🍁🍁🍁
ပုံမှန်အခြေအနေမဟုတ်တဲ့ အတ္တ ရောက်ရှိလာမှုနှင့် ပုံမှန်ဆက်နေကျအချိန်တွေကလွဲရင်ခေါ်နေကျမဟုတ်တဲ့ တီအေးရဲ့ ဖုန်းcall တွေဟာ မောင့်ရဲ့ ရင်အစုံကို နိမ့်ချည်မြင့်ချည်ဖြစ်စေခဲ့ပါတယ်။နောက်ထပ်နှစ်ကြိမ်မြောက်ဝင်လာတဲ့ တီအေးဖုန်းကို ဖြေဖို့ရာအားယူနေရှာတဲ့ ရှိုင်းမျက်နှာမှာလဲ ပုံသဏ္ဍာန်အမျိုးမျိုးပြောင်းလဲဖြစ်ထွန်းနေတာပါဘဲ။ထိုအခိုက် မောင့်မျက်ဝန်းတွေ အတ္တဆီကို တစ်ချက်ဝေ့ကြည့်မိတဲ့အခါ စူးရဲခတ်ထန်နေတဲ့အကြည့်တွေ၊ဒါက သေချာပေါက် မောင့်ကို ကြိမ်းနေတာ။
"ဟုတ် အမေ!
တခဏကြာသည်အထိ တစ်ဖက်မှ တီအေးရဲ့စကားတွေကိုငြိမ်သတ်စွာနားထောင်နေတဲ့ ရှိုင်းမျက်ဝန်းတွေ ဝိုင်းစက်သွားတော့ ဆုပ်ကိုင်ထားတဲ့ရှိုင်းလက်ကလေးကိုတစ်ချက်ဖိညှစ်လိုက်ခြင်းနဲ့အတူ နှုတ်ဖျားမှ ရှိုင်း နာမည်လေးကိုပါ တီးတိုးခေါ်လိုက်မိတော့သည်။
"ဒီလိုဗျ ! ဒေါ်ပိုပိုဆိုတဲ့အမျိုးသမီးက ဖေဖေ့ရဲ့ အမည်ပေါက်ပိုင်ဆိုင်မှုတွေကို အမည်ပြောင်းလဲပြင်ဆင်ပီးသိမ်းယူဖို့ကြိုးစားနေလို့ပါ၊ ဆွေမျိုးသားချင်းမတော်စပ်ဘဲ အမည်ပေါက်ပြောင်းလဲပြင်ဆင်တာဆိုတော့ ဘယ်စွဲချက်တွေနဲ့များ အမှုဖွင့်လို့ရမလဲ ကိုဇော်ဂျွန်"
တစ်ဖန် ခပ်လှမ်းလှမ်းမှ လှိုက်ထွက်လာတဲ့ အတ္တရဲ့စကားတွေထဲက နာမ်လေးတစ်ခုကိုကြားလိုက်ရတော့ မောင်တို့လေးယောက်လုံးရဲ့ အကြည့်တွေဟာ အတ္တဆီသို့ ပြိုင်တူကျရောက်သွားတော့သည်။ဒါကိုသတိထားမိသွားတဲ့ အတ္တ သည်လဲ ရှေ့နေရဲ့ မျက်လုံးတွေကို ကျော်လွန်ကာ မှေးစင်းထားတဲ့သူ၏မျက်လုံးတွေကို ရှိုင်းတစ်ဦးတည်းဆီကိုဘဲ ချိန်ရွယ်လိုက်သည်။တစ်ပါတည်း သူ၏ ပါးစောင်တစ်ဖက်ကို လျှာနဲ့ထိုးကလော်လိုက်ပီး မျက်ခုံးတန်းတို့အပေါ်တစ်ချက်ပင့်တင်ပြလိုက်ခြင်းနဲ့အတူ နှုတ်ခမ်းထောင့်စွန်းတစ်ဖက်ကိုပါ တစ်ပြိုင်နက်တည်းတွန့်ချိုးပြလိုက်၏။ ဒါက တမင် ရှိုင်းကို ဒေါသထွက်အောင် ဆွလိုက်တာ။
"တောက် ! မင်းအတ္တမောင် "
သွားကြိတ်သံနှင့်ကြိမ်းဝါးလိုက်တဲ့ ရှိုင်းက တီအေးနဲ့ ဆက်သွယ်ထားတဲ့ ဖုန်းလေးကိုရုတ်ခြည်းဖြတ်တောက်ပစ်လိုက်ပီး ကျိုးကြေမတတ်ဖိဆုပ်ထားတဲ့ လက်သီးဆုပ်တို့နဲ့အတူခြေလှမ်းကျဲတွေဟာ အတ္တဆီကို ဦးတည်တော့မှာမို့ ရှေ့မှ ဝင်ရပ်ကာ တားလိုက်ရတော့သည်။
YOU ARE READING
"မျဉ်းပြိုင်တို့၏အဆုံး" 🍁{Completed}
Romanceနေခြည်ထွေးပွေ့ပေးမှ ပွင့်ရမဲ့ပန်းတွေအများကြီးရှိတယ်မောင် အဲ့ဒီထဲကမှ ကိုယ်က နေကြာပန်း၊ နေခြည်ရှိတဲ့ဘက်ကို အမြဲ ဦးညွှတ်ခစားနေမဲ့ နေကြာပန်း🍁 🍁Started on - July 2022🍁 🍁Ending - November 2022🍁