part 20 🍁

5.1K 208 1
                                    

🍁🍁🍁

တိတ်ဆိတ်ညိမ်သက်နေတဲ့အခန်းလေးထဲမှာ မောင်ကြားနေရသည်က တစ်စက္ကန့်ကိုအကြိမ်ပေါင်းမရေတွက်နိုင်အောင်ကိုခုန်နေတဲ့ မောင်ရဲ့နှလုံးခုန်သံတွေကိုပင်။ ဒီကောင်လေးက ဒီလိုမျိုးကောင်းကောင်းကြီးပြင်းလာခဲ့တာဘဲ။ စတွေ့ဖူးတုန်းကဂျစ်ကန်ကန်ကောင်းလေးကအခုများတော့ တည်ကြည်ရင့်ကျက်ပီးလူကြီးလူကောင်းဆန်နေလိုက်တာများ။

"မောင် !ကိုယ့်ကိုအကြွေးတွေဆပ်ဖို့ရှိတယ်နော်"

မောင်တဲ့လား၊ တရင်းတနှီးကိုမောင်လို့ခေါ်ခံလိုက်ရတာ။ ဦးမျိုးဆက်ရှိန်နဲ့ရှိတုန်းကလို ဩဇာအာဏာတည်နေတဲ့မျက်နှာထားမျိုးဟာ ချက်ချင်းနူးညံ့နွေးထွေးတဲ့မျက်နှာမျိုးကိုပြောင်းပီးကို မောင်လို့အခေါ်ခံလိုက်ရတာ။

"ဘာလဲ !မမှတ်မိဘူးလို့တော့မပြောဘူးမို့လား"

"........."

မောင်မရဲတရဲသူ့မျက်ဝန်းလေးတွေဆီကြည့်မိတော့ အပြုံးလေးတွေနဲ့ ရွှန်းလဲ့ဝေဆာနေလိုက်တာများ။

"အဟွန်း ! မောင်ကတကယ် အူတူတူနဲ့၊လွန်ခဲ့တဲ့ ကိုးနှစ်ကျော်ဆယ်နှစ်နီးပါးလောက်က မောင်ကိုယ်ရဲ့ first kissကိုယူဖူးတယ်လေ။ ပီးတော့ဟိုနေ့က မောင်ကိုယ့်ဆီကခွင့်ပြုချက်မရဘဲ ကိုယ့်ကိုထိပါးသေးတယ်"

မောင့်ကိုယ်လေးသိမ့်ခနဲ့တစ်ချက်တုန်သွားရသည်မှာ။ သူမှတ်မိတယ်၊ မောင်တို့စတွေ့တုန်းကအကြောင်းတွေသူမှတ်မိနေသေးတာပေါ့။ ထပ်တွေ့မယ်ဆိုတဲ့စကားကိုသာမန်ကာလျှံကာလောက်သာပြောသွားတဲ့စကားတွေလို့ထင်ခဲ့တာ။

"ဟို  ဟို "

"မကြောက်ပါနဲ့ကွာ ! ကိုယ်အခုမတောင်းပါဘူး ကိုယ်တို့ကရှေ့လျှောက်အများကြီးပတ်သက်ရအုံးမှာမို့ ဖြည်းဖြည်းမှပြန်တောင်းမယ်။ မောင်သိအောင်ကြိုသတိပေးထားတာ"

"ဟို "

"မောင် အလုပ်ရှိသေးတယ်မို့လား သွားလေ !
မနက်ဖြန်ကျ ကိုယ်အိမ်လာခေါ်မယ်၊ ပီးရင်မေမေနဲ့မိတ်ဆက်ပေးမယ်"

"ဟို ရပါတယ် ကျွန်တော် ကိုယ့်ဘာသာဘဲ လာခဲ့ပါ့မယ် အိမ်လိပ်စာဘဲပေး..."

"မျဉ်းပြိုင်တို့၏အဆုံး" 🍁{Completed}Onde histórias criam vida. Descubra agora