part 27 🍁

4.9K 210 19
                                    

🍁🍁🍁

(🔕ဤအပိုင်းတွင် ညစ်ညမ်းအရေးသားပါသည်ကြောင့် အသက်ပြည့်ပီးမှသာ ဖတ်ပါရန်)

မိုးရေစိုနေတဲ့ Shirt အင်္ကျီအဖြူလက်ရှည်လေးဟာ ရင်ဘက်ကကြယ်သီးတွေ ၊လက်ကောက်ဝတ်ကကြယ်သီးတွေ ဖြုတ်ခံထားရတာကြောင့် ရှိုင်း ကိုယ်ထည်ပေါ်မှာ ဖရိုဖရဲပါဘဲ။ ဖိနပ်တွေကရော ဘယ်ချွတ်ထားခဲ့တာမို့ ခြေဗလာဖြစ်နေရတာလဲ။

"ရှိုင်း ! "

မောင့်ကိုလှမ်းမြင်တော့ ရပ်တန့်သွားတဲ့ ခြေလှမ်းတွေ၊ မလာပါနဲ့ အဲ့နေရာမှာဘဲရပ်နေပါ မောင်ဘဲ လာခဲ့မယ်၊ နောက်ထပ် မင်းအနားရောက်ဖို့ လိုနေတဲ့ခြေလှမ်းတွေကို မောင်ကဘဲ ဖြည့်ပီး လျှောက်လှမ်းလာခဲ့မှာမို့။

"မောင်"

"ရှိုင်း "

ဆောင်းထားတဲ့ထီးလေးကို နှစ်ကိုယ်ကြားဝင်မရှုပ်စေချင်တာမို့ ဘေးပစ်လွှင့်ကာ မျက်စိရှေ့ကကောင်လေးကို နွေးနွေးထွေးထွေး ပွေ့ထားချင်ဇောနဲ့ ပြေးသွားတဲ့ ခြေလှမ်းတွေဟာ ရှိုင်းအနားကို မိုင်တိုတိုလေးနဲ့ ရောက်သွားတာပါဘဲ။ရှိသမျှ အားအင်အကုန်ထုတ်သုံးပီး ကျယ်ပြန့်တဲ့ရင်ခွင်ဆီ ခိုဝင်တော့ နောက်ကို ခြေနှစ်လှမ်းစာယိုင်သွားတဲ့ ရှိုင်း ခန္ဓာကိုယ်လေး။

"အဟင့် ဟင့် ဟင့် ! မင်းဘယ်တွေသွားနေတာလဲ ၊ မောင်စိတ်ပူနေတာရော မင်းသိရဲ့လား"

"မောင်"

"အဟင့် ဟင့် ဟင့်"

ခြေထောက်တွေကို မြေပြင်နဲ့လွတ်ထွက်သွားအောင်ကို ရှိုင်းက တင်းကျပ်နေအောင်ပြန်ထွေးပွေ့ထားတာ။ တစ်ဆက်တည်း ပခုံးပေါ် နွေးခနဲ ခံစားလိုက်ရတဲ့အသိ၊ ဒါက မိုးရေစက်တွေလို အေးနေတာမှမဟုတ်ဘဲ ၊မျက်ရည်စတွေဆိုတာ သိတာပေါ့ ၊အသံတိတ် မောင့်ပခုံးပေါ် မေးအပ်ပီး သူငိုနေတာ။

"မောင် ! ဒီနေ့လေ မောင်နဲ့ပတ်သက်ပီး ကိုယ်ဘာကို ထပ်ပီး အတည်ပြုလိုက်ရလဲ မောင်သိလား"

"ဘာကိုလဲ ဟင်"

ပခုံးပေါ်က မျက်နှာလေးကို ဆွဲယူကာ နွေးထွေးနေတဲ့လက်ဖဝါးပြင်တို့နဲ့ပွတ်သတ်ပေးတော့ ထပ်တူ မောင့်ပါးပြင်ဆီ ကျရောက်လာတဲ့ အေးစက်နေတဲ့ ရှိုင်း လက်ဖဝါးတစ်စုံ။

"မျဉ်းပြိုင်တို့၏အဆုံး" 🍁{Completed}Tahanan ng mga kuwento. Tumuklas ngayon