part 15 🍁

5.6K 233 17
                                    

🍁🍁🍁

"ဟာ ! မောင် မောင် မလုပ်ရဘူးနော် "

"မင်း အနားမကပ်လာနဲ့ ! ဒီမှာတွေ့လား ငါ သက်သေလိုက်မှာနော်"

" ကိုယ်မလာဘူး ကိုယ်မလာဘူးမို့ မောင် စိတ်အေးအေးထားပါအုံး"

အဂ္ဂက သူ၏ဆံနွယ်တို့ကို နောက်သို့ ထိုးတင်လိုက်ကာ ယောက်ယက်ခက်သွားသည်။

" အဟွန်း ! မင်းသိလား အဂ္ဂ ၊လူတွေက အစရှိ အနောင်နောင်တဲ့၊ တစ်ခါလေးများလက်ရဲဇက်ရဲလုပ်ဖူးသွားရင် နောင်လဲ လက်ရွံ့နေကြမှာမဟုတ်ဘူး။မင်းလိုဘဲပေါ့ ပထမတစ်ခါကျ မင်းအိမ်မှာ မူးနေလို့ပါဆိုပီး ငါ့ကိုအတင်းအဓမ္မအနိုင်ကျင့်တယ်၊ အခုတစ်ခါ ငါ့အိမ်ပေါ်ထိကို တတ်ပီးအနိုင်ကျင့်တာ၊ နောက်ဆို မင်း လူ့ရှေ့တောင်ရှောင်ပါတော့မလား ဟမ်! ငါကြောက်တယ် အဂ္ဂ !ငါမင်းကို ရွံကြောက်ကြီးကိုဖြစ်နေပီ "

"မောင်"

"မကပ်လာနဲ့လို့ပြောနေတယ်နော်! ငါ့ကိုမလုပ်ရဲဘူးမထင်နဲ့"

ထပ်ပီး မောင့်နားကို တိုးကပ်လာဖို့ ကြံရွယ်နေတဲ့အဂ္ဂခြေလှမ်းတွေကို တားဖို့ရာ ဓားကိုင်ထားတဲ့လက်အား လည်ပင်းပေါ်သို့ တစ်ချက် အားပါပါ ဖိနှိပ်မိလိုက်သည်။

"ဟုတ်ပီ ဟုတ်ပီ ကိုယ်မလာဘူး !ကိုယ်မလာဘူးမို့ မောင်ဓားကိုချထားပါကွာ"

"ငါဘာလို့လေ ရှိုင်းကလွဲပီး ခင်တဲ့သူ သိပ်မရှိလဲ မင်းသိလား၊ ငါ့ကို ပတ်ဝန်းကျင်ကရော ကျောင်းကလူတော်တော်များများကပါ ပြောကြတယ်၊ ရုပ်လေးဗန်းပြပီး မိန်းကလေးတွေရော ယောကျာ်းလေးတွေပါမကျန် မြူဆွယ်တယ်၊ ဖြားယောင်းတယ်၊ ပွေတယ် ၊ယောကျာ်းတကာနဲ့ ပလူးပလဲနေတယ်။ အဖေတူသား အဖေလိုဘဲAIDS နဲ့သေမဲ့ကောင်တဲ့။
ဒီလိုတွေလေ ! ဒီလိုတွေ ပြောကြတာတောင်မှ ငါဂရုမစိုက်ဘဲ မင်းကိုတော့ ရှိုင်း နီးတူခင်ခဲ့မိတယ်၊ သံယောဇဉ်ရှိခဲ့တယ်။ ငါ့အမေတောင် မင်းကို ချစ်ပေးခဲ့ပါတယ်။ ငါကလေ ဘယ်ယောကျ်ားတွေအများကြီးချစ်တာမှလဲ မလိုချင်သလို ဘယ်မိန်းမတွေရဲ့ အချစ်မှလဲ ငါမလိုပါဘူး။ ငါ့ဘဝလေးမှာ အမေရယ် ဘကြီးရယ် ရှိုင်းနဲ့ မင်းရယ် ဒါတွေနဲ့ဘဲလုံလောက်ပြီးပြည့်စုံနေတာ မင်းသိလား။ တခဏလေးဆိုပေမဲ့ မင်းကိုတော့ ငါခင်မင်ချင်ခဲ့မိတယ်၊ခင်မင်ခဲ့တဲ့တစ်လျှောက်လုံးလဲ သံယောဇဉ်တွေနဲ့ပါချည်ပီးဖြူဖြူစင်စင်ခင်ခဲ့တာပါ။ ဒါတွေကိုမှ မင်းမထောက် မင်းစိတ်ဆန္ဒတစ်ခုထဲနဲ့ ငါတို့သံယောဇဉ်တွေကို တစ်ခဏအတွင်း ဖျတ်စီးပြစ်တယ်"

"မျဉ်းပြိုင်တို့၏အဆုံး" 🍁{Completed}Nơi câu chuyện tồn tại. Hãy khám phá bây giờ