part 18 🍁

5K 215 7
                                    

🍁🍁🍁

(⚠️ဤအပိုင်းတွင် အိပ်ရာပေါ်ကအသုံးများပါသည်ကြောင့် အသက်ပြည့်ပီးမှသာ ဖတ်ပါရန်)

မန္တလေးရဲ့ဆောင်းရာသီဟာ ယခုလိုအေးစိမ့်စိမ့်ရှိတတ်ပါသည်လား။ကုန်လွန်ခဲ့တဲ့ နှစ်တွေမှာ ကိုကိုနဲ့ဆောင်းတွင်းရောက်တိုင်း ပြင်ဦးလွင်သို့ မိသားစုခရီးထွက်ချိန်ဆို အပြန်မန္တလေးဆင်းလည်ဖြစ်တိုင်း ဒီလိုအအေးဓာတ်ရှိတဲ့ဆောင်းရာသီကိုမကြုံကြိုက်ဖူးသည်။ ဒီနှစ်တော့ထူးထူးခြားခြားအေးနေသလိုပင်။ ဆောင်းအစမှာကတည်းက မနက်အစောဆိုမြူခိုးတွေဝေလို့လာတာကို တစ်ခါတစ်ခါ condo အပေါ်ဆုံးထပ်ကနေမြင်ရတတ်သည်။ ကိုကိုမရှိတော့တဲ့နောက်ပိုင်း ဒါဟာမြန်မာပြည်ပေါ်ကိုပထမဆုံးအကြိမ်ခြေချခြင်းဖြစ်တာမို့ စိမ်းသက်နေတဲ့ပတ်ဝန်းကျင်နဲ့ အကျွမ်းတဝင်ရှိအောင်ရော ဆေးရုံဘက်လဲ ဆောက်လုပ်ပီးပါပီဆိုထဲက
မရောက်ဖူးတာမို့ ဧကရီဆေးရုံဘက်ထွက်လာခဲ့မိသည်။

" အစ်ကိုလေး ! ရောက်ပါပီ"

"အင်း"

မန်းလေးတောင်ခြေရဲ့ အရှေ့ဘက် ဧက50 ကျော် ကျယ်ဝန်းတဲ့မြေပေါ် "ဧကရီကျန်းမာရေးစင်တာ"ကြီးကို ဦးငယ်ရဲ့သူငယ်ချင်းဖြစ်သူ UK နိုင်ငံရဲ့အင်ဂျင်နီယာကျောင်းဆင်းဆွဲပေးထားတဲ့ design နဲ့ လှလှပပတည်ဆောက်ထားကာ main အဆောက်အဦးကို ဆယ်ထပ်ထိမြင့်ထားပီး အပေါ်ဆုံးထပ်ကို အလုပ်သင်ဆရာဝန်တွေအတွက် ပါမောက္ခချုပ်များနှင့် လက်ချာသင်ကြားဖို့အခန်းထားပီး အောက်ထပ်အဆင့်ဆင့်ကိုတော့ သက်ဆိုင်ရာဌာနတွေနဲ့ဆိုင်တဲ့ အခန်းတွေခွဲထားသည်။ ဘေးပတ်ပတ်လည်မှာ ကလေးအထူးကုခွဲစိတ်ခန်းလဲရှိတာမို့ ကလေးပန်းခြံ၊ ဆရာဝန်တွေအနားယူဖို့ ကော်ဖီ၊ အအေး ၊မုန့် မျိုးစုံစားလို့ရတဲ့ ဆိုင်လေးတွေပါ တည်ဆောက်ထားသေးသည်။နယ်ဝေးလူနာစောင့်များတည်းခိုလို့အဆင်ပြေရန်လဲ တည်းခိုဆောင်တွေကို စနစ်တကျစီစဉ်ပေးထားတာမို့ မန္တလေးရဲ့ service အကောင်းဆုံးဆေးရုံဟူ၍လဲနာမည်ကြီးသည်။ ဧကရီဆေးရုံမှာအလုပ်ရဖို့ဆို အလုပ်သင်ဆရာဝန်လေးများနှင့် ဆရာဝန်တော်တော်များများရဲ့အိမ်မက်ဆိုလဲမမှားပေ။ ဖေဖေနဲ့ ဘွားစီ ဆုံးပီးနောက်မှာ အမွေအားလုံးလက်လွှဲယူပီး စီးပွားရေးကို ကိုယ်တစ်ယောက်ထဲ ခေါင်းခံအုပ်ချုပ်နေရတာမို့ ဆေးရုံကိုတော့မေမေကဘဲတာဝန်ယူပီး အုပ်ချုပ်ခဲ့ပါတယ်။ တစ်ဖက်နိုင်ငံမှာ စီးပွားရေးနဲ့ဆိုင်တဲ့ ဘွဲ့ဒီဂရီအားလုံးယူပီး မြန်မာပြည်ပြန်လာတော့ မေမေ့ရဲ့ ကျန်းမာရေးအနားယူဖို့သင့်ပီမို့ ဆေးရုံကိုလက်လွှဲယူကာ ဥက္ကဌရာထူးနဲ့ မေမေက တာဝန်တွေလွှဲအပ်ပေးခဲ့ပြန်သည်။ ဆေးရုံကိုဆောက်ပီးတည်းက design လောက်သာမြင်ဖူးထားတာမို့ကတစ်ကြောင်း ကုန်လွန်ခဲ့တဲ့ နှစ်တွေတုန်းကတည်းက နေ့နေ့ညည လွမ်းနေခဲ့ရတဲ့ပုံရိပ်လေးတစ်ခုကို မြင်ချင်လွန်းလှပီမို့ "ဧကရီဆေးရုံ" ဘက်ကို လှည့်လာခဲ့သည်။ Information center ရောက်တော့ စာရွက်စာတမ်းတွေတစ်ပွေ့ကြီးနဲ့ လွမ်းနေရတဲ့ပုံရိပ်လေးကို လှမ်းမြင်ရပါပီ။ အနားကပ်ပီး နှုတ်ဆက်မည်အလုပ်မှာ မောင့်ရဲ့ထုံးစံအတိုင်း နမော်နမဲ့နဲ့ လှည့်ထွက်လိုက်တာမို့ လူကိုဝင်တိုက်တော့သည်။ ခန္ဓာကိုယ်သေးသေးလေးနဲ့ဝင်တိုက်တာမို့ ကျွန်တော့်လဲကျသွားဖို့လောက်အထိအားမပါပေမဲ့ စချင်တာနဲ့တမင်မောင့်ကိုယ်လေးပါ တစ်ခါတည်းဆွဲပွေ့ရင်း အောက်ကိုလှဲချလိုက်မိသည်။ ကိုယ့်အပေါ်ပစ်လှဲကျသွားလို့တစ်ခဏအံ့ဩမင်သတ်တာကို လက်ခံပေမဲ့ အခုက ခဏကြာသည်ထိကိုယ့်မျက်နှာကို စိုက်ကြည့်နေကာ လက်ညှိုးရဲရဲဖောင်းဖောင်းလေးနဲ့ မျက်ခုံးတန်းပေါ်ကို ဖွဖွရွရွ တို့ထိနေကာ မျက်ခုံးတန်းတွေပီးတော့ နှာတံပေါ် ၊အဲ့ကတစ်ဆင့် ကျွန်တော်ပိပိရိရိစေ့ထားတဲ့နှုတ်ခမ်းလွှာတို့ကိုပါမကျန် လက်ညှိုးလေးနဲ့ လာထိတွေ့နေသည်မို့ ထိချင်ရာထိ၊ ကိုင်ချင်ရာကိုင် နောင်တစ်ချိန်အကုန် မောင့်အပိုင်ဖြစ်လာမှာမို့ ထိပါစေဆိုပီး ခေါင်းအောက်လက်လျှိုဝင်ကာ စိမ်ပြေနပြေသာ လှဲအိပ်ပေးနေလိုက်သည်။

"မျဉ်းပြိုင်တို့၏အဆုံး" 🍁{Completed}Where stories live. Discover now