတ်တရလေးတွေကို ရွေးထုတ်ပီး ရှိုင်းခုတင်ဘေး ပုံပြင်လေးတွေပြောသလိုပြန်ပြောပြတိုင်း ကျလာတဲ့မျက်ရည်စလေးတွေကို လက်မောင်းနဲ့ဖိဆွဲသုတ်ပစ်တဲ့
မောင့်ပုံစံလေးကို တံခါးအကွယ်ကနေခိုးကြည့်ခဲ့တိုင်း ယူကြုံးမရဖြစ်ခဲ့ရသည်။ဥက္ကဌကြီးမသိအောင်ခိုးကြောင်ခိုးဝှက်နဲ့ ပြုစုပေးရင်းဥက္ကဌကြီးနဲ့မိတဲ့နေ့တွေဆို လက်ကောက်ဝတ်တွေဖြစ်စေ ၊နှုတ်ခမ်းတို့မှာဖြစ်စေ ဒဏ်ရာတစ်ခုမဟုတ်တစ်ခုပါလာမြဲ။ဒီလိုဆိုတိုင်းလဲ လက်မလျော့ဘဲ ရှိုင်းဆီကို တစ်နေ့တစ်ခေါက် လာကြည့်ဖြစ်အောင်ကြည့်ရှာသည်။ဒဏ်ရာလေးတွေပါလာတိုင်း
မောင့်ကို ရိုက်ခံရသလားလဲ ကျွန်မတို့မမေးရက်ခဲ့သလို ၊ ယနေ့ချိန်ထိ ကျွန်မမသိသေးတဲ့ အမျိုးသားတစ်ဦးအကြောင်းကိုလဲ ကျွန်မ မောင့်ကို မမေးဖြစ်ခဲ့သည်မှာ ယခုထိပင်။
မောင့်အပြုမူတွေအပေါ်မှာသာ အလိုက်တသိ
စီးမြောပေးရင်း ကျွန်မတို့အားလုံး မောင့်ကို ဖေးမပေးခဲ့ကြသည်။သေချာသည်ကတော့ ယခုချိန်ထိ မောင်တို့အိမ်ထောင်ရေးလဲ သာယာမှုဟူ၍ မြူတစ်မှုန်မျှရှိမည်မထင်။

"မျဉ်းပြိုင်တို့၏အဆုံး" 🍁{Completed}Where stories live. Discover now